ဆို ရှယ်မီဒီယာဆိုတာက ဝေးနေတဲ့ လူတွေကို နီးစေတဲ့ ဆက်သွယ်ရေးအော်ပရေတာကြီးပါပဲ။ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရရှိစေသလို၊ တစ်ဖက်မှာလည်း ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ယခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းကတော့ မိမိတို့ရဲ့ ကလေးငယ်တွေ တစ်နေ့တာ လုပ်ရှားမှုတွေကို ဒီဆိုရှယ်မီဒီယာကို မတင်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဖခင် တစ်ဦးအကြောင်းပါပဲ။ ဒီလို သူ့ရဲ့ ကလေးငယ် တစ်နေတာ လှုပ်ရှားမှုတွေကို တင်ခဲ့လို့ ကလေးငယ်လေးကို ပြန်ပေးဆွဲမယ့် အနေအထားမျိုးဖြစ်ခဲ့ရတဲ့ ကိုယ့်တွေအကြောင်းနဲ့ နှိုင်းယှဉ်ပြီး အကြံပြုထားတာဖြစ်ပါတယ်။

ယခုလို အကြံပြုခဲ့တဲ့ ဖခင်တစ်ဦးရဲ့ နာမည်ကတော့ Ihsan လို့ခေါ်ပါတယ်။ သူဟာ ကလေးငယ်ရဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာပေါ်ကို အမြဲတင်လေ့ရှိပါတယ်။ သူ့အပြင် မိခင်ကလည်း အမြဲတမ်းတင်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မိဘ၊ ဆွေမျိုးတွေကို ကလေးငယ်ရဲ့ ပုံရိပ်တွေကို ပြသတာဖြစ်ပါတယ်။ ဒ့ါအပြင် ကျောင်းသွား ကျောင်းပြန်တဲ့ အချိန်တွေ၊ ဆော့ကစားတဲ့ အချိန်တွေ၊ ကလေးငယ်ကြိုက်တတ်တဲ့အရာတွေ ကလေးရဲ့ နာမည်နဲ့ ကျောင်းတွေ၊ အကျင့်စရိုက်လေးတွေ အားလုံးကို တင်ခဲ့ကြပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ Ihsan တို့ လင်မယား ၂ ယောက်လုံး ကလေးကို ကျောင်းသွားမကြိုခင်မှာဘဲ လူတစ်ဦးဟာ ကလေးရဲ့ ဖခင်ပါဆိုပြီး သူတို့ရဲ့ ကလေးငယ်ကို ကျောင်းလာကြိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆရာမက Ihsan ကို မြင်ဖူးနေတာကြောင့် ဖခင် မဟုတ်မှန်း သိလို့ မထည့်လိုက်ပါဘူး။ အဆိုပါ လူစိမ်းဟာလည်း ကျောင်းထဲကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလို အဖြစ်ပျက်ကြောင့် ကျောင်းသား မိဘတွေကို ကျောင်းက ခေါ်ယူပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ကလေးငယ်တွေရဲ့ ပုံတွေနဲ့ အချက်အလက်တွေကို မီဒီယာမှာ မတင်ဖို့ အထူးသတိပေးခဲ့ပါတယ်။ ဒီအကြောင်းလေးကို Ihsan က ဆိုရှယ်မီဒီယာမှာ ပြန်လည် မျှဝေပြီး ကလေးငယ်တွေရဲ့ ပုံရိပ်တွေနဲ့ အချက်အလက်တွေကို မတင်ဖို့ အကြံပြုခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ မိမိရဲ့ ကလေးငယ်တွေ အန္တရာယ်ကင်းဖို့ အတွက် Ihsan အကြံပြုချက်လေးကို အလေးအနက်ထားပြီး ရှောင်ကြဉ်ရအောင်နော်…။

Writer- ME(Shwe Yaung Lan)
Source : Ihsan Zainal