ဒီလေ့လာချက် က အတော်လေးပဲ ထူးခြားခဲ့တာဖြစ်ပါတယ်။ မိဘတွေနဲ့ ဆရာတွေအကြား ကျောင်းစာသင်ခန်း အသိုင်းအဝိုင်းတွေအထိ ရိုက်ခတ်သွားခဲ့တဲ့အထိ လွှမ်းမိုးလာတဲ့ တွေ့ရှိမှုလို့တောင် ဆိုနိုင်ပါတယ်။

ဒီ သတင်းကို BrightSide ဖျော်ဖြေရေး သတင်းဝက်ဘ်ဆိုက်မှာဖော်ပြသွားခဲ့တာဖြစ်ပြီး ကနေ ပရိသတ်ကြီးအတွက် တဆင့်ဘာသာပြန်ရေးသားတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။

ဒီလေ့လာမှုကို ယူကေမှာပြုလုပ်ခဲဲ့တာဖြစ်ပြီး ပညာရှင်တွေဟာ ကလေးဦးရေ ၁၈၀၀၀ အထိ ကို သူတို့ရဲ့မိခင်တွေပါ အပါအဝင် အချက်အလက် အသေးစိတ်စစ်တမ်းယူပြီး သုတေသနပြုလေ့လာခဲ့ကြတဲ့နောက်မိခင်တွေဟာ ထက်မြက်တဲ့ရင်သွေးကိုရရှိဖို့ အသက် ၃၀ ကျော်မှ ကလေးမွေးသင့်ကြောင်း အခုလို ရလာဒ်ထွက်ပေါ်လာတဲ့အထိ အတည်ပြုနိုင်ခဲ့တာပါ။

ပ ညာရှင်တွေ အဓိကထားလေ့လာခဲ့တာကတော့ မိခင်တွေရဲ့ ကလေးမွေးဖွားစဉ် အသက်အရွယ် နဲ့ သူတို့ရင်သွေးလေးတွေရဲ့ ဉာဏ်ရည်မြင့်မားမှု အကြား ဘယ်လိုဆက်နွယ်မှုတွေ ရှိနေသလဲဆိုတာကို ဇောင်းပေးစာတမ်းပြုစုခဲ့တာပါ။

လေ့လာမှုတွေအနေဲ့ ငါးနှစ်အရွယ်ကလေးတွေ နဲ့ ၁၆ နှစ်အရွယ် ကလေးတွေကို ဦးစားပေးလေ့လာသွားခဲ့တာပါ။ တွေ့ရှိချက်တွေက အံ့အားသင့်စရာကောင်းခဲ့တာက ဒီလိုပါ။

မိ ခင်တွေရဲ့ အသက် ၃၀ ကျော်အရွယ်မှာ ပထမဆုံး သားဦးအနေနဲ့ မွေးဖွားခဲ့တဲ့ ၅ နှစ်သားကလေးတွေဟာ မိခင်ဖြစ်သူ အသက် ၂၀ ကျော်အရွယ်မှာ သားဦးအနေနဲ့ မွေးဖွားခြင်းခံခဲ့ရတဲ့ ငါးနှစ်သားကလေးတွေထက် ဉာဏ်ရည်ပိုမြင့်ပြီး ပိုမိုထက်မြက်ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်အုပ်စုတွေထဲမှာ မိခင်ရဲ့ အသက် ၃၄ နဲ့ ၃၉ နှစ်အရွယ်အတွင်းမှာ မွေးဖွားခဲဲ့တဲ့ ဆယ်ကျော်သက်တွေဟာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ကြတယ်လို့ သိရှိရပြီး မိခင်ရဲ့အသက် ၃၀ နဲ့ ၃၄ နှစ်အရွယ်အတွင်းမှာ မွေးဖွားခဲဲ့တဲ့ ဆယ်ကျော်သက်တွေကတော့ ဒုတိယမြောက် ဉာဏ်ရည်အမြင့်ဆုံးဖြစ်ကြတယ်လို့လေ့လာ အတည်ပြုနိုင်ခဲ့ကြတာဖြစ်ပါတယ်။