unicode
တရက်တော့ မနက်ကထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်သောအခါ …
တရက်တော့ မနက်ကထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်သောအခါ …
အတွေ့အကြုံလေးမျှဝေပါရစေရှင့်
မေမေတို့ရေ …
ကျောင်းဖွင့်ခါနီးပြီဆိုတော့ သားငယ်သမီးငယ်တို့ ကျောင်းတက်ဖို့ လိုအပ်တာတွေ ဝယ်စုနေကြပြီပေါ့နှော်…
ကလေး ထမင်းဗူးဝယ်ရင် ပုံထဲက ဗူးမျိုးမဝယိမိပါစေနဲ့နှော်…
မနှစ်က ကျမသမီးအတွက် frozen တဗူး hello kitty တဗူး ဝယ်ပေးဖူးပါတယ် …
ဈေးလဲချို ချစ်စရာလေးမို့ ၂ ဗူး အလဲအလှယ်ထည့်ရင်း တလလောက်နေမှ သတိထားမိပါတယ် …
ဒုတိယ ပုံထဲမှာ ဝိုင်းပြထားတဲ့ အပေါက်ကလေးက အဖုံးရယ် အပေါ် ၂ ဆင့် ဖင်ဘက်မှာ ပါပါတယ် အဲဒီအပေါက်ကလေးက silicon လေးနဲ့ အုပ်ထားပေမယ့် မလုံပါဘူး…
အဲဒီအပေါက်ထဲကို ဟင်းရည်တွေရယ် .. ထမင်းဗူးဆေးတဲ့အခါ ဆပ်ပြာရည်တွေရယ် ဝင်ကုန်ပါတယ် ခါထုတ်လဲ တော်ရုံမထွက်ပါဘူး…
တပတ် လောက်ကြာတော့ အဲဒီအရည်တွေက အထဲမှာအောင်းပြီး ပိုးတွယ်လာပါတယ် …
ခါထုတ်လို့ ထွက်လာတဲ့ရေက ပုပ်စော် နံလာပါတယ် ရေနွေးနဲ့ ပြုတ်ဆေးလဲ အထဲဝင်သွားတဲ့ အရည်တွေက ပြန်မထွက်ပါဘူး…
တရက်တော့ မနက်ထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ …
မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်တော့ ပိုးကောင်(လောက်ကောင်လေးတွေ) ထွက်လာတာ ကြက်သီးတောင်ထမိပါတယ် …
အဲဒီအပေါက် နေရာကို ဓားနဲ့ ကလော်ကြည့်တော့ အထဲမှာ တော်တော်ကျယ်ပါတယ် …
မှိုတွေနဲ့ ညစ်ပတ် နံစော်နေပါတယ် အဲ့ဒီနေ့က စပြီး အဲ့ဒီဗူးတွေ ကိုယ်တိုင်လဲ မသုံးတော့သလို မေမေတို့ကိုလဲ လက်လှမ်းမှီသလောက် ပြောပြမိပါတယ် …
စေတနာသက်သက်မျှသာ