ရန္ ကုန္ တိုင္းအစိုးရ ဝယ္ယူခဲ့သည့္ ဘီလီယံ (၃၀)တန္မီးစက္ တစ္နာရီ ဆီဂါလံ (၁၇၀၀) နီးပါးကုန္…

၂ ၀၁၇ ခုႏွစ္က ေႏြရာသီလွ်ပ္စစ္ဓာတ္အား ျဖည့္ဆည္းေပးႏိုင္ရန္ ရန္ကုန္တိုင္း ေဒသႀကီးအတြက္ ဝယ္ယူခဲ့သည့္မီးစက္သည္ ပြင့္လင္းျမင္သာမႈမရွိဘဲ ကန႔္သတ္ တင္ဒါျဖင့္ ေခၚယူခဲ႔ျခင္းအျပင္ တစ္နာရီစမ္းသပ္ေမာင္းႏွင္လ်င္ ဆီဂါလံေပါင္း ၁၆၈၀ ကုန္က်သည္ဟု ရန္ကုန္စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကေဖာ္ျပခဲ့သည္။

ရန္ကုန္ တိုင္းစာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာကို တိုင္းစာရင္းစစ္ခ်ဳပ္ေဒၚခင္သန္းလွက ဇန္နဝါရီ ၈ ရက္ေန႔က က်င္းပသည့္ တိုင္းလႊတ္ေတာ္အစည္းအေဝးတြင္ လာေရာက္ရွင္းလင္းခဲ့သည္။

အဆိုပါအစီရင္ခံစာတြင္”25 MW Trailer Mounted Gas Trubine Generator Set(TM 2500) ဝယ္ယူရာတြင္ သမၼတ႐ုံးကၫႊန္ၾကားသည့္ တင္ဒါေ႐ြးခ်ယ္ျခင္းကို ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ရမည့္ဟုၫႊန္ၾကားခ်က္ကို ဆန္႕က်င္ၿပီးကန႔္သတ္ တင္ဒါျဖင့္ ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရေၾကာင္းဆိုသည္။

“ရန္ကုန္လႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝးမွာ ကြၽန္ေတာ္၏ၾကယ္ပြင့္ျပေမးခြန္း ျဖစ္သည့္ သီးသန္႔ရန္ပုံေငြ ဘီလီယံ(၃၀) မီးစက္ကိစၥက အစိုးရအဖြဲ႕မွ လာမေျဖခဲ့ပါ။ ယခုစာရင္းစစ္၏ အစီရင္ခံစာအရ သိလိုက္ရသည္ကေတာ့ စတင္ဝယ္ယူစဥ္ကပင္ ဥပေဒႏွင့္ အညီမေဆာင္႐ြက္ခဲ့ပါ။ ၿပီးေတာ့ ေၾကာက္ခမန္း လိလိပင္စက္ႀကီးက တစ္နာရီ ဖြင့္ရင္ စက္ဆီဂါလံ(၁၆၈၀) ကုန္ပါသည္ ဆိုဘဲခင္ဗ်ာ” ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။

အဆိုပါမီးစက္ႏွင့္ ပတ္သက္ၿပီး လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္ခ်ိန္တြင္ အက်ိဳးအျမတ္ရရွိႏိုင္ေသာ္လည္း ကုန္က်စရိတ္ျမင့္မားေသာေၾကာင့္ ေရရွည္တြင္ကုန္က်စ ရိတ္နည္းပါးသည့္နည္းလမ္း ရွာေဖြသင့္သည္ဟု တိုင္းစာရင္းစစ္ခ်ဳပ္က အႀကံျပဳထားသည္။

ေဇာ္ေဇာ္ထြန္း

Unicode

ရန် ကုန် တိုင်းအစိုးရ ဝယ်ယူခဲ့သည့် ဘီလီယံ (၃၀)တန်မီးစက် တစ်နာရီ ဆီဂါလံ (၁၇၀၀) နီးပါးကုန်…

၂ ၀၁၇ ခုနှစ်က နွေရာသီလျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွက် ဝယ်ယူခဲ့သည့်မီးစက်သည် ပွင့်လင်းမြင်သာမှုမရှိဘဲ ကန့်သတ် တင်ဒါဖြင့် ခေါ်ယူခဲ့ခြင်းအပြင် တစ်နာရီစမ်းသပ်မောင်းနှင်လျင် ဆီဂါလံပေါင်း ၁၆၈၀ ကုန်ကျသည်ဟု ရန်ကုန်စာရင်းစစ်ချုပ် အစီရင်ခံစာကဖော်ပြခဲ့သည်။

ရန်ကုန် တိုင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို တိုင်းစာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ဇန်နဝါရီ ၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် လာရောက်ရှင်းလင်းခဲ့သည်။

အဆိုပါအစီရင်ခံစာတွင်”25 MW Trailer Mounted Gas Trubine Generator Set(TM 2500) ဝယ်ယူရာတွင် သမ္မတရုံးကညွှန်ကြားသည့် တင်ဒါရွေးချယ်ခြင်းကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့်ဟုညွှန်ကြားချက်ကို ဆန့်ကျင်ပြီးကန့်သတ် တင်ဒါဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်းဆိုသည်။

“ရန်ကုန်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ ကျွန်တော်၏ကြယ်ပွင့်ပြမေးခွန်း ဖြစ်သည့် သီးသန့်ရန်ပုံငွေ ဘီလီယံ(၃၀) မီးစက်ကိစ္စက အစိုးရအဖွဲ့မှ လာမဖြေခဲ့ပါ။ ယခုစာရင်းစစ်၏ အစီရင်ခံစာအရ သိလိုက်ရသည်ကတော့ စတင်ဝယ်ယူစဉ်ကပင် ဥပဒေနှင့် အညီမဆောင်ရွက်ခဲ့ပါ။ ပြီးတော့ ကြောက်ခမန်း လိလိပင်စက်ကြီးက တစ်နာရီ ဖွင့်ရင် စက်ဆီဂါလံ(၁၆၈၀) ကုန်ပါသည် ဆိုဘဲခင်ဗျာ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

အဆိုပါမီးစက်နှင့် ပတ်သက်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်တွင် အကျိုးအမြတ်ရရှိနိုင်သော်လည်း ကုန်ကျစရိတ်မြင့်မားသောကြောင့် ရေရှည်တွင်ကုန်ကျစ ရိတ်နည်းပါးသည့်နည်းလမ်း ရှာဖွေသင့်သည်ဟု တိုင်းစာရင်းစစ်ချုပ်က အကြံပြုထားသည်။

ဇော်ဇော်ထွန်း