ယူ ကရိန်းလေကြောင်းလိုင်းက ကြေငြာချက်တစ်ခု ထုတ်ပြတ်ခဲ့ပြီး အီရန် လေပိုင်နက်ထဲမှာ ဘယ်တော့မှ ပျံသန်းတော့မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်….

ယူကရိန်း ခရီးသည်တင် လေယာဉ်ဟာ မည့်သည့် သတိပေးချက်ကိုမှ ကြိုတင်မရရှိပဲ ပစ်ချခံခဲ့ရတာ ဖြစ်တယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်….

တကယ်တော့ အီရန်အစိုးရအနေနဲ့ အလို အခြေနေမျိုးမှာ ( လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို အဆင်သင့် လုပ်ထားတဲ့ အခြေနေမျိုးမှာ ) အီရန် လေဆိပ်တွေကို ပိတ်ထားခဲ့သင့်တယ်လို့လည်း ပြစ်တင် ဝေဖန်လိုက်ပါတယ်…

အီရန်အစိုးရဟာ အဲလို သတိပေးထားတာ လုပ်ခဲ့မယ်ဆိုရင် ယူကရိန်းလေကြောင်းလိုင်းအနေနဲ့ အဲခရီးစဉ်ကို ဖျက်သိမ်းခဲ့မှာပါလို့ ဆိုခဲ့ပါတယ်…နှစ်နိုင်ငံ စစ်ရေးတင်းမာမှုဖြစ်စဉ်များတွင် လေယာဉ်ကွင်းများကို ပိတ်ဖြစ်ခဲ့သည့် သာဓကများရှိပြီး… ပြီးခဲ့သည့်နှစ်.. အိန္ဒိယ ပါကစ္စတန် စစ်ရေး တင်းမားမှု မြင့်တက်စဉ်က

ပါကစ္စတန်က လေဆိပ်အားလုံးကို ပိတ်ထားခဲ့တဲ့အပြင့် လေပိုင်နက်အပေါ် လေယာဉ်များ ဖြတ်သန်းသွားလာမှုကိုပါ ပိတ်ပင်ထားခဲ့ဖူးပါတယ်..

အရပ်ဖက်လေယာဉ်တွေကို မှားယွင်း ပစ်ခတ်မှုဟာ ၁၉၃၈ ခုနှစ် ဒုတိယအကြိမ် တရုတ် ဂျပန်စစ်ပွဲမှာ စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က တရုတ်လေကြောင်းလိုင်းကို ပစ်ခတ်ခဲ့ရပြီး လူ ၁၅ ယောက်သေဆုံးခဲ့ပါတယ်…၁၉၃၈ ကနေ ယနေ့ အချိန်ထိ အရပ်ဖက် လေယာဉ် ၃၅ စင်းကို ပစ်ချခဲ့ရပြီး ဖြစ်ပါတယ်…