မြန် မာနိုင်ငံ လူထုအစိုးရရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် အကြပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ အမေရိကန်အစိုးရအနေနှင့်တတ်နိုင်သမျှ ကူညီထောက်ပံ့သွားမည်၊ မြန်မာနိုင်ငံမှာ အမေရိကန်လုပ်ငန်းရှင်များ ၀င်ရောက်ရင်းနှီးမြုတ်နှံဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ တိုက်တွန်းနေကြောင်း အမေရိကန်သံအမတ်ကြီး ပြော
ရခိုင်ပြည်နယ် အကြပ်အတည်းများ ဖြေရှင်းနိုင်ရန် အမေရိကန်အစိုးရသည် တတ်နိုင်သမျှ ကူညီထောက်ပံ့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမစ္စတာစကော့မာစီရယ်က ပြောပါတယ်။
အ မေရိကန် – မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာန၌ ဟောပြောပို့ချစဉ် သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုခိုင်မာရေး၊ ကြွယ်ဝချမ်းသာရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမူ့ ပိုမိုရရှိရေး၊ ပညာရေးကဏ္ဍ၊ ပိုမိုမြှင့်တင်ရေး၊အခွင့်အလမ်းများ ပိုမိုရရှိရေးစတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်ဟုသံအမတ်ကြီးက ပြောကြားခဲ့ပါသည်။
မြန်မာပြည်တွင်းသို့ အမေရိကန်ကုမ္ပဏီများ ဖြစ်နိုင်သမျှ ရင်းနှီးမြုတ်နှံမူ့များ ပြုလုပ်ရန် အမေရိကန်အစိုးရက တိုက်တွန်းထားပြီး မြန်မာပြည်သူများ အကျိုးရှိစေမည့် တာဝန်ယူမူ့၊တာဝန်ခံမူ့ရှိသော စီးပွားရေးဖြစ်ရန်လည်း တွန်းအားပေးနေကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
သို့သော် နိုင်ငံတကာက ရခိုင်ပြည်နယ်ဖြစ်စဉ်ကို မတူညီ၊ ကွဲပြားသည့် အမြင်များရှိနေပြီး မြန်မာအစိုးရအနေဖြင့် ၂၀၁၇ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည်များကို ကျယ်ပြန့်စွာရှင်းပြရန် လိုအပ်ကြောင်းနှင့် ယင်းသို့ရှင်းပြခြင်းဖြင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဟု စကော့မာစီရယ်က သုံးသပ်သည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ တရားခွင်၌ ကတိက၀တ်ပြုသည့်အတိုင်း ICOE အစီရင်ခံစာကို အသိအမှတ်ပြု ပြီး လူ့အခွင့်အရေး ချိုးဖောက်သူများအပေါ် တာဝန်ယူမူ့၊ တာဝန်ခံမူ့ရှိစေရေး ဆက်လက်ဆောင်ရွက်ရန် သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။ ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဆက်လက်အကောင်ထည်ဖော်ရန် အရေးကြီးကြောင်း သံအမတ်ကြီးက ဆိုသည်။
ယင်းနောက် အမေရိကန်အစိုးရသည် မြန်မာပြည်သူများအတွက် ရေရှည်ကတိက၀တ်များ အကောင်အထည်ဖော်ရန် အဆင့်မြင့်အရာရှိများအကြား တွေ့ဆုံဆွေးနွေးနေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အာဆီယံခေါင်းဆောင်များ အားလုံးကို ၀ါရှင်တန်၌ ကျင်းပမည့် အမေရိကန် – အာဆီယံ အထူးထိပ်သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖိတ်ကြားထားကြောင်း စကော့မာစီရယ်က ပြောသည်။
ထို့အပြင် သမ္မတဒေါ်နယ်ထရန့် လက်မှတ်ရေးထိုး အတည်ပြုခဲ့သော ဘတ်ဂျတ်သစ်အရ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အသုံးစရိတ်ကို သိသာစွာတိုးမြှင့်ထားပြီး ကူညီထောက်ပံ့မူ့များ ပိုပေးမည်ဖြစ်ကာ ယင်းသည် အာဆီယံနိုင်ငံများအနက် အများဆုံးလျာထားချက်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။(မူရင်းသတင်းရေးသားသူအားလေးစားစွာဖြင့်ခရက်ဒစ်ပေးပါတယ်ခင်မျာ)ကိုးကား:The First News Journal