သ ရုပ်ဆောင် မင်းသမီး စမိုင်းလ်ဟာဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို သူမချစ်ရတဲ့မောင်၊ သမီးကြီး ဆုနဒီမောင်၊ သမီးငယ်လေး ဆုရတီမောင် တို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်နေထိုင်သူလေးဖြစ်တာကြောင့် သူမတို့ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုဘဝေ လး ကို အများကလေးစားအားကျနေကြရတာပဲဖြစ်ပါတယ်။ ချစ်စရာသမီးလိမ္မာလေးနှစ်ေ ယာ က် ကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ သမီးလေးတွေကို ချစ်မဝဖြစ်နေပြီး ဂရုတစိုက်နဲ့ ကျွေးေ မွးပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

ခု ဆိုရင် သမီးကြီးဆုနဒီမောင်ဟာ အရွယ်လေးနဲ့မလိုက်အောင် ထွားကြိုင်းနေပြီး အရမ်းကို လှပတဲ့ စူပါ မော်ဒယ်လ် တစ်ဦးကဲ့သို့ အရမ်းကို မိုက်နေတာပါ။ ဒီတစ်ခါမှာတော့ စမိုင်းလ် ရဲ့ သမီးကြီး ရဲ့ အသက်၁၅ နှစ်ပြည့်မွေးနေ့ကို ကျရောက်ပြီဖြစ်တာကြောင့် စမိုင်းလ် က ခုလို မွေးနေ့ဆုတောင်းပေးထားပါတယ်။

စမိုင်းလ် က ” Happy 15th birthday Portia လိမ္မာသိတတ်တဲ့သမီးကြီး …ခုထိမိဘအပေါ် ကလေးလေးလိုချွဲတတ်နေသောကလေးလေး ( needy ကြီး ) 😆…ညီမလေးကိုအမေ တစ်ေ ယာက်လို ဂရုစိုက် ပြောဆိုဆုံးမပေးတတ်တဲ့မမ…အမေ့စိတ်ကိုအသိဆုံးသမီးကြီး အရမ်းချစ် တယ် ..ပိုက်ဆံတန်ဖိုးကိုသိအောင်ကြိုးစားရမယ် မေမေတို့ကလွယ်လွယ်ချမ်းသာခဲ့တာ မဟု တ် ဘူး ရုန်းကန်ခဲ့ရတာ .. သမီးလေးတန်ဖိုးကိုနားလည်ရမယ်.. “

“လူတွေကိုကိုယ်ချင်းစာစိတ်လေးထားပြီး ကြင်နာတတ်ရမယ် .. ရီးစားရှာမယ်ဆိုလည်း ဒယ်ဒီ လိုငတုံးအဲလေ အရမ်းချစ်တတ်တဲ့သူပဲရှာတွေ့ပါစေ😂 Love you baby 🥰😘” ဆို ပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။

Portia ( ပေါ်ရှာ) ဆုနဒီမောင် ရဲ့ အလှပုံရိပ်လေး

အိုက်တင်တွေအပြည့်နဲ့ စတိုင်အမျိုးမျိုးလုပ်တတ်နေပြီဖြစ်တဲ့ စမိုင်းလ်ရဲ့ သမီးကြီး

စမိုင်းလ်ရဲ့ သမီးကြီး ဆုနဒီမောင်ကို မိုမိုလေး ချစ်ပရိသတ်ကြီးများကလည်း ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။ ကြည့်ရှု့အားပေးကြပါသော ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
MoMolay