ေတာ မီးေၾကာင့္ အိမ္ကို ဆုံးရႈံးလိုက္ ရ တဲ့ ၾသစီအမ်ိဳးသား ေဒၚ လာတစ္သန္း ထီေပါက္

လူ တစ္ေယာက္ရဲ႕ ကံဆိုတာ ေျပာလို႔မရပါဘူး။ ကံေကာင္ခ်င္ရင္လည္း ခ်က္ခ်င္း၊ ကံဆိုးခ်င္ေတာ့လည္း ခ်က္ခ်င္း ျဖစ္တတ္ပါတယ္။ ႀကဳံေတြ႕ေနရတဲ့ အဆိုးေတြဟာလည္း ပိုကံေကာင္းဖို႔ ျဖစ္ခ်င္ျဖစ္ေနတတ္ပါေသး တယ္။ ၾသစေၾတးလ်ႏိုင္ငံက ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ အိမ္ကို ဆုံးရႈံးလိုက္ရတဲ့ လူတစ္ေယာက္ရဲ႕ အျဖစ္ ဟာလည္း အဲဒီလိုခ်က္ခ်င္းႀကီး ကံထေကာင္းသြားတဲ့ အျဖစ္မ်ိဳး ျဖစ္ခဲ့ပါတယ္။

ၾသ စေၾတးလ်ႏိုင္ငံက အမည္မေဖာ္လိုသူအမ်ိဳးသားတစ္ေယာက္ဟာ ၾသစေၾတးလ်ေတာမီးကာလအတြင္းမွာ သူတို႔မိသားစုေနထိုင္ရာကို ဆုံးရႈံးလိုက္ရပါတယ္။ ဒါေပမဲ့ သူဟာ ခ်က္ခ်င္းဆိုသလို သန္းႂကြယ္သူေဌးဘဝကို ေရာက္ရွိသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူထိုးထားတဲ့ ထီလက္မွတ္ဟာ ေဒၚလာတစ္သန္း ေပါက္သြားတာေၾကာင့္ပါပဲ။

သူ ဟာ ႏွစ္သစ္ကူးကာလက ၾသစေၾတးလ်ႏိုင္ငံ၊ New South Wales coast ဧရိယာမွာ ျဖစ္ပြားခဲ့တဲ့ ေတာမီး ေလာင္ကြၽမ္းမႈမွာ မီးေလာင္ျပာက်သြားခဲ့တဲ့ သူတို႔အိမ္ေလးကို ဘယ္ေတာ့မွ ျပန္မေဆာက္ႏိုင္ေလာက္ေတာ့ဘူး လို႔ ထင္ေနခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေဒၚလာတစ္သန္းထီေပါက္ခဲ့တာေၾကာင့္ အခုဆိုရင္ သူတို႔ မိသားစုဟာ ေနအိမ္ေလးကို ျပန္လည္တည္ေဆာက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ေနအိမ္တစ္ခုလုံး ဆုံးရႈံးသြားတာဟာ လူတစ္ေယာက္အတြက္၊ မိသားစုတစ္စုအတြက္ အေတာ္ေလးထိခိုက္ နစ္နာစရာ ျဖစ္ပါတယ္။ အရာအားလုံးဆုံးရႈံးသလို ျဖစ္ခဲ့တဲ့ၾကားမွာ အခုလို ေဒၚလာတစ္သန္း ထီေပါက္တာ ဟာလည္း တကယ္ကို အံ့ၾသစရာပါပဲ။ အဲဒီလိုထီေပါက္သြားတဲ့ သူတို႔မိသားစုအတြက္လည္း တကယ္ကို ဝမ္းသာစရာေကာင္းပါတယ္။

ၾသစေၾတးလ်ႏိုင္ငံက ေတာမီးေလာင္ကြၽမ္းမႈကာလမွာ လူ ၂၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အိမ္ေပါင္း ၂၀၀၀ ေလာက္ ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။ စုစုေပါင္းပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို အတိအက်မသိရေသးေပမဲ့ ၾသစေၾတးလ်ရဲ႕ အာမခံ ေကာင္စီကေတာ့ ေဒၚလာ သန္း ၇၀၀ နဲ႔အထက္ ျဖစ္ႏိုင္ေၾကာင့္ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Credit to We Media

Unicode

တော မီးကြောင့် အိမ်ကို ဆုံးရှုံးလိုက် ရ တဲ့ သြစီအမျိုးသား ဒေါ် လာတစ်သန်း ထီပေါက်

လူ တစ်ယောက်ရဲ့ ကံဆိုတာ ပြောလို့မရပါဘူး။ ကံကောင်ချင်ရင်လည်း ချက်ချင်း၊ ကံဆိုးချင်တော့လည်း ချက်ချင်း ဖြစ်တတ်ပါတယ်။ ကြုံတွေ့နေရတဲ့ အဆိုးတွေဟာလည်း ပိုကံကောင်းဖို့ ဖြစ်ချင်ဖြစ်နေတတ်ပါသေး တယ်။ သြစတြေးလျနိုင်ငံက တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ကို ဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အဖြစ် ဟာလည်း အဲဒီလိုချက်ချင်းကြီး ကံထကောင်းသွားတဲ့ အဖြစ်မျိုး ဖြစ်ခဲ့ပါတယ်။

သြ စတြေးလျနိုင်ငံက အမည်မဖော်လိုသူအမျိုးသားတစ်ယောက်ဟာ သြစတြေးလျတောမီးကာလအတွင်းမှာ သူတို့မိသားစုနေထိုင်ရာကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ ချက်ချင်းဆိုသလို သန်းကြွယ်သူဌေးဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အကြောင်းကတော့ သူထိုးထားတဲ့ ထီလက်မှတ်ဟာ ဒေါ်လာတစ်သန်း ပေါက်သွားတာကြောင့်ပါပဲ။

သူ ဟာ နှစ်သစ်ကူးကာလက သြစတြေးလျနိုင်ငံ၊ New South Wales coast ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ တောမီး လောင်ကျွမ်းမှုမှာ မီးလောင်ပြာကျသွားခဲ့တဲ့ သူတို့အိမ်လေးကို ဘယ်တော့မှ ပြန်မဆောက်နိုင်လောက်တော့ဘူး လို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေါ်လာတစ်သန်းထီပေါက်ခဲ့တာကြောင့် အခုဆိုရင် သူတို့ မိသားစုဟာ နေအိမ်လေးကို ပြန်လည်တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

နေအိမ်တစ်ခုလုံး ဆုံးရှုံးသွားတာဟာ လူတစ်ယောက်အတွက်၊ မိသားစုတစ်စုအတွက် အတော်လေးထိခိုက် နစ်နာစရာ ဖြစ်ပါတယ်။ အရာအားလုံးဆုံးရှုံးသလို ဖြစ်ခဲ့တဲ့ကြားမှာ အခုလို ဒေါ်လာတစ်သန်း ထီပေါက်တာ ဟာလည်း တကယ်ကို အံ့သြစရာပါပဲ။ အဲဒီလိုထီပေါက်သွားတဲ့ သူတို့မိသားစုအတွက်လည်း တကယ်ကို ဝမ်းသာစရာကောင်းပါတယ်။

သြစတြေးလျနိုင်ငံက တောမီးလောင်ကျွမ်းမှုကာလမှာ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ပေါင်း ၂၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အတိအကျမသိရသေးပေမဲ့ သြစတြေးလျရဲ့ အာမခံ ကောင်စီကတော့ ဒေါ်လာ သန်း ၇၀၀ နဲ့အထက် ဖြစ်နိုင်ကြောင့် ထုတ်ဖော်ပြောဆိုထားပါတယ်။

Credit to We Media