တနလၤာ သားသမီးေလးေတြ ကို ခ်စ္ေတာ့ မယ္ဆိုရ င္ ဒီ (၅) ခ်က္ကို သိထားဖို႔ လိုတယ္….

တန လၤာသားသမီးေလးေတြနဲ႔ ခ်စ္ေတာ့မယ္၊ တြဲေတာ့မယ္ ဒါမွမဟုတ္ သင့္ခ်စ္သူက တနလၤာသားသမီး ဆိုရင္ေတာ့ ဒီအရာေလးေတြကို မျဖစ္မေန သိထားဖို႔ လိုပါတယ္။ ဒါမွ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ နားလည္မႈေတြ ပိုတိုးျပီး ပုိေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးေလးကို ရရွိမွာျဖစ္လို႔ပါ။

(၁) စိ တ္ၾကီးတယ္

တနလၤာသားသမီးေတြရဲ႕ စိတ္ၾကီးခ်က္ကေတာ့ ေျပာလုိ႔မကုန္ေလာက္ေအာင္ ပါပဲေနာ္။ စိတ္ၾကီးရံုတင္ မကေသးဘူး၊ ေခါင္းကလည္း အရမ္းမာပါတယ္။ သူတုိ႔တစ္ခုခု လုပ္ခ်င္ျပီဆိုရင္ တားလို႔မရသလုိ၊ သူတုိ႔ကို စိတ္ဆိုးေအာင္၊ စိတ္တိုေအာင္လုပ္မိရင္ ေတာ္ေတာ္နဲ႔ျပန္ျပီး စိတ္မေျပတတ္ၾကတာေၾကာင့္ အစကတည္းက သူတုိ႔မၾကိဳက္တာဆို ၾကိဳျပီးေရွာင္ထားတာ အေကာင္းဆံုးပါပဲ။

(၂) သဝန္တိုတယ္

တနလၤာသားသမီးေတြဟာ အရမး္လည္း သဝန္တိုတဲ့ သူေတြပါ။ ခ်စ္သူကို အနားမွာမရွိတုန္း ဘယ္သူေတြနဲ႔မ်ား ရွိေနမလဲ၊ ဘာေတြလုပ္ေနမလဲ၊ ေနာက္ကြယ္မွာပဲ ေဖာက္ျပန္ေနျပီလားဆိုျပီး အစိုးရိမ္လြန္တတ္တဲ့ သူေတြပါ။ ဒါေပမယ့္သူတုိ႔ဟာ ေခါင္းမာတဲ့သူေတြ ျဖစ္တာေၾကာင့္ သဝန္တိုတာကို ဘယ္ေတာ့မွ ထုတ္ေျပာမွာ မဟုတ္ပဲ ၾကိတ္ခံစားေနမယ့္သူေတြျဖစ္ပါတယ္။

(၃) အေခ်ာ့ၾကိဳက္တယ္

တနလၤာသားသမီးေတြဟာ ပင္ကိုယ္ေခါင္းမာလြန္းတဲ့သူေတြ ျဖစ္တဲ့အေလ်ာက္ အမိန္႔ေပးတာ၊ ျခိမ္းေျခာက္တာ၊ ေလသံမာနဲ႔ ေဟာက္တာေတြလံုးဝ မၾကိဳက္ပါဘူး။ ဒါေၾကာင့္သူတုိ႔ိကို တတ္ႏိုင္သမွ် ေခ်ာ့ေမာ့ျပီးေျပာေပးပါ။ သူတုိ႔မွားေနရင္ေတာင္ လံုးဝသြားျပီး မေဟာက္လုိက္ပါနဲ႔။ ပိုဆိုးကုန္ပါလိမ့္မယ္၊ ေခ်ာ့ေမာ့ျပီးေျပာရင္ သူ႔အျပစ္သူ ေကာင္းေကာင္းသိပါတယ္။

(၄) အရြဲ႕တုိက္တယ္
တနလၤာသားသမီးေတြဟာ အရမး္ကို အရြဲ႕တုိက္ႏိုင္တဲ့ သူေတြပါ။ သူတုိ႔ကို နည္းနည္းေလး သြားမေက်ာလိုက္နဲ႔ ခ်က္ခ်င္းျပန္ရြဲ႕လိုက္မယ့္ သူေတြပါ။ အထူးသျဖင့္ သူတုိ႔ကို စိတ္ဆိုးေအာင္၊ ေဒါသထြက္ေအာင္ လုပ္မိတယ္ ဒါမွမဟုတ္ ရန္ျဖစ္ထားတယ္ဆိုရင္ အျမန္ဆံုး ျပန္ေခ်ာ့လိုက္ပါ။ အေၾကာင္းကေတာ့ သင္မေခ်ာ့ပဲ ထားလိုက္တဲ့ အခ်ိန္အတြင္းမွာ အရြဲ႕တုိက္ခ်င္တဲ့စိတ္နဲ႔ သင္မထင္ထားတဲ့ အရာေတြကိုေတာင္ လုပ္တတ္လို႔ပါ။ သူ႔ဖက္ကေတာ့ ဘယ္ေလာက္ခ်စ္ခ်စ္ ဘယ္ေတာ့မွစေခ်ာ့မွာ မဟုတ္ပါဘူး။

(၅) အခ်စ္ၾကီးတယ္

တနလၤာသားသမီးေတြဟာ အရမး္အခ်စ္ၾကီးတဲ့ သူေတြပါ။ တစ္ေယာက္ဆိုတစ္ေယာက္ ရူးေလာက္ေအာင္ ခ်စ္တတ္သလို၊ သစၥာလည္း အရမး္ရွိပါတယ္။ အေနေဝးလို႔ ေသြးေအးတယ္ ဆိုတာေတြ သူတုိ႔မွာမရွိပါဘူး။ နီးနီး၊ေဝးေဝး ခ်စ္သူကို စိတ္ထဲမွာ အျမဲထားျပီး ေပါင္းဖက္ရဖုိ႔ တစ္ခုတည္းကိုပဲ အာရံုထားတဲ့ သူေတြပါ။ တနလၤာသားသမီးေတြက စိတ္ၾကီးတာေလးက လြဲရင္ ခ်စ္သူကို အရမး္ခ်စ္တဲ့ သူေတြပါ။

Credit Aunty may

Unicode

တနင်္လာ သားသမီးလေးတွေ ကို ချစ်တော့ မယ်ဆိုရ င် ဒီ (၅) ချက်ကို သိထားဖို့ လိုတယ်….

တန င်္လာသားသမီးလေးတွေနဲ့ ချစ်တော့မယ်၊ တွဲတော့မယ် ဒါမှမဟုတ် သင့်ချစ်သူက တနင်္လာသားသမီး ဆိုရင်တော့ ဒီအရာလေးတွေကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။ ဒါမှ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုတွေ ပိုတိုးပြီး ပိုပျော်စရာကောင်းတဲ့ အချစ်ရေးလေးကို ရရှိမှာဖြစ်လို့ပါ။

(၁) စိ တ်ကြီးတယ်

တနင်္လာသားသမီးတွေရဲ့ စိတ်ကြီးချက်ကတော့ ပြောလို့မကုန်လောက်အောင် ပါပဲနော်။ စိတ်ကြီးရုံတင် မကသေးဘူး၊ ခေါင်းကလည်း အရမ်းမာပါတယ်။ သူတို့တစ်ခုခု လုပ်ချင်ပြီဆိုရင် တားလို့မရသလို၊ သူတို့ကို စိတ်ဆိုးအောင်၊ စိတ်တိုအောင်လုပ်မိရင် တော်တော်နဲ့ပြန်ပြီး စိတ်မပြေတတ်ကြတာကြောင့် အစကတည်းက သူတို့မကြိုက်တာဆို ကြိုပြီးရှောင်ထားတာ အကောင်းဆုံးပါပဲ။

(၂) သဝန်တိုတယ်

တနင်္လာသားသမီးတွေဟာ အရမး်လည်း သဝန်တိုတဲ့ သူတွေပါ။ ချစ်သူကို အနားမှာမရှိတုန်း ဘယ်သူတွေနဲ့များ ရှိနေမလဲ၊ ဘာတွေလုပ်နေမလဲ၊ နောက်ကွယ်မှာပဲ ဖောက်ပြန်နေပြီလားဆိုပြီး အစိုးရိမ်လွန်တတ်တဲ့ သူတွေပါ။ ဒါပေမယ့်သူတို့ဟာ ခေါင်းမာတဲ့သူတွေ ဖြစ်တာကြောင့် သဝန်တိုတာကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပဲ ကြိတ်ခံစားနေမယ့်သူတွေဖြစ်ပါတယ်။

(၃) အချော့ကြိုက်တယ်

တနင်္လာသားသမီးတွေဟာ ပင်ကိုယ်ခေါင်းမာလွန်းတဲ့သူတွေ ဖြစ်တဲ့အလျောက် အမိန့်ပေးတာ၊ ခြိမ်းခြောက်တာ၊ လေသံမာနဲ့ ဟောက်တာတွေလုံးဝ မကြိုက်ပါဘူး။ ဒါကြောင့်သူတို့ိကို တတ်နိုင်သမျှ ချော့မော့ပြီးပြောပေးပါ။ သူတို့မှားနေရင်တောင် လုံးဝသွားပြီး မဟောက်လိုက်ပါနဲ့။ ပိုဆိုးကုန်ပါလိမ့်မယ်၊ ချော့မော့ပြီးပြောရင် သူ့အပြစ်သူ ကောင်းကောင်းသိပါတယ်။

(၄) အရွဲ့တိုက်တယ်
တနင်္လာသားသမီးတွေဟာ အရမး်ကို အရွဲ့တိုက်နိုင်တဲ့ သူတွေပါ။ သူတို့ကို နည်းနည်းလေး သွားမကျောလိုက်နဲ့ ချက်ချင်းပြန်ရွဲ့လိုက်မယ့် သူတွေပါ။ အထူးသဖြင့် သူတို့ကို စိတ်ဆိုးအောင်၊ ဒေါသထွက်အောင် လုပ်မိတယ် ဒါမှမဟုတ် ရန်ဖြစ်ထားတယ်ဆိုရင် အမြန်ဆုံး ပြန်ချော့လိုက်ပါ။ အကြောင်းကတော့ သင်မချော့ပဲ ထားလိုက်တဲ့ အချိန်အတွင်းမှာ အရွဲ့တိုက်ချင်တဲ့စိတ်နဲ့ သင်မထင်ထားတဲ့ အရာတွေကိုတောင် လုပ်တတ်လို့ပါ။ သူ့ဖက်ကတော့ ဘယ်လောက်ချစ်ချစ် ဘယ်တော့မှစချော့မှာ မဟုတ်ပါဘူး။

(၅) အချစ်ကြီးတယ်

တနင်္လာသားသမီးတွေဟာ အရမး်အချစ်ကြီးတဲ့ သူတွေပါ။ တစ်ယောက်ဆိုတစ်ယောက် ရူးလောက်အောင် ချစ်တတ်သလို၊ သစ္စာလည်း အရမး်ရှိပါတယ်။ အနေဝေးလို့ သွေးအေးတယ် ဆိုတာတွေ သူတို့မှာမရှိပါဘူး။ နီးနီး၊ဝေးဝေး ချစ်သူကို စိတ်ထဲမှာ အမြဲထားပြီး ပေါင်းဖက်ရဖို့ တစ်ခုတည်းကိုပဲ အာရုံထားတဲ့ သူတွေပါ။ တနင်္လာသားသမီးတွေက စိတ်ကြီးတာလေးက လွဲရင် ချစ်သူကို အရမး်ချစ်တဲ့ သူတွေပါ။

Credit Aunty may