ကြည်သာဟန်
Unicode
ဝန် ထမ်းတွေ အခွန်လွတ် ကား စီး ဖို့ ဒီလိုလေး လုပ် ရင် ဘယ်သူ မှကန့်ကွက်စရာ မရှိပါ ဘူး တဲ့
အရင် ကလည်း သာသနာရေးဆိုင်ရာ ဆရာတော်တွေစီးဖို့အခွန်လွတ်ဆိုတဲ့အတွက် “သာ” နံပါတ် (အင်္ဂလိပ်အက္ခရာတွေပြောင်းတော့ RLG) ပေးတယ်။ ဘယ်သူမှကန့်ကွက်စရာမရှိဖူးအေးဆေးဘဲ
Public Transportation ကောင်းမွန်ဖို့ အရည်သွေးမှီတဲ့ taxi တွေတင်သွင်းဖို့အခွန်လွတ်ဆိုတဲ့အတွက် “ကက/ခခ” (အင်္ဂလိပ်အက္ခရာတွေပြောင်းတော့ AA/BB)ပေးတယ်။ ဘယ်သူမှကန့်ကွက်စရာမရှိဖူးအေးဆေးဘဲ…
အ ခုလည်း စီးပွားကူးသန်းက တာဝန်ရှိသူတွေကပြောတယ် “ဝန်ထမ်းတွေစီးစေချင်လို့” တဲ့ “ပြန်ရောင်းစားဖို့ပေးတာမဟုတ်ဖူးဓ တဲ့ အဲ့တာဆိုအရင် အခွန်လွတ်ကားတွေလို သီးသန့်နံပါတ်ပေးလိုက်ပါ (ဥပမာ “ဝထ” အင်္ဂလိပ်အက္ခရာနဲ့ဆို Civil Servant ရဲ့အတိုကောက် CS) ။ အဲ့ကျရင်အခွန်အပြည့်ဆောင်ထားတဲ့ပြည်သူကလည်း ဘာမှကန့်ကွက်နေမှာမဟုတ်ဖူး ဝန်ထမ်းတွေလည်းကားကောင်းကောင်းစီးရမယ်…
အခုဟာက ပါမစ်ရောင်းစားစျေးကွက်ဖြစ်ပြီး အခွန် ၂၀၀% လောက်နီးပါးအပြည့်ဆောင်ပြီးကားစီးနေတဲ့ပြည်သူကို ဆော်ကားသလိုဖြစ်တာ။ နံပါတ်သီးသန့်တခုနဲ့သာပေးလိုက်ရင် ပြန်ရောင်းစားဖို့လည်းမလွယ်တော့ဖူး တကယ်လိုအပ်နေတဲ့ဝန်ထမ်းတွေလည်း ကားကောင်းကောင်းကို အခွန်ငွေသက်သက်သာသာနဲ့ စီးလို့ရသွားမယ်။
အဲ့တာဆို ဝန်ထမ်းရော/အခွန်ထမ်းပြည်သူအတွက်ရော win/win အနေအထားဖြစ်မယ်။ ကားစီးစေချင်တာဆို စီးဖို့အတွက်အဓိကဖော်ဆောင်ပေးရမှာ…
ကြည်သာဟန်