



Unicode

ပွဲတွေ ဆက် တိုက် မနား ပဲ ဆိုနေရ တဲ့ အထိ အောင်မြင်နေ တဲ့ အေးမြဖြူ

မြန် မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ အေးမြဖြူလေးကတော့ ငယ်စဉ်ကတည်း ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာမှာ ပါရမီပါတဲ့ သူလေးပဲဖြစ်ပါတယ်။မြန်မာအိုင်ဒေါပြိုင်ပွဲကြီး မပြီးဆုံးသေးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံနေရတဲ့အထိကိုအောင်မြင်မှုတွေရရှိထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးတော့မှာဖြစ်ပြီး ဇာတ်ကားကြီးရဲ့ နာမည်ကတော့”ချစ်ခင်စမှော်ရုံ”လို့ သိရှိရပါတယ်။မင်းသားချော ဒေါင်း၊ကျော်ထက်အောင် ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခုလည်း ပွဲတွေ ဆက်တိုက် ဆိုနေရတဲ့ အေးမြဖြူက မန္တလေးက ချစ်တဲ့ပရိသတ်တွေဆီ ဖျော်ဖြေဖို့ သွားနေပါပြီနော်။ ပုံလေးကတော့ လေဆိပ်ကနေ ဒီမနက်ကမှ သူမ Page ကနေ တင်ထားတဲ့ ပုံလေးဖြစ်ပါတယ်