Unicode
လမ်း ခွဲပြတ်စဲကြောင်း တင် ခဲ့တာ နဲ့ပတ် သက်ပြီး ပြောပြလာ တဲ့ ဧငြိမ်းဖြူ
ပရိ သတ်ကြီးရေ ပြည်သူ့အချစ်တော် နိုင်ငံကျော်အဆိုတော်ရဲရင့်အောင်နဲ့ ဘာဘီရုပ်လေးလို လှတဲ့ ဧငြိမ်းဖြူလေး တို့ ဆက်ဆံရေးကတော့ အထူးမိတ်ဆက်ပေးစရာမလိုပါဘူးနော်။ နိုင်ငံကျော်ပြည်သူ့အချစ်တော် အနုပညာရှင်စုံတွဲတွေထဲက ပရိသတ်တွေ Idol Couple အဖြစ်အသတ်မှတ်ခံရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲလို့ ဆိုရမှာပါ။ မကြာသေးမီက ဧငြိမ်းဖြူတစ်ယောက် ရဲရင့်အောင်နဲ့ စိတ်ကောက်ကာ လမ်းခွဲပြတ်စဲကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့ပြီး အချိန်တိုအတွင်းပြန်လည် ဖျက်သွားခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက်ဆက်ဆံရေးကို စိုးရိမ်နေခဲ့ကြတာပဲဖြစ်ပါတယ်။
သူ မအနေနဲ့ လမ်းခွဲဲပြတ်စဲကြောင်းတင်ခဲ့တာဟာ စိတ်အရမ်းဆိုးနေတဲ့ အတွက်တင်ခဲ့ပေမယ့် ချစ်သူဖြစ်သူ ရဲရင့်အောင်မကြိုက်တဲ့လုပ်ရပ်တစ်ခုဖြစ်နေတဲ့အတွက် သူမအနေနဲ့ ပြန်လည် ဖျက်ခဲ့တာလို့သိရပါတယ်။ ဧငြိမ်းဖြူကတော့ စိတ်ကောက်နေတဲ့သူဖြစ်ပေမယ့် ချစ်သူမကြိုက်တဲ့ လုပ်ရပ်ကိုလုပ်မိတဲ့အတွက် ရဲရင့်အောင်ကို ပြန်လည်ချော့ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။
စိုးရိမ်နေကြတဲ့ပရိသတ်တွေကိုလည်း စိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်လို့ ပြောခဲ့ပြီး ရဲရင့်အောင်က အရာရာဂရုစိုက်နားလည်ပေးပြီး ဆုံးမနေတဲ့ကြားက ကလေးဆန်တဲ့ အပြုအမူလုပ်မိခဲ့တဲ့ အတွက် နောက်ဆို ဆင်ခြင်ပါ့မယ်လို့ ဖြေကြားခဲ့ပါတယ်နော်။ပရိသတ်ကြီးရော ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ စုံတွဲကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Credit CeleConnections
Source : CeleConnections