…UFC ႀကိဳး၀ိုင္းထဲ ေအာင္လ ကို ေခၚခ်င္ေ န တဲ့ ဒါနာဝွိုက္…

MMA ေလာက မွာ နာမည္အႀကီးဆုံး လႈပ္ရွားေနတဲ့အဖြဲ႕အစည္းကေတာ့ Ultimate Fighting Championship (UFC) ျဖစ္ၿပီး အေမရိကန္မွာသာမက ဥေရာပနဲ႔ အျခားတိုက္ႀကီးေတြအထိ ထင္ရွားေအာင္ျမင္ေနတဲ့ အဖြဲ႕အစည္းႀကီးဆိုရင္လည္း မမွားပါဘူး။ ၁၉၉၃ ခုႏွစ္က အေမရိကန္ျပည္ေထာင္စုမွာ ဖြဲ႕စည္းလိုက္တဲ့ UFC ဟာ အာရွတိုက္မွာ နာမည္ႀကီးေနတဲ့ One Championship ထက္ ပိုမိုသက္တမ္းရင့္ၿပီး သူတို႔ႏွစ္ဖြဲ႕ဟာ MMA ေလာကရဲ့အထင္ကရ အဖြဲ႕အစည္းေတြျဖစ္ပါတယ္။ ဒါ့အျပင္ ဒီႏွစ္ဖြဲ႕ဟာ ၿပိဳင္ဘက္အဖြဲ႕အစည္းေတြလို႔လည္း ဆိုနိုင္ၿပီး အျပန္အလွန္ ကူးလူးယွဥ္ၿပိဳင္ေနတဲ့ အားကစားသမားေတြလည္း ရွိပါတယ္။

ေဘာလုံးအားကစားနည္းအတိုင္း ဆိုရင္ေတာ့ အသင္းေျပာင္းကစားတာမ်ိဳးပါ။ One Championship မွာ လက္ရွိယွဥ္ၿပိဳင္လ်က္ရွိတဲ့ Demetrious Johnson၊ Eddie Alvarez၊ Sage Northcutt၊Vitor Belfort တို႔ဆိုရင္ UFC မွာ ယွဥ္ၿပိဳင္ထိုးသတ္ၿပီးမွ အာရွတိုက္ဘက္ ေျခဦးလွည့္လာသူေတြ ျဖစ္ပါတယ္။ One Championship မွာ ဒုတိယဥကၠ႒အျဖစ္ ေဆာင္ရြက္ေနတဲ့ အေမရိကန္နိုင္ငံသား Rich Franklin ဆိုရင္ UFC မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံေဟာင္းတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ေအာင္လအန္ဆန္းကို ရႈံးနိမ့္ခဲ့တဲ့ ဖိလစ္ပိုင္ဖိုက္တာ Brandon Vera ဆိုရင္လည္း UFC မွာ ယွဥ္ၿပိဳင္ထိုးသတ္ၿပီးမွ One Championship နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

UFC ဥကၠ႒ ဒါနာဝွိုက္ဟာ ၂၀၂၀ ျပည့္ႏွစ္အတြင္း အျခား အဖြဲ႕အစည္းေတြမွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ လက္စြမ္း ထက္ ဖိုက္တာေတြအနက္ ၁၀ ဦးခန႔္ကို UFC မွာ ယွဥ္ၿပိဳင္ထိုးသတ္နိုင္ဖို႔ စာခ်ဳပ္ခ်ဳပ္ခ်င္ေနတယ္လို႔ အေမရိ ကန္မီဒီယာေတြက ေဖာ္ျပပါတယ္။ ဒီအထဲမွာ One Championship မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ဝိတ္တန္းႏွစ္ခု ခ်န္ပီယံ ျမန္မာဖိုက္တာ ေအာင္လအန္ဆန္းလည္း ပါဝင္ေနပါတယ္။ ေအာင္လအန္ဆန္းဟာ အေမရိကန္မွာ MMA ကစားသမားဘဝကို စတင္ခဲ့ၿပီး UFC မွာ ယွဥ္ၿပိဳင္ထိုးသတ္ခြင့္ရဖို႔ အိပ္မက္ရွိခဲ့ေပမယ့္ အင္မ တန္ခက္ခဲလြန္းတာေၾကာင့္ အဆင္မေျပခဲ့ဘဲ ၂၀၁၄ မွာေတာ့ One Championship နဲ႔ စာခ်ဳပ္ခဲ့သူပါ။

လက္ရွိမွာေတာ့ ေအာင္လအန္ဆန္းဟာ One Championship ရဲ့ နာမည္အႀကီးဆုံး ခ်န္ပီယံတစ္ေယာက္ျဖစ္သလို ကမၻာသိထင္ရွားလာတဲ့ ဖိုက္တာတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါနာဝွိုက္ ေခၚယူခ်င္ေနတဲ့ ကစားသမား ၁၀ ဦးစာရင္းမွာ ေအာင္လနဲ႔အတူ One Championship ခ်န္ပီယံေတြျဖစ္တဲ့ ဘီဘီယာနိုဖာနန္ဒက္စ္ (ဘင္တန္ ဝိတ္တန္း)၊ မာတင္ငုရင္ (ဖယ္သာဝိတ္တန္း)၊ အန္ဂ်လာလီ (အမ်ိဳးသမီး အက္တမ္ဝိတ္တန္း) တို႔လည္း ပါဝင္ေနသလို အျခားၿပိဳင္ပြဲေတြမွာ ယွဥ္ၿပိဳင္ေနသူေတြလည္း ပါဝင္ေနပါတယ္။ ဒါ့အျပင္ ရႈံးပြဲ၊ သေရပြဲမရွိ အနိုင္ရလဒ္ေတြနဲ႔အတူ ကစားသမားဘဝကို ေက်ာခိုင္းထားတဲ့ အေမရိကန္ လက္ေဝွ႕ေက်ာ္ ဖလြိဳက္ေမဝယ္သာလည္း ပါဝင္ေနပါတယ္။ ေအာင္လအန္ဆန္းဟာ One Championship နဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ေနေသးလို႔ UFC ကို ေျပာင္းေရႊ႕မလားဆိုတာက စိတ္ဝင္စားစရာပါပဲ။

Credit – Goal Goal

Unicode

…UFC ကြိုးဝိုင်းထဲ အောင်လ ကို ခေါ်ချင်ေ န တဲ့ ဒါနာဝှိုက်…

MMA လောက မှာ နာမည်အကြီးဆုံး လှုပ်ရှားနေတဲ့အဖွဲ့အစည်းကတော့ Ultimate Fighting Championship (UFC) ဖြစ်ပြီး အမေရိကန်မှာသာမက ဥရောပနဲ့ အခြားတိုက်ကြီးတွေအထိ ထင်ရှားအောင်မြင်နေတဲ့ အဖွဲ့အစည်းကြီးဆိုရင်လည်း မမှားပါဘူး။ ၁၉၉၃ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းလိုက်တဲ့ UFC ဟာ အာရှတိုက်မှာ နာမည်ကြီးနေတဲ့ One Championship ထက် ပိုမိုသက်တမ်းရင့်ပြီး သူတို့နှစ်ဖွဲ့ဟာ MMA လောကရဲ့အထင်ကရ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ဖွဲ့ဟာ ပြိုင်ဘက်အဖွဲ့အစည်းတွေလို့လည်း ဆိုနိုင်ပြီး အပြန်အလှန် ကူးလူးယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေလည်း ရှိပါတယ်။

ဘောလုံးအားကစားနည်းအတိုင်း ဆိုရင်တော့ အသင်းပြောင်းကစားတာမျိုးပါ။ One Championship မှာ လက်ရှိယှဉ်ပြိုင်လျက်ရှိတဲ့ Demetrious Johnson၊ Eddie Alvarez၊ Sage Northcutt၊Vitor Belfort တို့ဆိုရင် UFC မှာ ယှဉ်ပြိုင်ထိုးသတ်ပြီးမှ အာရှတိုက်ဘက် ခြေဦးလှည့်လာသူတွေ ဖြစ်ပါတယ်။ One Championship မှာ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံသား Rich Franklin ဆိုရင် UFC မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်းတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အောင်လအန်ဆန်းကို ရှုံးနိမ့်ခဲ့တဲ့ ဖိလစ်ပိုင်ဖိုက်တာ Brandon Vera ဆိုရင်လည်း UFC မှာ ယှဉ်ပြိုင်ထိုးသတ်ပြီးမှ One Championship နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

UFC ဥက္ကဋ္ဌ ဒါနာဝှိုက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း အခြား အဖွဲ့အစည်းတွေမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လက်စွမ်း ထက် ဖိုက်တာတွေအနက် ၁၀ ဦးခန့်ကို UFC မှာ ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့ စာချုပ်ချုပ်ချင်နေတယ်လို့ အမေရိ ကန်မီဒီယာတွေက ဖော်ပြပါတယ်။ ဒီအထဲမှာ One Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ဝိတ်တန်းနှစ်ခု ချန်ပီယံ မြန်မာဖိုက်တာ အောင်လအန်ဆန်းလည်း ပါဝင်နေပါတယ်။ အောင်လအန်ဆန်းဟာ အမေရိကန်မှာ MMA ကစားသမားဘဝကို စတင်ခဲ့ပြီး UFC မှာ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရဖို့ အိပ်မက်ရှိခဲ့ပေမယ့် အင်မ တန်ခက်ခဲလွန်းတာကြောင့် အဆင်မပြေခဲ့ဘဲ ၂၀၁၄ မှာတော့ One Championship နဲ့ စာချုပ်ခဲ့သူပါ။

လက်ရှိမှာတော့ အောင်လအန်ဆန်းဟာ One Championship ရဲ့ နာမည်အကြီးဆုံး ချန်ပီယံတစ်ယောက်ဖြစ်သလို ကမ္ဘာသိထင်ရှားလာတဲ့ ဖိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါနာဝှိုက် ခေါ်ယူချင်နေတဲ့ ကစားသမား ၁၀ ဦးစာရင်းမှာ အောင်လနဲ့အတူ One Championship ချန်ပီယံတွေဖြစ်တဲ့ ဘီဘီယာနိုဖာနန်ဒက်စ် (ဘင်တန် ဝိတ်တန်း)၊ မာတင်ငုရင် (ဖယ်သာဝိတ်တန်း)၊ အန်ဂျလာလီ (အမျိုးသမီး အက်တမ်ဝိတ်တန်း) တို့လည်း ပါဝင်နေသလို အခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေသူတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ရှုံးပွဲ၊ သရေပွဲမရှိ အနိုင်ရလဒ်တွေနဲ့အတူ ကစားသမားဘဝကို ကျောခိုင်းထားတဲ့ အမေရိကန် လက်ဝှေ့ကျော် ဖလွိုက်မေဝယ်သာလည်း ပါဝင်နေပါတယ်။ အောင်လအန်ဆန်းဟာ One Championship နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးလို့ UFC ကို ပြောင်းရွှေ့မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

Credit – Goal Goal