



Source: Eisi Kway
DarDar-CeleGabar

Unicode

မန္တလေး မှာပွဲဆိုရင်း ရဲ စခန်းရော က် ခဲ့ ရ တဲ့ သရုပ်ဆောင်အ ဆိုတော် အိစီကွေး

ရုပ် ရှင်သရုပ်ဆောင်အဆိုတော် အိစီကွေးကတော့ မန္တလေးမှာပွဲဆိုရင်း ရဲစခန်းရောက် ခဲ့ရ တဲ့ အကြောင်းကို “ဒီတစ်ခေါက် မန္တလေးခရီးစဉ်က ဘဝမှာအမှတ်ရဆုံးပါပဲ။ ပွဲဆို တယ် ပွဲပြီးတော့ ကိုယ့်အနုပညာကြေးကို မပေးဘူး။ နေ့လယ်စာ ညစာလည်း မကျွေး ကျန်တဲ့ စက်သမားတွေ DJ နဲ့ Stage သမားတွေလည်း လုပ်အားခ မရကြဘူး ပြဿနာတွေ တက် ဒေါသတွေထွက် ရဲစခန်းတွေလည်းရောက် ပြီးတော့ ရန်ကုန်ကနေ တစ်ယောက် တည်း လာရတာဆိုတော့ အခက်အခဲတွေနဲ့ပေါ့ စိတ်တွေလည်းညစ်ရတာပေါ့ဗျာ” လို့ သူ့ရဲ့လူ မှု ကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

အိစီကွေးဟာ မန္တလေးမှာကျင်းပတဲ့ “Mister & Miss Nang Ra 2020” ပွဲကြီးမှာ နိုင်ငံကျော်သရုပ်ဆောင် မေကဗျာ၊ ဒီဇိုင်နာ မျိုးမင်းစိုးနဲ့အတူ တက်ရောက်ဖျော်ဖြေခဲ့တာဖြစ် ပြီး ပြဿနာတွေတက်ပြီး ရဲစခန်းကိုရောက်ခဲ့ပေမယ့်လည်း ရန်ကုန်ကို အန္တရာယ်က င်း ကင်းနဲ့ပြန်ရောက်လာတာကို “တော်ပါသေးတယ် ရန်ကုန်ကို အန္တရာယ်ကင်းကင်း ပြန်ရောက်လာခဲ့တယ် စိတ်တွေညစ်ခဲ့ရပေမယ့် အကြောင်းတစ်ခုကြောင့် ကျွန်တော်ရဲ့ ခရီးက ပျော်ရွှင်ခဲ့ရပြန်ပါတယ် ကူညီပေးကြတဲ့သူတွေရော ပျော်ရွှင်အောင် ဖန်တီးပေး တဲ့သူကိုရော တကယ် ကျေးဇူးတင်ပါတယ်” လို့ တင်ထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေအချစ် တော်ဖြစ်တဲ့ သရုပ်ဆောင်အဆိုတော် အိစီကွေးကတော့ မန္တလေးမြို့ကြီးမှာ ပွဲဆိုခဲ့ရင်း အနုပညာကြေးမရတဲ့အပြင် ရဲစခန်းတောင်ရောက်ခဲ့တာတဲ့နော်။

Source: Eisi Kway
DarDar-CeleGabar