အိမ္စီး ကား အ ခြန္ေဆာင္ နာ မည္ေပါက္ သြားေျပာင္း တဲ့ ျပည္သူတစ္ဦး ႀကံဳေတြ႕ခဲ့ရ တဲ့ အျဖစ္

ကား နာမည္ေျပာင္းေတြ လုပ္ဖို႔ ေပၚလစီခ်လိုက္တယ္။ အခြန္ေတြလည္းရ၊ နာမည္အမည္ေပါက္ေတြလည္းျဖစ္၊ ကားနဲ႔ပတ္သက္တဲ့ မႈခင္းေတြလည္း ပိုရွင္းလို႔ရ၊ တြက္ေရးကေတာ့ စက္သူေဌးပါေနာ္။

သြားတြက္ၾကည့္မွ တကယ္ႀကီးစက္မရွိတာ။ အပုံပုံထပ္ေနတဲ့ ကားအခြန္စာ႐ြက္ေတြေဆာင္ဖို႔ ျမန္မာ့စီးပြားေရးဘဏ္မွာ ေငြေရစက္ ၁ လုံးႀကီးမွ ၁ လုံးႀကီးမ်ားေတာင္ရွိတာပါ။ ေကာင္တာ ၄ ခုနဲ႔ လူ ၄ ေယာက္က အေယာက္ ၁၀၀ မက ျဖစ္ေနတဲ့ အခြန္ထမ္းေတြကို ေငြလက္ခံယူပါတယ္။

ေကာင္တာ ၄ ကိုသြားေတာ့ ေငြမ်ားလား၊ မ်ားရင္ ေကာင္တာ ၁ ကို သြားပါတဲ့။ အဲ……… ဘယ္လိုပါလိမ့္ေပါ့။ ေကာင္တာ ၁ ေရာက္ေတာ့ လက္ခံတဲ့ ဝန္ထမ္းအမ်ိဳးသမီးက မ်က္ႏွာ ၈ ေခါက္ခ်ိဳးနဲ႔ ေဆာင္ခ်င္ရင္ တင္ခဲ့ တင္ခဲ့ ဆိုပဲ။ အေတာ္ကို ေျပျပစ္တဲ့ ဝန္ေဆာင္မႈႀကီးပါ။ အေငၚတူးၿပီးျပန္ေျပာဖို႔ စကားလုံးေတြ အတန္းလိုက္ထြက္လာေပမဲ့ ေနပါဦးေလ၊ energy ေတြ အလဟသ မျဖစ္ေစနဲ႔ ေပၚလစီအရ အသာၾကည့္ပါတယ္။

လား… လား… သူ႔ဆီမွာ ေငြေရစက္ ၁ လုံးႀကီးမ်ားေတာင္ရွိေနေတာ့ က်န္တဲ့ ေကာင္တာေတြက ေကာင္တာ ၁ ကိုသြား လုပ္ၾကတာေပါ့ေလ။ အခ်ိန္က ၁၂း၃၀ ပါ။ က်န္တဲ့ ေကာင္တာေတြက ျမန္မာ့႐ိုးရာ ထုံးတမ္းအစဥ္အလာအရ ေငြစကၠဴေတြကို လက္နဲ႔ ေရၾကပါတယ္။ အခြန္စာ႐ြက္ကိုယူ၊ နာမည္ေခၚ၊ ပိုက္ဆံယူ၊ စာရင္းသြင္း၊ ပိုက္ဆံေရ၊ တံဆိပ္တုံးထု၊ တေယာက္ တေယာက္ကို ၅ မိနစ္ေလာက္ၾကာပါေရာ။ ၁၀ ေယာက္ဆိုရင္ မိနစ္ ၅၀၊ ေစာင့္ေပေရာ့ တေမာ့။

လူအုပ္ႀကီးက ထုံးစံအတိုင္း ေကာင္တာမွာ တန္းစီရပ္ေနေတာ့ တျခားသြားထိုင္ၾကပါတဲ့။ ဘယ္ထိုင္မလဲ၊ နာမည္ေခၚရင္ မၾကားရေတာ့ အနားမွာပဲ အၿမဲေနခ်င္တယ္ ျဖစ္ေနၾကတာေပါ့။ အင္းးးးးးးးးး ငါ ေအာ္လံတစ္ခုေလာက္ ဝယ္ေပးလိုက္ရင္ေကာင္းမယ္လို႔ ေတြးမိ။

အခ်ိန္က တျဖည္းျဖည္းနဲ႔ ေန႔လယ္ ၂းဝ၀ ေက်ာ္လာေတာ့ ဝန္ထမ္းအမ်ိဳးသမီးက စိတ္ေတြလည္း ညစ္ဟန္တူရဲ႕။ ကြန္ပ်ဴတာက ၂ လုံးရွိတာ၊ ဒီ ၁ လုံးက ပ်က္ေနလို႔ အဝတ္နဲ႔ အုပ္ထားတယ္။ ဟိုဘက္ ၁ လုံးမွာ စာရင္းသြားသြင္းေနရလို႔ ၾကာတာတဲ့။ ဘုရား… ဘုရား…။ ျမန္မာ့စီးပြားေရးဘဏ္ ဆိုၿပီး ဟီးေနတဲ့ ဆိုင္းဘုတ္ႀကီးနဲ႔ ဘဏ္အႀကီးႀကီးမွာ ေငြေရစက္က ၁ လုံး၊ ကြန္ပ်ဴတာကလည္း ၁ လုံးႀကီးမ်ားေတာင္ ရွိတာေတာ့။ အ့ံဖြယ္သရဲပါတကား။

ေနာက္ဆုံး အခြန္ေဆာင္ၿပီး ခ်လန္ရေတာ့ စုစုေပါင္း ၃ နာရီတိတိၾကာပါတယ္။ အခြန္ဆိုတာ ေဆာင္ခ်င္စရာႀကီး၊ ေဆာင္ခ်င္စရာႀကီးလို႔ကို ခံစားရတာ။ ခြိခြိ

အခြန္ေတြရၿပီဆိုၿပီး ေပ်ာ္ေနၾကေသာ ေပၚလစီမိတ္ကာ လူႀကီးမင္းမ်ားရွင့္ အခြန္စာ႐ြက္ေပၚတြင္ ေရးထားေသာ အခြန္ေဆာင္ထား ႏိုင္ငံသား ေလးစားသမႈ တို႔ဂုဏ္ျပဳ ဟူေသာ စာသားကို စာ႐ြက္ေပၚတြင္သာမက လက္ေတြ႕တြင္ပါ အေကာင္အထည္ေဖာ္ေပးျခင္းအားျဖင့္ လူႀကီးမင္းတို႔ဧ။္ ဝန္ေဆာင္မႈကို ျမႇင့္တင္ပါရန္ ေလးစားစြာျဖင့္ ပန္ၾကားအပ္ပါသည္။

Thanda Win

Unicode

အိမ်စီး ကား အ ခွန်ဆောင် နာ မည်ပေါက် သွားပြောင်း တဲ့ ပြည်သူတစ်ဦး ကြုံတွေ့ခဲ့ရ တဲ့ အဖြစ်

ကား နာမည်ပြောင်းတွေ လုပ်ဖို့ ပေါ်လစီချလိုက်တယ်။ အခွန်တွေလည်းရ၊ နာမည်အမည်ပေါက်တွေလည်းဖြစ်၊ ကားနဲ့ပတ်သက်တဲ့ မှုခင်းတွေလည်း ပိုရှင်းလို့ရ၊ တွက်ရေးကတော့ စက်သူဌေးပါနော်။

သွားတွက်ကြည့်မှ တကယ်ကြီးစက်မရှိတာ။ အပုံပုံထပ်နေတဲ့ ကားအခွန်စာရွက်တွေဆောင်ဖို့ မြန်မာ့စီးပွားရေးဘဏ်မှာ ငွေရေစက် ၁ လုံးကြီးမှ ၁ လုံးကြီးများတောင်ရှိတာပါ။ ကောင်တာ ၄ ခုနဲ့ လူ ၄ ယောက်က အယောက် ၁၀၀ မက ဖြစ်နေတဲ့ အခွန်ထမ်းတွေကို ငွေလက်ခံယူပါတယ်။

ကောင်တာ ၄ ကိုသွားတော့ ငွေများလား၊ များရင် ကောင်တာ ၁ ကို သွားပါတဲ့။ အဲ……… ဘယ်လိုပါလိမ့်ပေါ့။ ကောင်တာ ၁ ရောက်တော့ လက်ခံတဲ့ ဝန်ထမ်းအမျိုးသမီးက မျက်နှာ ၈ ခေါက်ချိုးနဲ့ ဆောင်ချင်ရင် တင်ခဲ့ တင်ခဲ့ ဆိုပဲ။ အတော်ကို ပြေပြစ်တဲ့ ဝန်ဆောင်မှုကြီးပါ။ အငေါ်တူးပြီးပြန်ပြောဖို့ စကားလုံးတွေ အတန်းလိုက်ထွက်လာပေမဲ့ နေပါဦးလေ၊ energy တွေ အလဟသ မဖြစ်စေနဲ့ ပေါ်လစီအရ အသာကြည့်ပါတယ်။

လား… လား… သူ့ဆီမှာ ငွေရေစက် ၁ လုံးကြီးများတောင်ရှိနေတော့ ကျန်တဲ့ ကောင်တာတွေက ကောင်တာ ၁ ကိုသွား လုပ်ကြတာပေါ့လေ။ အချိန်က ၁၂း၃၀ ပါ။ ကျန်တဲ့ ကောင်တာတွေက မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ငွေစက္ကူတွေကို လက်နဲ့ ရေကြပါတယ်။ အခွန်စာရွက်ကိုယူ၊ နာမည်ခေါ်၊ ပိုက်ဆံယူ၊ စာရင်းသွင်း၊ ပိုက်ဆံရေ၊ တံဆိပ်တုံးထု၊ တယောက် တယောက်ကို ၅ မိနစ်လောက်ကြာပါရော။ ၁၀ ယောက်ဆိုရင် မိနစ် ၅၀၊ စောင့်ပေရော့ တမော့။

လူအုပ်ကြီးက ထုံးစံအတိုင်း ကောင်တာမှာ တန်းစီရပ်နေတော့ တခြားသွားထိုင်ကြပါတဲ့။ ဘယ်ထိုင်မလဲ၊ နာမည်ခေါ်ရင် မကြားရတော့ အနားမှာပဲ အမြဲနေချင်တယ် ဖြစ်နေကြတာပေါ့။ အင်းးးးးးးးးး ငါ အော်လံတစ်ခုလောက် ဝယ်ပေးလိုက်ရင်ကောင်းမယ်လို့ တွေးမိ။

အချိန်က တဖြည်းဖြည်းနဲ့ နေ့လယ် ၂းဝဝ ကျော်လာတော့ ဝန်ထမ်းအမျိုးသမီးက စိတ်တွေလည်း ညစ်ဟန်တူရဲ့။ ကွန်ပျူတာက ၂ လုံးရှိတာ၊ ဒီ ၁ လုံးက ပျက်နေလို့ အဝတ်နဲ့ အုပ်ထားတယ်။ ဟိုဘက် ၁ လုံးမှာ စာရင်းသွားသွင်းနေရလို့ ကြာတာတဲ့။ ဘုရား… ဘုရား…။ မြန်မာ့စီးပွားရေးဘဏ် ဆိုပြီး ဟီးနေတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ဘဏ်အကြီးကြီးမှာ ငွေရေစက်က ၁ လုံး၊ ကွန်ပျူတာကလည်း ၁ လုံးကြီးများတောင် ရှိတာတော့။ အ့ံဖွယ်သရဲပါတကား။

နောက်ဆုံး အခွန်ဆောင်ပြီး ချလန်ရတော့ စုစုပေါင်း ၃ နာရီတိတိကြာပါတယ်။ အခွန်ဆိုတာ ဆောင်ချင်စရာကြီး၊ ဆောင်ချင်စရာကြီးလို့ကို ခံစားရတာ။ ခွိခွိ

အခွန်တွေရပြီဆိုပြီး ပျော်နေကြသော ပေါ်လစီမိတ်ကာ လူကြီးမင်းများရှင့် အခွန်စာရွက်ပေါ်တွင် ရေးထားသော အခွန်ဆောင်ထား နိုင်ငံသား လေးစားသမှု တို့ဂုဏ်ပြု ဟူသော စာသားကို စာရွက်ပေါ်တွင်သာမက လက်တွေ့တွင်ပါ အကောင်အထည်ဖော်ပေးခြင်းအားဖြင့် လူကြီးမင်းတို့ဧ။် ဝန်ဆောင်မှုကို မြှင့်တင်ပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

Thanda Win