၁ ၈ ႏွစ္အ႐ြယ္ထိုင္ဝမ္ အထက္တန္းေက်ာင္းသားတစ္ဦး ( အမည္မေဖာ္ ) ဟာ ႏွစ္ဆုံးစာေမးပြဲအတြက္ မနားမေနႀကိဳးစားလိုက္တာ ညစာေတာင္

ျပင္ဆင္ၿပီးမစားႏိုင္တဲ့အထိပါပဲ။ စာေမးပြဲအတြက္ လုံးပန္းေနရတာေၾကာင့္ သူဟာ တစ္ႏွစ္နီးနီးေလာက္ထိ ညစဥ္ညတိုင္း အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြကိုပဲ

ျပဳတ္စားခဲ့ပါတယ္။သူ႔ရဲ႕ အိပ္မက္က ထိုင္ဝမ္က နာမည္ႀကီး နည္းပညာ နဲ႔ စက္မႈ တကၠသိုလ္ႀကီးတစ္ခုကို ဝင္ခြင့္ရဖို႔ပါ။ ဒါေပမယ့္ သူ႔ရဲ႕ အိပ္မက္ကိုအခုအခါမွာ လက္လႊတ္ရဖြယ္ရွိေနပါတယ္။

အေၾကာင္းကေတာ့ အဆာလြန္တာေတြ၊ ေခါက္ဆြဲေျခာက္ထဲမွာ ပါဝင္တဲ့ မယ္လ္မင္းဓာတ္ေတြ ေၾကာင့္ သူဟာ အစာအိမ္ကင္ဆာကို ခံစားေနရလို႔ပါပဲ။ဗိုက္ထဲကေန မခံမရပ္ႏိုင္ေအာင္

နာက်င္တဲ့ေဝဒနာကို တစ္ပတ္ေလာက္ခံစားခဲ့ရၿပီး အစမွာေတာ့ အစာအိမ္ေလေအာင့္တာထင္ခဲ့ေပမယ့္ အိမ္ကလူေတြရဲ႕ တိုက္တြန္းမႈေၾကာင့္

ေဆးခန္းသြားျပခဲ့ရာမွာ ေဆးခန္းက ကင္ဆာျဖစ္ႏိုင္ေၾကာင္း၊ အသားစ စစ္ေဆးဖို႔တိုက္တြန္းတာနဲ႔ ထိုင္ဝမ္က နာမည္ႀကီးေဆး႐ုံတစ္ခုမွာ ျပသခဲ့ပါတယ္။

စစ္ေဆးမႈေတြျပဳလုပ္အၿပီးမွာေတာ့ အစာအိမ္ကင္ဆာ S 3 ( တတိယအဆင့္ ) ျဖစ္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ေက်ာင္းသားဟာ အဲ့ဒီျဖစ္ရပ္ေတြမတိုင္ခင္ကလည္း မၾကာခဏ

အဖ်ားေရာဂါကို ခံစားခဲ့ရေပမယ့္ ေဆးခန္းျပတာေလာက္နဲ႔ပဲ ၿပီးသြားတယ္လို႔ဆိုပါတယ္။ အခုလိုေတြ႕ရွိခဲ့ခ်ိန္မွာေတာ့

ကင္ဆာဆဲလ္ေတြဟာ အစာအိမ္ နဲ႔အူနံရံေတြေပၚေတာင္ ေရာက္ရွိေနခဲ့ပါၿပီ။ ေနာက္ၿပီး သူ႔ရဲ႕အသည္းဟာလည္း ပ်က္စီးေနခဲ့ၿပီျဖစ္ပါတယ္။

ဆရာဝန္က ေက်ာင္းသားဟာ အလြန္ဆုံး ေနာက္ထပ္တစ္ႏွစ္နီးပါးေလာက္ပဲ ေနရေတာ့မယ္လို႔ေျပာခဲ့ပါတယ္။အစာအိမ္ျဖစ္ေစတဲ့အေၾကာင္းရင္းကို

ဆရာဝန္ကေျပာၾကားရာမွာ ေခါက္ဆြဲေျခာက္တင္မဟုတ္ပဲ ခ်က္ျပဳတ္တဲ့ေနရာမသန႔္ရွင္းမႈေတြပါ ပါဝင္ႏိုင္တယ္လို႔ဆိုပါတယ္။

သူခ်က္ျပဳတ္တဲ့ေနရာဟာ စြတ္စိုထိုင္းမႈိင္းေနၿပီး ေဘစင္ နဲ႔ မီးဖိုေခ်ာင္မွာလည္း ေရညႇိ နဲ႔ မႈိေတြကပ္ေနတယ္လို႔ အတူေနသူငယ္ခ်င္းတစ္ေယာက္က ဆိုပါတယ္။

အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေတြနဲ႔ပတ္သက္ၿပီး ၂၀၁၄ တုန္းက ဟားဗတ္တကၠသိုလ္က ထုတ္ျပန္ခဲ့ရာမွာ ေခါက္ဆြဲေျခာက္ေတြအလြန္အမင္းစားသုံးျခင္းဟာ ႏွလုံးေရာဂါ၊

အ႐ိုးကြၽတ္ဆတ္ျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ ေသြးတိုး နဲ႔ ေလးဘက္နာေရာဂါ ျဖစ္တာေတြျဖစ္ႏိုင္သလို၊

ျဖစ္ဖို႔အခြင့္အလမ္းေတြနဲ႔လည္းဆက္ႏြယ္ေနတယ္လို႔သိရပါတယ္။၂၀၁၂ မွာေတာ့ ေတာင္ကိုရီးယားအစိုးရဟာ

ႏုံရွင္းမ္ ( Nongshim ) ကုမၸဏီ ကထုတ္လုပ္တဲ့ ေခါက္ဆြဲေျခာက္အမ်ိဳးအစားႏွစ္မ်ိဳးကို ေရာင္းခ်ခြင့္ပိတ္ပင္ၿပီး ကုမၸဏီကို ဒဏ္႐ိုက္ခဲ့ပါတယ္။

အေၾကာင္းရင္းကေတာ့ မယ္လ္မင္း နဲ႔ ခဲဓာတ္ပါဝင္မႈျမင့္တက္ေနလို႔ပါပဲ။ျမန္မာႏိုင္ငံထဲမွာလည္းေခါက္ဆြဲေျခာက္စားသုံးမႈက

ျမင့္တက္ေနပါတယ္။ အေၾကာင္းရင္းကေတာ့ ေဈးကြက္ထဲမွာ ေ႐ြးခ်ယ္စရာ အနံ႔အရသာမ်ားလြန္းတဲ့အမ်ိဳးအစားေတြ၊ ႐ုပ္ရွင္ေတြထဲမွာ စားျပတာေတြက

အဓိကျဖစ္ပါတယ္။သာဓက အေနနဲ႔ ေခါက္ဆြဲေျခာက္ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကိုတင္ျပလိုက္တာျဖစ္ပါတယ္။ လုံးလုံးမစားရဘူးလို႔ မဆိုလိုပါဘူး။ ႀကိဳက္ရင္စားပါ။

ဒါေပမယ့္ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း ေတာ္႐ုံသင့္႐ုံစားတာက ပိုၿပီးေကာင္းမယ္လို႔ အႀကံျပဳလိုက္ရပါတယ္။Gabriel / we media

Unicode

ညတိုင်း ခေါက်ဆွဲပြုတ်တွေ ပဲ စား လို့ အလွန် ဆုံး ၁ နှစ် သာ အသက်ရှင်ခွင့်ရတော့ မယ့် ၁၈ နှစ်ကျောင်းသားလေး ရဲ့ အဖြစ်

၁ ၈ နှစ်အရွယ်ထိုင်ဝမ် အထက်တန်းကျောင်းသားတစ်ဦး ( အမည်မဖော် ) ဟာ နှစ်ဆုံးစာမေးပွဲအတွက် မနားမနေကြိုးစားလိုက်တာ ညစာတောင်

ပြင်ဆင်ပြီးမစားနိုင်တဲ့အထိပါပဲ။ စာမေးပွဲအတွက် လုံးပန်းနေရတာကြောင့် သူဟာ တစ်နှစ်နီးနီးလောက်ထိ ညစဉ်ညတိုင်း အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကိုပဲ

ပြုတ်စားခဲ့ပါတယ်။သူ့ရဲ့ အိပ်မက်က ထိုင်ဝမ်က နာမည်ကြီး နည်းပညာ နဲ့ စက်မှု တက္ကသိုလ်ကြီးတစ်ခုကို ဝင်ခွင့်ရဖို့ပါ။ ဒါပေမယ့် သူ့ရဲ့ အိပ်မက်ကိုအခုအခါမှာ လက်လွှတ်ရဖွယ်ရှိနေပါတယ်။

အကြောင်းကတော့ အဆာလွန်တာတွေ၊ ခေါက်ဆွဲခြောက်ထဲမှာ ပါဝင်တဲ့ မယ်လ်မင်းဓာတ်တွေ ကြောင့် သူဟာ အစာအိမ်ကင်ဆာကို ခံစားနေရလို့ပါပဲ။ဗိုက်ထဲကနေ မခံမရပ်နိုင်အောင်

နာကျင်တဲ့ဝေဒနာကို တစ်ပတ်လောက်ခံစားခဲ့ရပြီး အစမှာတော့ အစာအိမ်လေအောင့်တာထင်ခဲ့ပေမယ့် အိမ်ကလူတွေရဲ့ တိုက်တွန်းမှုကြောင့်

ဆေးခန်းသွားပြခဲ့ရာမှာ ဆေးခန်းက ကင်ဆာဖြစ်နိုင်ကြောင်း၊ အသားစ စစ်ဆေးဖို့တိုက်တွန်းတာနဲ့ ထိုင်ဝမ်က နာမည်ကြီးဆေးရုံတစ်ခုမှာ ပြသခဲ့ပါတယ်။

စစ်ဆေးမှုတွေပြုလုပ်အပြီးမှာတော့ အစာအိမ်ကင်ဆာ S 3 ( တတိယအဆင့် ) ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ကျောင်းသားဟာ အဲ့ဒီဖြစ်ရပ်တွေမတိုင်ခင်ကလည်း မကြာခဏ

အဖျားရောဂါကို ခံစားခဲ့ရပေမယ့် ဆေးခန်းပြတာလောက်နဲ့ပဲ ပြီးသွားတယ်လို့ဆိုပါတယ်။ အခုလိုတွေ့ရှိခဲ့ချိန်မှာတော့

ကင်ဆာဆဲလ်တွေဟာ အစာအိမ် နဲ့အူနံရံတွေပေါ်တောင် ရောက်ရှိနေခဲ့ပါပြီ။ နောက်ပြီး သူ့ရဲ့အသည်းဟာလည်း ပျက်စီးနေခဲ့ပြီဖြစ်ပါတယ်။

ဆရာဝန်က ကျောင်းသားဟာ အလွန်ဆုံး နောက်ထပ်တစ်နှစ်နီးပါးလောက်ပဲ နေရတော့မယ်လို့ပြောခဲ့ပါတယ်။အစာအိမ်ဖြစ်စေတဲ့အကြောင်းရင်းကို

ဆရာဝန်ကပြောကြားရာမှာ ခေါက်ဆွဲခြောက်တင်မဟုတ်ပဲ ချက်ပြုတ်တဲ့နေရာမသန့်ရှင်းမှုတွေပါ ပါဝင်နိုင်တယ်လို့ဆိုပါတယ်။

သူချက်ပြုတ်တဲ့နေရာဟာ စွတ်စိုထိုင်းမှိုင်းနေပြီး ဘေစင် နဲ့ မီးဖိုချောင်မှာလည်း ရေညှိ နဲ့ မှိုတွေကပ်နေတယ်လို့ အတူနေသူငယ်ချင်းတစ်ယောက်က ဆိုပါတယ်။

အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေနဲ့ပတ်သက်ပြီး ၂၀၁၄ တုန်းက ဟားဗတ်တက္ကသိုလ်က ထုတ်ပြန်ခဲ့ရာမှာ ခေါက်ဆွဲခြောက်တွေအလွန်အမင်းစားသုံးခြင်းဟာ နှလုံးရောဂါ၊

အရိုးကျွတ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွေးတိုး နဲ့ လေးဘက်နာရောဂါ ဖြစ်တာတွေဖြစ်နိုင်သလို၊

ဖြစ်ဖို့အခွင့်အလမ်းတွေနဲ့လည်းဆက်နွယ်နေတယ်လို့သိရပါတယ်။၂၀၁၂ မှာတော့ တောင်ကိုရီးယားအစိုးရဟာ

နုံရှင်းမ် ( Nongshim ) ကုမ္ပဏီ ကထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်အမျိုးအစားနှစ်မျိုးကို ရောင်းချခွင့်ပိတ်ပင်ပြီး ကုမ္ပဏီကို ဒဏ်ရိုက်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ မယ်လ်မင်း နဲ့ ခဲဓာတ်ပါဝင်မှုမြင့်တက်နေလို့ပါပဲ။မြန်မာနိုင်ငံထဲမှာလည်းခေါက်ဆွဲခြောက်စားသုံးမှုက

မြင့်တက်နေပါတယ်။ အကြောင်းရင်းကတော့ ဈေးကွက်ထဲမှာ ရွေးချယ်စရာ အနံ့အရသာများလွန်းတဲ့အမျိုးအစားတွေ၊ ရုပ်ရှင်တွေထဲမှာ စားပြတာတွေက

အဓိကဖြစ်ပါတယ်။သာဓက အနေနဲ့ ခေါက်ဆွဲခြောက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတင်ပြလိုက်တာဖြစ်ပါတယ်။ လုံးလုံးမစားရဘူးလို့ မဆိုလိုပါဘူး။ ကြိုက်ရင်စားပါ။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တော်ရုံသင့်ရုံစားတာက ပိုပြီးကောင်းမယ်လို့ အကြံပြုလိုက်ရပါတယ်။Gabriel / we media