ဒါ ရိုက်တာ ညိုမင်းလွင်ရိုက်ကူးပြီး နာမည်ကြီးမင်းသမီး သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာမီ ရုံတင်ပြသတော့မှာပါ….ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်လို့နေပါတယ်…အဆိုပါဇာတ်လမ်းထဲက အဓိက ဖြစ်တဲ့ မြမြဆိုတဲ့ မိန်းကလေးက ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်အတွင်းရှိတဲ့ ကျောက်စိမ်းစက်ရုံမှဝန်ထမ်းတစ်ဦးကို ပူးကပ်ပြီး အဓမ္မကျင့် သတ်ဖြတ် အလောင်းဖြောက်ခံရတယ်လို့ ပြောဆိုခဲ့တာကြောင့် အဆိုပါဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ…

ဒါကြောင့် ဒီ ဇာတ်လမ်းထဲမှာပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကွက်တွေကို ကျောက်စိမ်းစက်ရုံက တာဝန်ရှိသူတွေ သွားကြည့်မှာဖြစ်ပြီး စက်ရုံထိခိုက်နစ်နာပါက လိုအပ်သလိုဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ The Speaker က ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်…မကြာမီ ရုံတင်တော့မယ့်အဆိုပါ ဇာတ်ကားကို စက်ရုံတာဝန်ရှိသူဦးဇော်ဇော်အောင်က သူကိုယ်တိုင်သွားကြည့်မှာဖြစ်ပြီး ဇာတ်ကားပေါ်မူတည်ပြီးတော့ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်….

ယင်းနောက်စက်ရုံတာဝန်ရှိသူများကလည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် အချက်အလက်နဲ့ အဆိုပါသတင်းမှာမဟုတ်မှန်ကြောင်းပြန်လည်ဖြေရှင်းပေးခဲ့ကာ ပြည်သူတွေနားလည်သွားခဲ့တယ်လို့ ဦးဇော်ဇော်အောင်က ဆိုခဲ့ပါတယ်..ဒါ့အပြင် ဒီဇာတ်ကားကို ကိုယ်ပိုင်စိတ်ကူး အိုင်ဒီယာနဲ့ ရိုက်ကူးတယ်ဆိုရင် မပြောလိုဘူးလို့ ဆက်လက်ဆိုခဲ့ပါတယ်….

“မြမြ” ရုပ်ရှင်ဇာတ်ကားဟာ မရိုက်ကူးခင်ကတည်းက သရုပ်ဆောင်ရွေးချယ်တာနဲ့ ပတ်သက်လို့ လူထုအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး မကြာခင်မှာတော့ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်…

Writer – HW (Shwe Yaung Lan)
Source : The Speaker