အေ မရိကန္သမၼတ ဒေါ်နယ်ထရမ့်ကလူလည်၊ စီးပွားရေးသမား .. သူသမ္မတဖြစ်လာဖို့လည်း သူ့ရှိတဲ့ စည်းစိမ် အချို့ပုံအောပြီးရအောင်ယူခဲ့တယ်လို့ မှတ်သားဘူးတယ် ..
သမ္မ တစဖြစ်လာတဲ့ 2016 ခုနှစ်ကတည်း က စီးပွားရေးသမားပီပီ ကမ္ဘာကြီးရဲ့ လူစိတ်အဝင်စားဆုံးသော အကြောင်းအရာ တွေကိုချည်း စပြီးကိုင်တွယ်ခဲ့တာ …
ထရမ့်ကြီး သမ္မတဖြစ်ခွင့်ရတော့ မြန်မာ ပြည်တွင်းက အမျိုးသားရေးဆိုတဲ့ ငပေါငကြောင်တွေ ထပြီးလက်ခမောင်းခတ် လိုက် ကြသေးတယ်၊ သူတို့လို ထရမ်ကြီးက အမျိုးသားရေးဝါဒီသမားကွဆိုပြီး …
နောက်တော့ ထရမ့်ကြီးရဲ့ စီးပွားရေးသမား ပီပီ သူ့နိုင်ငံ သူ့စီးပွားရေးဘဲကြည့်တတ်သူ မှန်းသိလာကြတော့မှ အမျိုးသားရေး ဝါဒီသမားတွေ အသံတိတ်သွားတယ် …
ထရမ့်ကြီးကို သဘောကျတာက ခေတ်ကာ လအဆက်ဆက်မှာ ဘယ်အမေရိကန် သမ္မတမှ မလုပ်ခဲ့တာတွေကို ပြတ်ပြတ် သားသားထလုပ်ပြနိုင်ခဲ့တာတွေဘဲ …
နယ်နမိတ်ခြင်းထိစပ်နေတဲ့ မက္ကစီကို နယ်ခြားကို အုပ်တံတိုင်းကာပစ်လိုက်တယ်။ နိုင်ငံထဲရောက်လာနေတဲ့ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်ဆိုသူတွေကို နိုင်ငံသားပေးခဲ့ခြင်း ခွင့်ပြုခြင်းတွေကို ရပ်ဆိုင်းလိုက်သလို ရှိနေပြီးသားသူတွေကိုလည်း နိုင်ငံသား စီစစ် ဖို့ထက် ပြန်မောင်းထုတ် ခဲ့တယ် …
အာရှလူစွာ မြောက်ကိုရီးယား ဝက်ပုပ်လေး ကိုအပိုးကျိုးသွားအောင် ပညာပေးခဲ့သလို စီးပွားရေးအရှိန်အဟုန် မြင့်တက်လာနေတံ့ တရုပ်ကြီးကိုလည်း ဂုတ်ပိုးဖြတ်ရိုက်ခဲ့တယ် လက်တင်အမေရိက နိုင်ငံတွေကို ဆွထားပေးခဲ့ပြီး ဥရောပနဲ့အာရှအရှေ့အလယ်ပိုင်း ကိုပတ်မွှေပေးခဲ့တယ် …
အာရှရဲစီးပွားရေး ကျားတွေကို လှောင်အိမ် ထဲသွင်း ၊ အမြီးကုပ်စေခဲ့သလို စစ်ရေး သဘောထားတင်းမာတဲ့ စစ်ဝါဒီတွေကို နှာနု ဖြတ်ရိုက်ပြလိုက်သေးတယ် … သမုဒ္ဒရာကြီး နှစ်စင်းကို အပိုင်စီးထားတယ် ပစိဖတ်နဲ့ အိန္ဒိယ သမုဒ္ဒရာတွေကို … ဒါတွေအားလုံးဟာ ထရမ့်ကြီး ကျည်တစ် ချက်မှမဖာက်ဘဲ လိုတိုး ပိုလျှော့ စီးပွား တွက် တွက်ပြီး စူပါ ပါဝါနဲ့ ကမ္ဘာကြီးကို စိတ်တိုင်းကျ ကိုင်လှုပ်သွားတာဘဲ …
UN လို ကမ္ဘာအကြီးဆုံးအဖွဲ့အစည်းကြီးကို ထရမ့်က နှတ်ခမ်းဆွဲဆိပ်ပြီး အသံတိတ်အောင်လည်းလုပ်ပြနိုင်ခဲ့တယ် …
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြီး ကမ္ဘာပတ်စိတ်တိုင်းကျ စူပါ ပါဝါပြပြီး စိတ်တိုင်းကျ လုပ်ချင် ရာလုပ်ပြီးမှ စီးပွားရေးသမား ပီပီအမြတ် အစွမ်းများတဲ့ နည်းပညာနဲ့ ဆရာစားချန် လက်နက်ရောင်းဝယ်ရေးဈေးကွက်ကို ကမ္ဘာပတ် အရောင်းမြှင့်တင်ခဲ့တာတော့ ချီးကျူးဖို့ အလွန်ကောင်းတဲ့ ကမ္ဘာ့အတော်ဆုံး စီးပွားရေး သမားကြီးလိုခေါ်လို့ ရတယ် ….
ကမ္ဘာပေါ်မှာ အတော်ဆုံး အချမ်းသာဆုံး စီးပွားရေးသမားတွေတောင် ထရမ့်ကြီး ခြေဖျားတောင်မှီမယ်မထင်ဘူး …
စီးပွားရေးလုပ်ငန်းမှာ ဘယ်လောက်အောင်မြင်နေတဲ့ စီးပွားရေးသမားဖြစ်ပါစေ ထရမ့်ကြီးလို စူပါ ပါဝါ အိပ်ကပ်ထဲ ထဘ့်ပြီး ကမ္ဘာကြီးကို အဖက်ဖက်က ကိုင်လှုပ် နိုင်တဲ့ စီးပွားရေးသမားဆိုတာ အတော်ရှားပါးတာမို့ …..
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆိုတာ … နိုင်ငံရေးသမားလည်းမဟုတ်ဘူး .. ဘာသာရေးသမားလည်းမဟုတ်ဘူး .. အမျိုးသားရေး ဝါဒီလည်းမဟုတ်ဘုး … စစ်လိုလားတဲ့ စစ်ဝါဒီလည်းမဟုတ်ဘူး .. ငြိမ်းချမ်းရေးသမားလည်းမဟုတ်ဘူး …. ကမ္ဘာဒုက္ခသည် ကူညီပေးမဲ့ ဂရုဏာသမားလည်းမဟုတ်ဘူး …
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆိုတာ စူပါ ပါဝါကြီးကို လက်ထဲဆုပ်ကိုင်ထားပြီး စီးပွားရေးလုပ်နေတဲ့ ကမ္ဘာ့အကြီးစား နည်းပညာနဲ့ လက်နက်အရောင်း စီးပွားရေးသမား ကြီး သက်သက်တစ်ယောက်ဘဲ…
Maung Maung Kyaing
လေးစားစွာဖြင့် Blacker