သံ ပ႐ိုသီးဟာ ဘက္စံုအသံုးဝင္တဲ့ အသီးတစ္မ်ိဳးပါ။ ဟင္းထဲ ထည့္ခ်က္လို႔လည္းရသလို၊ ေဖ်ာ္ရည္ပဲ ေဖ်ာ္ေသာက္ေသာက္ ခႏၶာကိုယ္အတြက္ အရမး္ကုိေကာင္းတဲ့ ဗီတာမင္စီၾကြယ္ဝတဲ့

အသီးပါ။ အလွအပအတြက္ပဲျဖစ္ျဖစ္၊ စားေသာက္ဖို႔အတြက္ပဲျဖစ္ျဖစ္ အရမး္ကိုအသံုးဝင္တဲ့ သံပုယိုသီးပင္ကို အိမ္မွာတင္ ကိုယ္တိုင္စိုက္ပ်ိဳးလို႔ရပါတယ္။ လြယ္ကူရိုးရွင္းျပီး

လူတုိင္းနဲ႔အဆင္ေျပမယ့္ စိုက္ပ်ိဳးနည္းအဆင့္ဆင့္ကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

သံပ႐ိုပင္ကုိ စိုက္ပ်ိဳးဖို႔အတြက္ အဓိကလိုအပ္တဲ့အရာကေတာ့ သံပ႐ိုေစ့ပဲျဖစ္ပါတယ္။ သဘာဝအတိုင္း စိုက္ပ်ိဳးထားတဲ့ သံပ႐ိုသီးရဲ႕ အေစ့ျဖစ္ရပါမယ္။ စိုက္ပ်ိဳးပံုအဆင့္ဆင့္ကေတာ့

ေအာက္မွာ ေဖာ္ျပေပးပါမယ္။

သံပုယိုသီးကို ထက္ဝက္ပိုင္းျပီး အေစ့ေတြကို ထုတ္လိုက္ပါ။

အေစ့ကို ဖံုးထားတဲ့ အခြံပါးပါးေလးကို ဖယ္လိုက္ပါ။

အေစ့ကို မေျခာက္ေသြ႕ေစဖို႔အတြက္ တစ္ရွဴးအစိုေလးနဲ႔ ထုပ္ထားလိုက္ပါ။

အဲ့ဒီ့အေပၚကို ပလတ္စတစ္ေလာင္းျပီး ၃ရက္ ထားလိုက္ပါ။

သံုးရက္ၾကာတဲ့အခါ အေစ့ကေန အေညွာင့္ေလးထြက္လာတာကို ေတြ႔ရမွာပါ။

ျပီးရင္ေတာ့ ေျမၾကီးထည့္ထားတဲ့ ပန္းအိုးထဲကိုေျပာင္းစိုက္ရမွာျဖစ္ပါတယ္။ အေညွာင့္ေလးကို အေပၚဘက္မွာ ထားျပီး ေျမၾကီးထူထူ ဖံုးအုပ္လိုက္ပါ။ ျပီးရင္ေတာ့ ေန႔စဥ္ပံုမွန္ေရေလာင္းေပးကာ အရိပ္ထဲမွာပဲ ထားပါ။ ေျမၾကီးေျခာက္တာနဲ႔ ေရျပန္ျပန္ေလာင္းေပးပါ။

၃ ပတ္ခန္႔ၾကာတဲ့အခါ အပင္ေပါက္ေလးေတြကို ေတြ႔ရမွာျဖစ္ပါတယ္။

အရြက္ေလးေတြ ၄ ရြက္ေလာက္ ေပါက္လာျပီဆိုရင္ေတာ့ အပင္ေလးကို ပန္းအိုးအၾကီးထဲ ေျပာင္းစိုက္ႏိုင္ပါျပီ။

၆လ ကေန တစ္ႏွစ္အတြင္း အသီးေတြ သီးလာမွာျဖစ္ပါတယ္။

ခရက္ဒစ္ အန္တီေမ Em Em

Unicode

သံပရိုသီးကို အိမ်ထဲမှာတင် အလွယ်တကူ စိုက်ပျိုးနိုင်မယ့် နည်းလမ်းအဆင့်ဆင့်

သံပရိုသီးဟာ ဘက်စုံအသုံးဝင်တဲ့ အသီးတစ်မျိုးပါ။ ဟင်းထဲ ထည့်ချက်လို့လည်းရသလို၊ ဖျော်ရည်ပဲ ဖျော်သောက်သောက် ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းတဲ့ ဗီတာမင်စီကြွယ်ဝတဲ့ အသီးပါ။ အလှအပအတွက်ပဲဖြစ်ဖြစ်၊ စားသောက်ဖို့အတွက်ပဲဖြစ်ဖြစ် အရမ်းကိုအသုံးဝင်တဲ့ သံပုယိုသီးပင်ကို အိမ်မှာတင် ကိုယ်တိုင်စိုက်ပျိုးလို့ရပါတယ်။ လွယ်ကူရိုးရှင်းပြီး လူတိုင်းနဲ့အဆင်ပြေမယ့် စိုက်ပျိုးနည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်

သံပရိုပင်ကို စိုက်ပျိုးဖို့အတွက် အဓိကလိုအပ်တဲ့အရာကတော့ သံပရိုစေ့ပဲဖြစ်ပါတယ်။ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ သံပရိုသီးရဲ့ အစေ့ဖြစ်ရပါမယ်။ စိုက်ပျိုးပုံအဆင့်ဆင့်ကတော့ အောက်မှာ ဖော်ပြပေးပါမယ်။

သံပုယိုသီးကို ထက်ဝက်ပိုင်းပြီး အစေ့တွေကို ထုတ်လိုက်ပါ။

အစေ့ကို ဖုံးထားတဲ့ အခွံပါးပါးလေးကို ဖယ်လိုက်ပါ။

အစေ့ကို မခြောက်သွေ့စေဖို့အတွက် တစ်ရှူးအစိုလေးနဲ့ ထုပ်ထားလိုက်ပါ။

အဲ့ဒီ့အပေါ်ကို ပလတ်စတစ်လောင်းပြီး ၃ရက် ထားလိုက်ပါ။

သုံးရက်ကြာတဲ့အခါ အစေ့ကနေ အညှောင့်လေးထွက်လာတာကို တွေ့ရမှာပါ။

ပြီးရင်တော့ မြေကြီးထည့်ထားတဲ့ ပန်းအိုးထဲကိုပြောင်းစိုက်ရမှာဖြစ်ပါတယ်။ အညှောင့်လေးကို အပေါ်ဘက်မှာ ထားပြီး မြေကြီးထူထူ ဖုံးအုပ်လိုက်ပါ။ ပြီးရင်တော့ နေ့စဉ်ပုံမှန်ရေလောင်းပေးကာ အရိပ်ထဲမှာပဲ ထားပါ။ မြေကြီးခြောက်တာနဲ့ ရေပြန်ပြန်လောင်းပေးပါ။

၃ ပတ်ခန့်ကြာတဲ့အခါ အပင်ပေါက်လေးတွေကို တွေ့ရမှာဖြစ်ပါတယ်။

အရွက်လေးတွေ ၄ ရွက်လောက် ပေါက်လာပြီဆိုရင်တော့ အပင်လေးကို ပန်းအိုးအကြီးထဲ ပြောင်းစိုက်နိုင်ပါပြီ။

၆လ ကနေ တစ်နှစ်အတွင်း အသီးတွေ သီးလာမှာဖြစ်ပါတယ်။

ခရက်ဒစ် အန်တီမေ Em Em