အော င်ရဲထွေးကတော့ လူမှုကွန်ရက်စာမျက်နာထက်ကနေ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေကို ဖန်တီးတင်ဆက်ပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ နောက်ပိုင်းမှာ အနုပညာလောကထဲမှာ သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါဝင်ရိုက်ကူးရတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တာလည်း ပရိသတ်တွေသိရှိပြီးဖြစ်မှာပါ။အောင်မြင်မှုတွေစတင်ရရှိလာချိန်မှာပဲ လူတစ်စုရဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရတာကြောင့် လွန်ခဲ့တဲ့ (၂)နှစ်ကျော် ဇန်နဝါရီလ (၂)ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီး

ဒီ သတင်းကြောင့် သူရဲ့ပရိသတ်တွေတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ပရိသတ်တွေကတော့ သူ့ရဲ့ ဟာသဗီဒီယိုလေးတွေနဲ့ အတူအောင်ရဲထွေးကို ဒီနေ့အချိန်ထိ သတိရလွမ်းဆွတ်နေကြပါသေးတယ်။အောင်ရဲထွေးရဲ့ အနုပညာဖန်တီးမှုတွေကို လွမ်းဆွတ်နေတဲ့ ပရိသတ်တွေအတွက်ကိုတော့ အောင်ရဲထွေးရဲ့ နောက်ဆုံးအနုပညာမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ “ဒိုင်ယာရီ”လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာမီပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့မှာပါ။

အောင်ရဲထွေး ရဲ့ အကိုဖြစ်သူ က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အောင်ရဲထွေးဟာ သူအရမ်းကြိုးစားခဲ့သော ရုပ်ရှင်၊ သူသရုပ်ဆောင်ရတာ အားရခဲ့သောရုပ်ရှင်၊ သူ့ပရိသတ်များအတွက် သူအကောင်းဆုံးချပြခဲ့သောရုပ်ရှင်၊ သူ့အတွက် ဒီကားရဲ့နောက်မှာ၊ ထပ်ရှိမနေခဲ့သော ရုပ်ရှင်ကား၊ သူ့အတွက် မှတ်တိုင်တစ်ခုဖြစ်လာတဲ့၊”ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားကြီးပါ။ တာဝန်ကျေပါတယ် ညီလေးရေ၊ပရိသတ်တွေ ကျေနပ်မှာပါ”ဆိုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အောင်ရဲထွေးရဲ့ ပရိသတ်တွေအတွက်တော့ အောင်ရဲထွေးကို အလွမ်းဖြေလို့ရမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လိမ့်မယ်ထင်ပါတယ်။

Source – Nay Zin Latt
Chilli – CeleGabar