မိ ဘကျေးဇူးဆိုတာ ကြီးမားလှပါတယ် ဒါကိုသားသမီးတိုင်းနားလည်ချင်မှ နားလည်ပါလိမ့်မယ် တချို့သားသမီးတွေက ပညာအရမ်းတတ်သွားတဲ့အခါ ဆင်းရဲပြီး အိုမင်းတဲ့ မိဘတွေကို ပစ်ထားတတ်ကြပါတယ် တချို့ကတော့ ချမ်းသာသွားတဲ့အခါ တချို့ကတော့ မိမိကအရမ်းချောမောလှပနေပြီး မိဘက ရုပ်ဆိုးဆင်းရဲနေတဲ့အခါ မိမိတို့ရဲ့ မိဘဖြစ်သူတွေကို ဒါငါ့အဖေငါ့အမေလို့ ပြောဖို့တောင် ရှက်ကြပါတယ်….

ခုအဖြစ်အပျက်လေးကတော့ အင်မတန်ချောမောလှပလွန်းတဲ့ သမီးဖြစ်သူက ဆင်းရဲချို့တဲ့ အိုမင်းပြီး ရုပ်ရည်ပါ ဆိုးလွန်းတဲ့ ဖခင်ဖြစ်သူကို ပစ်မသွားဘဲ ပြုစုလုပ်ကျွေးတဲ့ အဖြစ်အပျက်လေးပါ ဒီအကြောင်းလေးကိုတော့ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံစလုံးက ပြောဆိုနေကြပါတယ် အဖေ့အပေါ်အရမ်းချစ်ပြီး ပြုစုတတ်တဲ့ အဲဒီမိန်းကလေးကို ချီးကျူးနေကြတာပါ….

ရုပ်အရမ်းချောပေမယ့် မိမိအဖေက မိမိလိုမဟုတ်တဲ့အခါ ရှက်ရွံခြင်းမရှိဘဲ အဖေ့ကို သေသေချာချာပြုစုပေးတာပါ ဒါကြောင့် ဒီမိန်းကလေးဟာ အဆိုပါ ၃ နိုင်ငံမှာ ချီးကျူးပြောဆိုခြင်းကို ခံနေရတာပါ ဒီအဖြစ်အပျက်လေးကတော့ သားသမီးတွေဟာ ဘယ်ဘဝရောက်ရောက် မိမိရဲ့ မိဘတွေအပေါ် လုံးဝပစ်မသွားကြပါနဲ့လို့ ဆိုနေသလိုပါပဲ ဒီအဖြစ်အပျက်လေးကို ပရိသတ်ကြီးတို့လည်း ချီးကျူးကြမယ်ထင်ပါတယ်မိမိပတ်ဝန်းကျင်မှာ ဒီလို အတုယူလေးစားဖွယ်ရာ လူတွေ တိုးပွားလာအောင် ဒီစာလေးကို Share ပေးနိုင်ပါတယ်…

အားလုံးပဲ မိဘအပေါ် သိတတ်ပြီး မိဘက အားကိုးရတဲ့ သားသမီးအလိမ္မာတွေ ဖြစ်ကြပါစေနော်..