ပြီး ခဲ့တဲ့ ရက်ပိုင်းက အဆိုတော် အစ္စဏီတစ်ယောက် ထောင် ၇ နှစ်ကျသွားတဲ့အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့နေတာပါ….နောက်ပြီး တရားလိုဖြစ်တဲ့ စူးရှထက်က ကျေအေးပေးပေမဲ့ ဘာလို့ ခုလို ထောင်ကျခဲ့ရသလဲဆိုတာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး တရားရုံးရဲ့ ပြန်ကြားရေးအရာရှိက ထောင် ၇ နှစ်ကျခဲ့ရတဲ့အပေါ်မှာ ဖြေရှင်းပြောဆိုမှုတွေရှိခဲ့ပါတယ်….

ခုလို ကျေအေးပေးလိုက်သော်လည်း ထောင်ကျသွားတဲ့ အစ္စဏီနဲ့ ပတ်သက်ပြီး တရားလိုဖြစ်ခဲ့ပြီး ကျေအေးပေးခဲ့သူ စူးရှထက်က ပထမဆုံးအကြိမ် အင်တာဗျူးတစ်ခုကနေ ရင်ဖွင့်လာခဲ့ပါတယ်…

ကျေအေးပေးခဲ့တုန်းက လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်ပြီး စူးရှထက်က ဖွင့်ပြောခဲ့ရမှာတော့ တရားသူကြီးကိုယ်တိုင် ကျေအေးပေးတာ သေချာလားဆိုပြီး ကျေအေးပေးလွှာကို နှစ်ခါသုံးခါ ဖတ်ပြတဲ့အကြောင်း…မိမိအနေနဲ့လည်း သေချာပါတယ်ဆိုပြီး တရားသူကြီးနဲ့ ရှေ့နေရှေ့မှာ တရားဝင်လက်မှတ်ထိုးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်…

မီဒီယာတွေ ရှေ့မှာလည်း လက်မှတ်ထိုးတဲ့ ကျေအေးလွှာကို ပြခဲ့ကြောင်း..အဲဒီနောက်ပိုင်း ပြီးသွားပြီ ဆိုပြီး တရားရုံးလည်းမသွားဘဲနေခဲ့ရာမှ မီဒီယာတွေက အစ္စဏီကိစ္စသိလားဆိုပြီး ဖုန်းဆက်မေးကြတယ်လို့ ဆိုပါတယ်….

စူးရှထက်ရဲ့ ကျေအေးလွှာဟာ အကျုံးမဝင်ဘူးဆိုပြီး ရှေ့နေတစ်ဦးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရှေ့နေက စာအများကြီးတတ်ပြီး သူဟာရှေ့နေလောက် စာလည်းမတတ် ပညာလည်းမတတ်ကြောင်း တကယ်လို့ ကျေအေးပေးလွှာဟာ အကျုံးမဝင်ဘူးဆိုရင် သူမကို လာပြောပြရင် အတတ်နိုင်ဆုံးကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်… ပရိသတ်တွေ အထင်လွဲနေတဲ့အပေါ်မှာလည်း ပရိသတ်တွေကတရားသူကြီး ရှေ့နေလည်းမဟုတ်လို့ နားမလည်လို့ပြောတာဖြစ်တဲ့အတွက် ပြောကြပါစေလို့ ဆိုခဲ့ပါတယ်…

သွေးမတော် သားမစပ်တဲ့ သူစိမ်းတွေကတောင် ဒီလိုမျိုးဖြစ်သွားတာ စိတ်မကောင်းဖြစ်နေကြတာ သူမအနေနဲ့လည်း အစ္စဏီနဲ့ ပတ်သက်ခဲ့တာဖြစ်လို့ စိတ်မကောင်းဖြစ်ရပြီး လွတ်စေချင်တယ်လို့ ဆိုခဲ့ပြီး အခုဖြစ်နေတာတွေက စူးရှနဲ့ မအပ်စပ်ပါဘူးလို့ သူက ဆိုခဲ့ပါတယ်……အစ္စဏီနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းတွေကို စူးရှထက်က ဝမ်းနည်းစွာနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာပါ..စူးရှထက် ဖြေဆိုခဲ့တဲ့ အကြောင်းအပြည့်အစုံ ဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Sunday Journal