အ ဆိုေတာ္အစၥဏီဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၇ ရက္ေန႔မွာ အဓမၼျပဳက်င့္ ႏွိပ္စက္မႈနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္…တရားလိုျဖစ္တဲ့ စူးရွထက္က ေၾကေအးခဲ့ေပမယ့္ ခုလိုေထာင္ဒဏ္ခ်မွတ္ခဲ့တာေၾကာင့္ အားလုံးက မထင္မွတ္ဘဲ အံ့ၾသၾကရသလို ဘာေၾကာင့္ခုလိုျဖစ္ရတာလဲ သိခ်င္ေနၾကတာပါ…

ဒါေၾကာင့္မို႔ ခုလို ေၾကေအးေပးေပမယ့္ ေထာင္ဒဏ္ခ်မွတ္ခဲ့ရတဲ့ အေၾကာင္းကို တာေမြၿမိဳ႕နယ္ သတင္းနဲ႔ ျပန္ၾကားေရးအရာရွိ ဦးဝင္းေဇာ္ဦးက ဧရာဝတီသတင္းဌာနကို ေျပာျပခဲ့တယ္လို႔ သိရပါတယ္…

ဦးဝင္းေဇာ္ဦးက ဆိုရမွာ တရားလို စူးရွထက္ရဲ့ ေၾကေအးလႊာဟာ အမႈ႐ုတ္သိမ္းခြင့္ရေလာက္တဲ့အထိ တင္ထားတဲ့ စာမဟုတ္ဘဲ ရာဇဝတ္က်င့္ထုံး ပုဒ္မ ၄၉၄ အရ ေဆာင္ရြက္နိုင္ျခင္း မရွိခဲ့ဘဲ ရွိခဲ့ရင္ေတာ့ အေျဖဟာ တမ်ိဳးျဖစ္နိုင္တယ္လို႔ ဆိုပါတယ္….

စူးရွထက္ရဲ့ စာဟာ ႐ုတ္သိမ္းခြင့္ရေလာက္တဲ့အထိ တင္ထားတဲ့စာမဟုတ္တာကို ဥပေဒပညာရွင္ေတာ္ေတာ္မ်ားမ်ားက သိတယ္လို႔လည္း သူကေျပာခဲ့ပါတယ္…ဒါ့အျပင္ အစၥဏီကို တရားစြဲဆိုခံထားရတဲ့ ပုဒ္မေတြျဖစ္တဲ့ ပုဒ္မ ၃၇၆ ၊ ပုဒ္မ ၃၂၄ ၊ ပုဒ္မ ၃၂၃ တို႔အတြက္ ျပစ္ဒဏ္ကိုလည္း တေပါင္းတည္း ၇ ႏွစ္သာခ်မွတ္ခဲ့တယ္လို႔ ဆိုခဲ့ၿပီး ဒါဟာ ျပစ္ဒဏ္အမ်ားႀကီးေလၽွာ့ေပးထားတာလို႔လည္း ဦးဝင္းေဇာ္ဦးရဲ့ ေျပာၾကားခ်က္ကို ဧရာဝတီသတင္းဌာနက ေဖာ္ျပခဲ့တာပါ…

ခုျပစ္ဒဏ္ေတြအတြက္ အစၥဏီဟာ ရက္ေပါင္း ၃၀ အတြင္း အယူခံဝင္နိုင္တယ္လို႔လည္း သိရပါတယ္…ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း အစၥဏီတစ္ေယာက္ အယူခံဝင္ရာမွာ အဆင္ေျပမႈေတြနဲ႔ ၾကဳံရပါေစလို႔ ဆုေတာင္းေပးခဲ့ၾကပါအုံးေနာ္..

Writer – HW (Shwe Yaung Lan)
Source : ဧရာဝတီ

Unicode

အ ဆိုတော်အစ္စဏီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ အဓမ္မပြုကျင့် နှိပ်စက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရပါတယ်…တရားလိုဖြစ်တဲ့ စူးရှထက်က ကြေအေးခဲ့ပေမယ့် ခုလိုထောင်ဒဏ်ချမှတ်ခဲ့တာကြောင့် အားလုံးက မထင်မှတ်ဘဲ အံ့သြကြရသလို ဘာကြောင့်ခုလိုဖြစ်ရတာလဲ သိချင်နေကြတာပါ…

ဒါကြောင့်မို့ ခုလို ကြေအေးပေးပေမယ့် ထောင်ဒဏ်ချမှတ်ခဲ့ရတဲ့ အကြောင်းကို တာမွေမြို့နယ် သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးဝင်းဇော်ဦးက ဧရာဝတီသတင်းဌာနကို ပြောပြခဲ့တယ်လို့ သိရပါတယ်…

ဦးဝင်းဇော်ဦးက ဆိုရမှာ တရားလို စူးရှထက်ရဲ့ ကြေအေးလွှာဟာ အမှုရုတ်သိမ်းခွင့်ရလောက်တဲ့အထိ တင်ထားတဲ့ စာမဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၄ အရ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ ရှိခဲ့ရင်တော့ အဖြေဟာ တမျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်….

စူးရှထက်ရဲ့ စာဟာ ရုတ်သိမ်းခွင့်ရလောက်တဲ့အထိ တင်ထားတဲ့စာမဟုတ်တာကို ဥပဒေပညာရှင်တော်တော်များများက သိတယ်လို့လည်း သူကပြောခဲ့ပါတယ်…ဒါ့အပြင် အစ္စဏီကို တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၇၆ ၊ ပုဒ်မ ၃၂၄ ၊ ပုဒ်မ ၃၂၃ တို့အတွက် ပြစ်ဒဏ်ကိုလည်း တပေါင်းတည်း ၇ နှစ်သာချမှတ်ခဲ့တယ်လို့ ဆိုခဲ့ပြီး ဒါဟာ ပြစ်ဒဏ်အများကြီးလျှော့ပေးထားတာလို့လည်း ဦးဝင်းဇော်ဦးရဲ့ ပြောကြားချက်ကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တာပါ…

ခုပြစ်ဒဏ်တွေအတွက် အစ္စဏီဟာ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်တယ်လို့လည်း သိရပါတယ်…ဒါကြောင့် ပရိသတ်ကြီးတို့လည်း အစ္စဏီတစ်ယောက် အယူခံဝင်ရာမှာ အဆင်ပြေမှုတွေနဲ့ ကြုံရပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer – HW (Shwe Yaung Lan)
Source : ဧရာဝတီ