အ စိုးရအရာရှိကြီးတွေကို ချပေးမယ့် ကားပါမစ်ကြောင့်ဘာတွေပြောင်းလဲနိုင်လဲ၊ ပြည်သူတွေ ဘယ်လိုမြင်ကြလဲ

နိုင်ငံတော် သမ္မတ ကစပြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ်၊ ဝန်ကြီးတွေနအပါအဝင် ညွှန်ချုပ်၊ဒုညွှန်ချုပ်တွေနဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကိုပါ ကားပါမစ်ထုတ်ပေးသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အရ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တန်ဖိုး သိန်း ၁၅၀၀ တန်ဖိုးရှိ ကားကို တင်သွင်းခွင့်ရသလို၊ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရမှာဖြစ်ပါတယ်။

ဒီလိုတင်သွင်းခွင့်ပြုရာမှာ အခွန်အရပ်ရပ်ကို ကင်းလွတ်ခွင့်ရမှာလဲဖြစ်ပါတယ်ပြည်သူတွေအပေါ် မော်တော်ယာဉ်နဲ့ပတ်သက်လို့ အခွန်ကန့်သတ်ချက်တွေ တိုးမြှင့်ဆောင်ရွက်နေချိန်မှာ အခုလို ကြေညာချက်ထွက်လာတဲ့အတွက် ပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေလည်းရှိလာခဲ့ပါတယ်။

ဒီလိုဝေဖန်သံတွေကြား ကားပါမစ်ချပေးတဲ့အမိန့်ကို ဆိုင်းငံ့မယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်ပေါ်လာခဲ့ပါတယ်အစိုးရအရာရှိကြီးတွေကို ချပေးမယ့် ကားပါမစ်တွေကြောင့် ကားဈေးကွက်အတွင်းမှာရော ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ။

လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLDပါတီအနေနဲ့ အခုထုတ်ပြန်လာတဲ့ထုတ်ပြန်ချက်တွေဟာ ရွေးကောက်ပွဲ ကာလပြောဆိုချက်တွေနဲ့ ကိုက်ညီပါရဲ့လားဒီအပေါ်မှာ ပြည်သူအများစုရဲ့ အမြင်တွေက ဘယ်လိုရှိပါသလဲ။

ဒီအကြောင်းတွေကို ဒီကနေ့ နေ့လယ်မှာပြုလုပ်မယ့် ဘီဘီစီမြန်မာပိုင်းရဲ့ Friday Live အစီအစဉ်မှာ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း နဲ့အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အိသဉ္ဇာမောင်တို့ကို ဖိတ်ခေါ်ပြီး တိုက်ရိုက်ဆွေးနွေးပြောဆိုသွားဖို့ရှိပါတယ်။ဘီဘီစီမြန်မာပိုင်း ပရိသတ်တွေအနေနဲ့လည်း မိမိတို့ရဲ့ အမြင်သဘောထားတွေကို ဝင်ရောက်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

NLD အစိုးရ ကားပါမစ် စီးပွားရေးဘီဘီစီမြန်မာပိုင်း Friday liveအစိုးရအရာရှိကြီးတွေကို ချပေးမယ့် ကားပါမစ်ကြောင့်ဘာတွေပြောင်းလဲနိုင်လဲ၊ ပြည်သူတွေ ဘယ်လိုမြင်ကြလဲ

နိုင်ငံတော် သမ္မတ ကစပြီးအစိုးရအဖွဲ့က ၀န်ကြီးချုပ်၊ ၀န်ကြီးတွေနအပါအ၀င် ညွှန်ချုပ်၊ဒုညွှန်ချုပ်တွေနဲ့ လုပ်သက် ၂၅နှစ်ရှိ ၀န်ထမ်းကောင်းတွေကိုပါ ကားပါမစ်ထုတ်ပေးသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အရ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က တန်ဖိုး သိန်း ၁၅၀၀ တန်ဖိုးရှိ ကားကို တင်သွင်းခွင့်ရသလို၊ ဒုညွှန်ချုပ်နဲ့ လုပ်သက် ၂၅နှစ်ရှိ ဝန်ထမ်းကောင်းတွေကတော့ သိန်း ၃၀၀ တန်ဖိုးရှိတဲ့ ကားကိုတင်သွင်း ခွင့်ရမှာဖြစ်ပါတယ်။ဒီလိုတင်သွင်းခွင့်ပြုရာမှာ အခွန်အရပ်ရပ်ကို ကင်းလွတ်ခွင့်ရမှာလဲဖြစ်ပါတယ်။

ပြည်သူတွေအပေါ် မော်တော်ယာဉ်နဲ့ပတ်သက်လို့ အခွန်ကန့်သတ်ချက်တွေ တိုးမြှင့်ဆောင်ရွက်နေချိန်မှာ အခုလို ကြေညာချက်ထွက်လာတဲ့အတွက် ပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေလည်းရှိလာခဲ့ပါတယ်ဒီလိုဝေဖန်သံတွေကြား ကားပါမစ်ချပေးတဲ့အမိန့်ကို ဆိုင်းငံ့မယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။

အစိုးရအရာရှိကြီးတွေကို ချပေးမယ့် ကားပါမစ်တွေကြောင့် ကားဈေးကွက်အတွင်းမှာရော ဘယ်လို သက်ရောက်မှုတွေရှိလာမလဲလက်ရှိ အာဏာရပါတီဖြစ်တဲ့ NLDပါတီအနေနဲ့ အခုထုတ်ပြန်လာတဲ့ထုတ်ပြန်ချက်တွေဟာ ရွေးကောက်ပွဲ ကာလပြောဆိုချက်တွေနဲ့ ကိုက်ညီပါရဲ့လား။

ဒီအပေါ်မှာ ပြည်သူအများစုရဲ့ အမြင်တွေက ဘယ်လိုရှိပါသလဲဒီအကြောင်းတွေကို ဒီကနေ့ နေ့လယ်မှာပြုလုပ်မယ့် ဘီဘီစီမြန်မာပိုင်းရဲ့ Friday Live အစီအစဉ်မှာ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း နဲ့အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အိသဉ္ဇာမောင်တို့ကို ဖိတ်ခေါ်ပြီး တိုက်ရိုက်ဆွေးနွေးပြောဆိုသွားဖို့ရှိပါတယ်။

ဘီဘီစီမြန်မာပိုင်း ပရိသတ်တွေအနေနဲ့လည်း မိမိတို့ရဲ့ အမြင်သဘောထားတွေကို ၀င်ရောက်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

NLD အစိုးရ ကားပါမစ် စီးပွားရေးဘီဘီစီမြန်မာပိုင်း Friday live