က်ေနာ္ၾကံဳ ရ သိရ သေလာက္ဆိုရင္ ႏိုင္ငံရဲ႕႔ ဌာနဆိုင္ရာေတာ္ေတာ္မ်ားမ်ားမွာ တာ၀န္ထမ္းေဆာင္ေနၾကတဲ့ ညႊန္ခ်ဳပ္ရာထူး ရွိတဲ့သူ ၉၉% ႏႈန္းေလာက္က ကိုယ္ပိုင္ကားတစီးမဟုတ္ တစီး အနည္းဆံုး ရွိေနၾကသူေတြခ်ည္းပါ ။ ေလး ငါး စီးရွိတဲ့သူေတြေတာင္မ်ားပါတယ္..

ဒါကို သိေနလွ်က္နဲ ့မ်ား အခြန္ကင္းလြတ္ခြင့္နဲ့ ကားပါမစ္ေတြခ်ေပးလိုက္တာ ဘယ္လိုမွနားလည္လို႔ မရဘူး.. တကယ္မရွိလို႔ လိုအပ္လို႔မွ မဟုတ္ပဲ..

က်ေနာ္က ၀န္ထမ္း သားသမီး စစ္စစ္ အေဖက ေက်ာင္းဆရာ အေမက သူနာျပဳ ေအာက္ေျခ၀န္ထမ္းသားသမီးစစ္စစ္ ရင္နာနာနဲ ့ေျပာရရင္ မူလတန္းေက်ာင္းအုပ္ဆရာ အေျခခံပညာေရး ၀န္ထမ္းအေဖ ပင္စင္ယူျပီး ဆံုးသြားေတာ့ အေဖ့ပင္စင္ကို က်န္ခဲ့သူ အေမက မိသားစုပင္စင္အေနနဲ ့ေျပာင္းေလွ်ာက္တာေတာင္ ေခ်ာင္ထိုးခံရျပီး မ်က္ကြယ္ျပဳခံရတဲ့ အျဖစ္..

ဧရာ၀တီတိုင္း ပင္စင္ဦးစီးဌာနရဲ ့အေၾကာင္းျပခ်က္ကေတာ့ တိုင္းျပည္ရဲ ့ဘ႑ာေငြေလလြင္ႊင့္မႈ မရွိေအာင္ အစိုးရေပၚလစီ ေျပာင္းသြားလို႔ပါတဲ့.. အဲသလို ေအာက္ေျခ၀န္ထမ္းေတြကို ဥပကၡာလြယ္လြယ္ျပဳႏိုင္တဲ့ က်ေနာ္တို႔တိုင္းျပည္က ခုမ်ားက်ေတာ့ မ်က္ႏွာၾကီးရာဟင္းဖတ္ပါဆိုရိုးလို ဌာနဆိုင္ရာေတြမွာ ညႊန္ခ်ဳပ္အဆင့္ႏွင့္အထက္ေတြနဲ ့ ႏိုင္ငံ၀န္ထမ္းေကာင္းတံဆိပ္ရရွိသူေတြပဲ ကားပါမစ္ေတြ အခြန္ကင္းလြတ္ခြင့္နဲ ့ ခ်ေပးပါဦးမတဲ့ေလ..

စိတ္မေကာင္းပါဘူးအေဖ.. ညည ေရနံဆီမီးအိမ္တလံုးနဲ ့ ႏွစ္ရွည္လမ်ား စာဖ်က္ အမွတ္ေပးလုပ္ခဲ့တဲ့အေဖ.. လိႈင္းထဲေလထဲမိုးရြာထဲမွာ ေလွတစီးနဲ ့ ၀ါတာဖလူးျခံဳျပီး ေက်ာင္းတက္ ေက်ာင္းဆင္း လုပ္ခဲ့အေဖ.. Duster မရွိလို႔ ဘုန္းၾကီးသကၤန္အေဟာင္းကို လံုးျပီး ေျမျဖဴဖ်က္ရတဲ့အေဖ.. အေထြအေထြလုပ္သားမရွိတဲ့ေခတ္မို႔ ေက်ာင္းေသာက္ေရအုိး ကိုယ္တိုင္ျဖည့္ရတဲ့အေဖ ေလျပင္းက်လို႔ ေက်ာင္းအမုိုးလန္သြားလို႔ ဓနိတက္မိုးရင္လဲ အေဖ.. ေတာေက်ာင္းဆရာဘ၀မွာ ဘယ္ေလာက္ပဲေက်နပ္ေနေန အေဖတို႔က ႏိုင္ငံ၀န္ထမ္းေကာင္းမဟုတ္ဘူး အေဖ.. ေအာက္ေျခ နင္းျပားျပည္သူေတြ ရွိသလို ေအာက္ေျခ နင္းျပား ၀န္ထမ္းေတြရွိေနေသးတယ္ဆိုတာ.. တျဖည္းျဖည္းကြဲျပားလာျပီအေဖ…

စစ္အစိုးရရယ္ Demo အစိုးရရယ္ဆိုတာ… တခါတခါေတာ့ အမဲေရာင္နဲ ့ အနက္ေရာင္ လိုပါပဲ.. ဖ်က္ကနဲၾကည့္ရင္ တူသလိုလို နဲ ့ ေသေသခ်ာခ်ာၾကည့္ေတာ့လဲ တူေနတာပါပဲ.. အေခၚအေ၀ၚေလးပဲ ကြာတာပါ..

အေဖတို႔လို ေတာေက်ာင္းဆရာၾကီးေတြမ်ား က်ေနာ့္ဒီစာကိုဖတ္မိၾကရင္ ဆရာၾကီးတို႔လို ေအာက္ေျခေတာေက်ာင္းဆရာၾကီးေတြအတြက္ ဘာမမွမေွ်ာ္လင့္မေနပါနဲ ့..

ဆရာၾကီးတို႔ကို ဘယ္သူကမွ စက္ဘီးတစီး ေလွတစင္း ကို စီမံေပးမွာမဟုတ္ပါဘူး… အသက္ျပည့္လို႔ ပင္စင္ရရင္ေတာင္မွ ႏိုင္ငံေတာ္ရဲ႕ ဘ႑ာေငြအေျခအေနေပၚမူတည္ပါတယ္.. အခန္႔မသင့္ရင္ မႏၱေလးက ဆရာမၾကီးေဒၚမာမာျမင့္လို သံုးႏွစ္စာလစာကို ျပန္ေလွ်ာ္ရကိန္း ရွိတတ္ပါတယ္..

အေဖတို႔လိုေတာေက်ာင္းဆရာၾကီးေတြအတြက္ တိုင္းျပည္ရဲ႕ ဘ႑ာက လိုေငြျပေနေပမယ့္ ညႊန္ခ်ဳပ္နဲ ့အထက္ဆိုရင္ေတာ့ အခြန္အခက မႈစရာမလိုဘူးဆိုတာ တမလြန္က အေဖသိေစခ်င္ေၾကာင္း ဆႏၵျပဳရင္း အေဖ႔ပင္စင္အေၾကာင္းေလးေရးထားတာကိုေတာ့ ေအာက္ကလင့္မွာ ျပန္လည္ ဖတ္ရႈႏိုင္ပါတယ္..

ေလးစားစြာျဖင့္ – ျမတ္သူ
Credit – Blacker

Unicode

ကျနော်ကြုံ ရ သိရ သလောက်ဆိုရင် နိုင်ငံရဲ့့ ဌာနဆိုင်ရာတော်တော်များများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ညွှန်ချုပ်ရာထူး ရှိတဲ့သူ ၉၉% နှုန်းလောက်က ကိုယ်ပိုင်ကားတစီးမဟုတ် တစီး အနည်းဆုံး ရှိနေကြသူတွေချည်းပါ ။ လေး ငါး စီးရှိတဲ့သူတွေတောင်များပါတယ်..

ဒါကို သိနေလျှက်နဲ ့များ အခွန်ကင်းလွတ်ခွင့်နဲ့ ကားပါမစ်တွေချပေးလိုက်တာ ဘယ်လိုမှနားလည်လို့ မရဘူး.. တကယ်မရှိလို့ လိုအပ်လို့မှ မဟုတ်ပဲ..

ကျနော်က ဝန်ထမ်း သားသမီး စစ်စစ် အဖေက ကျောင်းဆရာ အမေက သူနာပြု အောက်ခြေဝန်ထမ်းသားသမီးစစ်စစ် ရင်နာနာနဲ ့ပြောရရင် မူလတန်းကျောင်းအုပ်ဆရာ အခြေခံပညာရေး ဝန်ထမ်းအဖေ ပင်စင်ယူပြီး ဆုံးသွားတော့ အဖေ့ပင်စင်ကို ကျန်ခဲ့သူ အမေက မိသားစုပင်စင်အနေနဲ ့ပြောင်းလျှောက်တာတောင် ချောင်ထိုးခံရပြီး မျက်ကွယ်ပြုခံရတဲ့ အဖြစ်..

ဧရာဝတီတိုင်း ပင်စင်ဦးစီးဌာနရဲ ့အကြောင်းပြချက်ကတော့ တိုင်းပြည်ရဲ ့ဘဏ္ဍာငွေလေလွင်ွှင့်မှု မရှိအောင် အစိုးရပေါ်လစီ ပြောင်းသွားလို့ပါတဲ့.. အဲသလို အောက်ခြေဝန်ထမ်းတွေကို ဥပက္ခာလွယ်လွယ်ပြုနိုင်တဲ့ ကျနော်တို့တိုင်းပြည်က ခုများကျတော့ မျက်နှာကြီးရာဟင်းဖတ်ပါဆိုရိုးလို ဌာနဆိုင်ရာတွေမှာ ညွှန်ချုပ်အဆင့်နှင့်အထက်တွေနဲ ့ နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ရရှိသူတွေပဲ ကားပါမစ်တွေ အခွန်ကင်းလွတ်ခွင့်နဲ ့ ချပေးပါဦးမတဲ့လေ..

စိတ်မကောင်းပါဘူးအဖေ.. ညည ရေနံဆီမီးအိမ်တလုံးနဲ ့ နှစ်ရှည်လများ စာဖျက် အမှတ်ပေးလုပ်ခဲ့တဲ့အဖေ.. လှိုင်းထဲလေထဲမိုးရွာထဲမှာ လှေတစီးနဲ ့ ၀ါတာဖလူးခြုံပြီး ကျောင်းတက် ကျောင်းဆင်း လုပ်ခဲ့အဖေ.. Duster မရှိလို့ ဘုန်းကြီးသင်္ကန်အဟောင်းကို လုံးပြီး မြေဖြူဖျက်ရတဲ့အဖေ.. အထွေအထွေလုပ်သားမရှိတဲ့ခေတ်မို့ ကျောင်းသောက်ရေအိုး ကိုယ်တိုင်ဖြည့်ရတဲ့အဖေ လေပြင်းကျလို့ ကျောင်းအမိုုးလန်သွားလို့ ဓနိတက်မိုးရင်လဲ အဖေ.. တောကျောင်းဆရာဘဝမှာ ဘယ်လောက်ပဲကျေနပ်နေနေ အဖေတို့က နိုင်ငံဝန်ထမ်းကောင်းမဟုတ်ဘူး အဖေ.. အောက်ခြေ နင်းပြားပြည်သူတွေ ရှိသလို အောက်ခြေ နင်းပြား ဝန်ထမ်းတွေရှိနေသေးတယ်ဆိုတာ.. တဖြည်းဖြည်းကွဲပြားလာပြီအဖေ…

စစ်အစိုးရရယ် Demo အစိုးရရယ်ဆိုတာ… တခါတခါတော့ အမဲရောင်နဲ ့ အနက်ရောင် လိုပါပဲ.. ဖျက်ကနဲကြည့်ရင် တူသလိုလို နဲ ့ သေသေချာချာကြည့်တော့လဲ တူနေတာပါပဲ.. အခေါ်အဝေါ်လေးပဲ ကွာတာပါ..

အဖေတို့လို တောကျောင်းဆရာကြီးတွေများ ကျနော့်ဒီစာကိုဖတ်မိကြရင် ဆရာကြီးတို့လို အောက်ခြေတောကျောင်းဆရာကြီးတွေအတွက် ဘာမမှမေျှာ်လင့်မနေပါနဲ ့..

ဆရာကြီးတို့ကို ဘယ်သူကမှ စက်ဘီးတစီး လှေတစင်း ကို စီမံပေးမှာမဟုတ်ပါဘူး… အသက်ပြည့်လို့ ပင်စင်ရရင်တောင်မှ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအခြေအနေပေါ်မူတည်ပါတယ်.. အခန့်မသင့်ရင် မန္တလေးက ဆရာမကြီးဒေါ်မာမာမြင့်လို သုံးနှစ်စာလစာကို ပြန်လျှော်ရကိန်း ရှိတတ်ပါတယ်..

အဖေတို့လိုတောကျောင်းဆရာကြီးတွေအတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာက လိုငွေပြနေပေမယ့် ညွှန်ချုပ်နဲ ့အထက်ဆိုရင်တော့ အခွန်အခက မှုစရာမလိုဘူးဆိုတာ တမလွန်က အဖေသိစေချင်ကြောင်း ဆန္ဒပြုရင်း အဖေ့ပင်စင်အကြောင်းလေးရေးထားတာကိုတော့ အောက်ကလင့်မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်..

လေးစားစွာဖြင့် – မြတ်သူ
Credit – Blacker