ယေန႔ ရပ္ကြက္ထဲတြင္အျဖစ္မ်ားေသာ ျပသနာတစ္ခုကေတာ့ေငြေခ်းျခင္း ႏွင့္အေရာင္းအဝယ္စာခ်ဳပ္ ျဖစ္ပါသည္။ေငြလိုအပ္သူကေငြေၾကးတတ္နိုင္သူထံ ေခ်းသည္။( ေငြေၾကးတတ္နိုင္သူ ဟု သုံးရျခင္းမွာ ထိုသူမ်ားသည္ေငြတိုးခ်စား သူမ်ားမဟုတ္သည္ကို ဆိုလိုပါသည္။)ေငြေၾကးတတ္နိုင္သူကလည္းေငြေခ်းငွားသူ ႏွင့္ ခင္မင္ရင္းႏွီး၍ေသာ္လည္းေကာင္း သို႔မဟုတ္ လက္ထဲဒီအတိုင္းကိုင္ထားေသာေငြနည္းနည္းတိုးပြားလာလ်င္တိုးေစရန္ေသာ္လည္း ေကာင္း ျဖင့္ ေငြေခ်းေပးၾကေလ့ရွိသည္။

သို႔ရာတြင္ေငြေခ်းျခင္းကိုခိုင္မာေစရန္အလို႔ငွာလည္းေကာင္းအရပ္ထဲတြင္ၾကားသိေနရေသာလိုင္စင္မရွိဘဲေငြေခ်းလ်င္ေထာင္ဒဏ္၅ႏွစ္ဆိုေသာအရာကိုေရွာင္လို၍ေသာ္လည္းေကာင္း ေငြေခ်းသည့္ကိစၥ ကို စာခ်ဳပ္ခ်ဳပ္ ဆိုၾက ရာတြင္ေငြေခ်းစာခ်ဳပ္ဟူ၍ခ်ဳပ္ဆိုၾကျခင္း မျပဳၾကဘဲ ေငြယုံၾကည္အပ္ႏွံစာခ်ဳပ္ သို႔မဟုတ္အိမ္အေရာင္းအဝယ္စာခ်ဳပ္ဟူ၍ ခ်ဳပ္ဆိုၾကသည္။( ေရွ႕ေနႏွင့္ခ်ဳပ္ဆိုၾကသည္ ကနည္းသည္ ။ ေရွ႕ေနခေပးရမွာ တြန႔္တိုၾကသည္။အက်ိဳးဆက္ကား) ဥပေဒကိုေသခ်ာမသိပဲ ငါသိငါတတ္ဟူေသာ ပညာရွိဉာဏ္ျဖင့္ ခ်ဳပ္ဆိုၾကသည္။

ထိုသို႔ ေငြေခ်းျခင္းကိုအိမ္အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ေငြဆပ္ရန္ သတ္မွတ္ကာလ ေရာက္သည့္အခါ ျပႆနာတက္ေလၿပီ။အမွန္တကယ္ လုပ္ထားသည့္ ကိစၥ မွာ ေငြေခ်းျခင္းျဖစ္သည္။သို႔ေသာ္ စာခ်ဳပ္က အေရာင္းအဝယ္ စာခ်ဳပ္။ေငြေခ်းငွားသူက ျပန္မဆပ္လ်င္မည္သို႔ တရားစြဲမည္နည္း ။ေငြရလိုမႈနဲ႔ စြဲမည္လား သို႔တည္းမဟုတ္အိမ္လက္ေရာက္ရလိုမႈနဲ႔ စြဲမည္လား။

အမႈပုံစံအေရႊးမွားလ်င္ေတာ့မိေအးႏွစ္ခါနာဖို႔ေသခ်ာ ေလၿပီ။စာခ်ဳပ္တစ္ေစာင္ကို ဥပေဒ တတ္သိနားလည္သူမ်ား ႏွင့္ မခ်ဳပ္ဆိုပဲငါသိငါတတ္ျခင္းဟူသည့္ မာန။မလိုအပ္ပဲတြန႔္တိုေသာ ႏွေမ်ာစိတ္ကေပးသည့္ဒုကၡျဖစ္ပါသည္။ဥပေဒတြင္ ဆိုရိုးစကားရွိသည္။“ဥပေဒ၏အကူအညီကိုေတာင္းခံလိုလ်င္သန႔္ရွင္းေသာလက္ျဖင့္ ေတာင္းခံပါ”ဟူ၏။မည္သည့္ကိစၥမဆို ရိုးသားမႈ ရွိရန္လိုပါသည္။

ေငြေခ်းျခင္းကိုေငြေခ်းစာခ်ဳပ္ဟူ၍ ရိုးရိုးရွင္းရွင္း ခ်ဳပ္ဆိုၾကရန္လိုသည္။မိမိသည္ေငြတိုးခ်စားအသက္ေမြးဝမ္းေက်ာင္း ျပဳေနသူ မဟုတ္ပါက ေငြတိုးေခ်စားျခင္းဥပေဒကိုေၾကာက္ေနရန္မလိုပါ။ေထာင္ဒဏ္၅ႏွစ္ဆိုသည့္ဥပေဒကမိမိအတြက္ သက္ေရာက္ျခင္းမရွိပါ။ထို႔ေၾကာင့္အခ်ဳပ္ဆိုရေသာ္မည္သည့္စာခ်ဳပ္မဆို ခ်ဳပ္ဆိုရျခင္းမွာလြယ္သည္ ။

မည္သူမဆိုလြယ္လြယ္ခ်ဳပ္ဆိုတတ္သည္။သို႔ေသာ္ စာခ်ဳပ္ခ်ဳပ္ျခင္းသည္ ထို႔ေလာက္လြယ္သည္ မဟုတ္ပါ။ဥပေဒကို နားလည္သူသည္စာခ်ဳပ္ကို ခ်ဳပ္ဆိုစဥ္က အခ်ိန္အတြက္မေတြးပါ။အဆုံးသတ္ကိုသာ ႀကိဳေတြးပါသည္။ျပႆနာ ျဖစ္လာခဲ့လၽွင္ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္က ဥပေဒအရေဘာင္ဝင္ေအာင္ ေျဖရွင္းရလြယ္ေအာင္ ခ်ဳပ္ဆို ေပးၾကရသည္။သို႔ျဖစ္၍

စာခ်ဳပ္လြယ္လြယ္မခ်ဳပ္ဆိုၾကပါႏွင့္ ဟုသာ တင္ျပအပ္ပါသည္။

U Aung Zay Ya (စာခ်ဳပ္ေရွ႕ေန)

Unicode

ယနေ့ ရပ်ကွက်ထဲတွင်အဖြစ်များသော ပြသနာတစ်ခုကတော့ငွေချေးခြင်း နှင့်အရောင်းအဝယ်စာချုပ် ဖြစ်ပါသည်။ငွေလိုအပ်သူကငွေကြေးတတ်နိုင်သူထံ ချေးသည်။( ငွေကြေးတတ်နိုင်သူ ဟု သုံးရခြင်းမှာ ထိုသူများသည်ငွေတိုးချစား သူများမဟုတ်သည်ကို ဆိုလိုပါသည်။)ငွေကြေးတတ်နိုင်သူကလည်းငွေချေးငှားသူ နှင့် ခင်မင်ရင်းနှီး၍သော်လည်းကောင်း သို့မဟုတ် လက်ထဲဒီအတိုင်းကိုင်ထားသောငွေနည်းနည်းတိုးပွားလာလျင်တိုးစေရန်သော်လည်း ကောင်း ဖြင့် ငွေချေးပေးကြလေ့ရှိသည်။

သို့ရာတွင်ငွေချေးခြင်းကိုခိုင်မာစေရန်အလို့ငှာလည်းကောင်းအရပ်ထဲတွင်ကြားသိနေရသောလိုင်စင်မရှိဘဲငွေချေးလျင်ထောင်ဒဏ်၅နှစ်ဆိုသောအရာကိုရှောင်လို၍သော်လည်းကောင်း ငွေချေးသည့်ကိစ္စ ကို စာချုပ်ချုပ် ဆိုကြ ရာတွင်ငွေချေးစာချုပ်ဟူ၍ချုပ်ဆိုကြခြင်း မပြုကြဘဲ ငွေယုံကြည်အပ်နှံစာချုပ် သို့မဟုတ်အိမ်အရောင်းအဝယ်စာချုပ်ဟူ၍ ချုပ်ဆိုကြသည်။( ရှေ့နေနှင့်ချုပ်ဆိုကြသည် ကနည်းသည် ။ ရှေ့နေခပေးရမှာ တွန့်တိုကြသည်။အကျိုးဆက်ကား) ဥပဒေကိုသေချာမသိပဲ ငါသိငါတတ်ဟူသော ပညာရှိဉာဏ်ဖြင့် ချုပ်ဆိုကြသည်။

ထိုသို့ ငွေချေးခြင်းကိုအိမ်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးနောက်ငွေဆပ်ရန် သတ်မှတ်ကာလ ရောက်သည့်အခါ ပြဿနာတက်လေပြီ။အမှန်တကယ် လုပ်ထားသည့် ကိစ္စ မှာ ငွေချေးခြင်းဖြစ်သည်။သို့သော် စာချုပ်က အရောင်းအဝယ် စာချုပ်။ငွေချေးငှားသူက ပြန်မဆပ်လျင်မည်သို့ တရားစွဲမည်နည်း ။ငွေရလိုမှုနဲ့ စွဲမည်လား သို့တည်းမဟုတ်အိမ်လက်ရောက်ရလိုမှုနဲ့ စွဲမည်လား။

အမှုပုံစံအရွှေးမှားလျင်တော့မိအေးနှစ်ခါနာဖို့သေချာ လေပြီ။စာချုပ်တစ်စောင်ကို ဥပဒေ တတ်သိနားလည်သူများ နှင့် မချုပ်ဆိုပဲငါသိငါတတ်ခြင်းဟူသည့် မာန။မလိုအပ်ပဲတွန့်တိုသော နှမျောစိတ်ကပေးသည့်ဒုက္ခဖြစ်ပါသည်။ဥပဒေတွင် ဆိုရိုးစကားရှိသည်။“ဥပဒေ၏အကူအညီကိုတောင်းခံလိုလျင်သန့်ရှင်းသောလက်ဖြင့် တောင်းခံပါ”ဟူ၏။မည်သည့်ကိစ္စမဆို ရိုးသားမှု ရှိရန်လိုပါသည်။

ငွေချေးခြင်းကိုငွေချေးစာချုပ်ဟူ၍ ရိုးရိုးရှင်းရှင်း ချုပ်ဆိုကြရန်လိုသည်။မိမိသည်ငွေတိုးချစားအသက်မွေးဝမ်းကျောင်း ပြုနေသူ မဟုတ်ပါက ငွေတိုးချေစားခြင်းဥပဒေကိုကြောက်နေရန်မလိုပါ။ထောင်ဒဏ်၅နှစ်ဆိုသည့်ဥပဒေကမိမိအတွက် သက်ရောက်ခြင်းမရှိပါ။ထို့ကြောင့်အချုပ်ဆိုရသော်မည်သည့်စာချုပ်မဆို ချုပ်ဆိုရခြင်းမှာလွယ်သည် ။

မည်သူမဆိုလွယ်လွယ်ချုပ်ဆိုတတ်သည်။သို့သော် စာချုပ်ချုပ်ခြင်းသည် ထို့လောက်လွယ်သည် မဟုတ်ပါ။ဥပဒေကို နားလည်သူသည်စာချုပ်ကို ချုပ်ဆိုစဉ်က အချိန်အတွက်မတွေးပါ။အဆုံးသတ်ကိုသာ ကြိုတွေးပါသည်။ပြဿနာ ဖြစ်လာခဲ့လျှင်ချုပ်ဆိုခဲ့တဲ့ စာချုပ်က ဥပဒေအရဘောင်ဝင်အောင် ဖြေရှင်းရလွယ်အောင် ချုပ်ဆို ပေးကြရသည်။သို့ဖြစ်၍

စာချုပ်လွယ်လွယ်မချုပ်ဆိုကြပါနှင့် ဟုသာ တင်ပြအပ်ပါသည်။

U Aung Zay Ya (စာချုပ်ရှေ့နေ)