ျပည္ သူ ခ်စ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီလြင္မိုးကေတာ့ တစ္ေခတ္တစ္ခါကတည္းက နာမည္ႀကီးေအာင္ျမင္ခဲ့တဲ့မင္းသားတစ္လက္ျဖစ္သလို ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္လည္းျဖစ္ပါတယ္။ယခုေခတ္မွာဆိုရင္ေတာ့ လြင္မိုးက အႏုပညာအလုပ္ေတြကို အနည္းအက်ဥ္းသာလုပ္ေဆာင္ေနၿပီး မိသားစုကိုသာျပည့္စုံေအာင္ဂ႐ုစိုက္ေစာင့္ေရွာက္ေပးေနတဲ့ အိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ျဖစ္ပါတယ္ေနာ္။

လြင္မိုး က ေျမးေလးတစ္ေယာက္လည္းရရွိေနၿပီျဖစ္ၿပီး အားလပ္တဲ့အခ်ိန္တိုင္းမွာေျမးေလးနဲ႔အတူတူေဆာ့ကစားၿပီး ေအးေအးခ်မ္းခ်မ္းေနထိုင္ေနတာပဲျဖစ္ပါတယ္။လက္တေလာမွာလည္းဆိုရင္ေတာ့ ယြန္းဝတီလြင္မိုးတို႔ဇနီးေမာင္ႏွံကလည္း ေက်ာင္းေတြပိတ္လို႔ခဏျပန္ေရာက္ေနတာေၾကာင့္ မိသားစုေတြစုံစုံညီညီနဲ႔ခရီးေတြလည္းသြားၾကၿပီး မိသားစုဘဝေလးက ပိုမိုစိုေျပသြားပါေတာ့တယ္ေနာ္။

မၾကာေသးခင္ရက္ေတြက ၾသစေတးလ်နိုင္ငံမွာျပင္းထန္တဲ့ေတာမီးေလာင္မႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ေတာရဲတိရိစၧာန္ေလးေတြက ဒုကၡေတြနဲ႔ရင္ဆိုင္ရပါတယ္ေနာ္။ယြန္းဝတီလြင္မိုးကေတာ့ သူမရဲ့ဒုတိယအိမ္ျဖစ္တဲ့ ၾသစေတးလ်နိုင္ငံမွာ မိသားစုစုံစုံညီညီလည္ပတ္ခဲ့တုန္းက တိရိစၧာန္ေလးေတြနဲ႔ အမွတ္တရပုံေလးေတြကို Instagramမွာ မၽွေဝခဲ့ၿပီး ၾသစေတးလ်အတြက္ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္။Photo :Yunwaddy’s IG

Unicode

ပြည် သူ ချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးကတော့ တစ်ခေတ်တစ်ခါကတည်းက နာမည်ကြီးအောင်မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်သလို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းဖြစ်ပါတယ်။ယခုခေတ်မှာဆိုရင်တော့ လွင်မိုးက အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး မိသားစုကိုသာပြည့်စုံအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

လွင်မိုး က မြေးလေးတစ်ယောက်လည်းရရှိနေပြီဖြစ်ပြီး အားလပ်တဲ့အချိန်တိုင်းမှာမြေးလေးနဲ့အတူတူဆော့ကစားပြီး အေးအေးချမ်းချမ်းနေထိုင်နေတာပဲဖြစ်ပါတယ်။လက်တလောမှာလည်းဆိုရင်တော့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကလည်း ကျောင်းတွေပိတ်လို့ခဏပြန်ရောက်နေတာကြောင့် မိသားစုတွေစုံစုံညီညီနဲ့ခရီးတွေလည်းသွားကြပြီး မိသားစုဘဝလေးက ပိုမိုစိုပြေသွားပါတော့တယ်နော်။

မကြာသေးခင်ရက်တွေက သြစတေးလျနိုင်ငံမှာပြင်းထန်တဲ့တောမီးလောင်မှုတွေဖြစ်ပွားခဲ့တာကြောင့် တောရဲတိရိစ္ဆာန်လေးတွေက ဒုက္ခတွေနဲ့ရင်ဆိုင်ရပါတယ်နော်။ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ဒုတိယအိမ်ဖြစ်တဲ့ သြစတေးလျနိုင်ငံမှာ မိသားစုစုံစုံညီညီလည်ပတ်ခဲ့တုန်းက တိရိစ္ဆာန်လေးတွေနဲ့ အမှတ်တရပုံလေးတွေကို Instagramမှာ မျှဝေခဲ့ပြီး သြစတေးလျအတွက်ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။Photo :Yunwaddy’s IG