ဖလော်ရီဒါက အသက်၁၁နှစ်အရွယ် ကောင်လေးတစ်ယောက်ကို စော်ကားပြီး ကလေးမွေးဖွားခဲ့သူ နာနီတစ်ဦးကို ထောင်ဒဏ် အနှစ်၂၀ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရရှေ့နေရဲ့ပြောကြားချက်အရ အသက် ၃
၂၈နှစ်အရွယ် Marissa Mowryဟာ အသက်မပြည့်သေးတဲ့ ယောက်ျားလေးကို ၁၅ကြိမ်နဲ့အထက် လပေါင်းများစွာ စော်ကားခဲ့တယ်လို့ သိရပါတယ်။
သူမကလေးရလာတဲ့အချိန်မှာတော့ ကလေးရဲ့မိဘတွေဟာ သူမချစ်သူနဲ့ရလာတယ်ထင်ခဲ့ပေမယ့် ကောင်လေးရဲ့ပြောကြားချက်အရ DNA စစ်ကြည့်ချိန်မှာတော့ ထိုကောင်လေးရဲ့ကလေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။
ဒါ့ကြောင့် မိခင်ဖြစ်သူက အသက်၁၂နှစ်အောက် ကလေးငယ်တစ်ဦးကို မတရားကျင့်ကြံမှုနဲ့ သူမကိုတရားစွဲဆိုခဲ့ပါတယ်။
သူမကတော့ ကောင်လေးဘက်က သူမအပေါ် အားသုံးပြီးကျင့်ကြံခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် သူတို့၂ဦးရဲ့ဖုန်းပြောထားတဲ့ အသံသွင်းမှတ်တမ်းမှတစ်ဆင့် အဖြစ်မှန်ပေါ်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Writer -LLA ( Shwe Yaung Lan )
Source-fox news
Unicode