သ ႐ုပ္ေဆာင္ မင္းသား နိုင္းနိုင္းဟာ တစ္ေခတ္တစ္ခါက ႏႈတ္ခမ္းနီမေလးေတြရဲ့ပါးစပ္ဖ်ားမွာ ေရပန္းအစားဆုံး မင္းသားတစ္လက္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ့တည္ၾကည္ခန႔္ညားမႈနဲ႔ စမတ္က်က်ဖက္ရွင္ေတြဝတ္ဆားဆင္ယင္မႈတို႔ေၾကာင့္ အားလုံးကေႂကြခဲ့ရတာပါ။ ယေန႔ခ်ိန္ထိတိုင္ေအာင္ ႏုပ်ိဳလန္းဆန္းေနတာဟာလည္း ဘုရားေပးတဲ့ ဆုလာဘ္ပါပဲ။

သူ ဟာ လတ္တေလာမွာေတာ့ မိသားစုရွိရာ နယူးေယာက္ၿမိဳ႕ကို ေခတၱေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။ မၾကာခင္မွာ ႐ုပ္ရွင္ဇာတ္ကားသစ္ေတြရိုက္ကူးရန္ ျမန္မာနိုင္ငံကိုျပန္ရေတာ့မွာပါ။ မျပန္ခင္ေလးမွာ ဇနီးနဲ႔ကေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့အခ်ိန္ေလးေတြ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

မေန႔ညကလည္း သူ႔ရဲ့လူမႈကြန္ယက္စာမ်က္ႏွာတြင္ ခ်စ္ဇနီးေလးနဲ႔အတူ ရိုက္ကူးထားတဲ့ အမွတ္တရပုံရိပ္ေလးေတြ ေဝမၽွထားတာပါ။ ဒီေန႔ေလးဟာလည္း အိမ္ေထာင္သက္တမ္း(၁၂)ႏွစ္ျပည့္နဲ႔ ခ်စ္ဇနီးေလးရဲ့ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ၿပီး နိုင္းနိုင္းကလည္း ” Happy birthday & Happy Anniversary…My wife.

၂၀၀၈ မွ ၂၀၂၀ တိုင္တိုင္ ခ်စ္ခင္မႈ၊ နားလည္မႈ၊ သံေယာဇဥ္ ႀကီးစြာႏွင့္ ၁၂ႏွစ္တိုင္တိုင္ လက္တြဲၿပီး ဘဝကို လက္ေတြ႕က်က်ျဖတ္သန္းလာခဲ့ၾကတယ္။ ေလာကဓံ ဘာလဲဆိုတာ ငါတို႔ ေကာင္းေကာင္းႀကီး သိခဲ့ရၿပီ… ၁၂ႏွစ္မွသည္…ေနာင္ ၁၂၀ တိုင္ေအာင္ ငါတို႔ ဘဝေလွႀကီးကို ျဖတ္သန္းေမာင္းႏွင္ၾကပါစို႔… (ငါတည္ေဆာက္ထားေသာ ဘဝေလွမွာပဲ ငါ့အသက္ႏွင့္ခႏၶာျမဲေနသ၍ ငါေနသြားမွာပါ) #Actor99″ ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ရပါတယ္။Source and Photo Credit- Actor99’s Facebook Page

Unicode

သ ရုပ်ဆောင် မင်းသား နိုင်းနိုင်းဟာ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့တည်ကြည်ခန့်ညားမှုနဲ့ စမတ်ကျကျဖက်ရှင်တွေဝတ်ဆားဆင်ယင်မှုတို့ကြောင့် အားလုံးကကြွေခဲ့ရတာပါ။ ယနေ့ချိန်ထိတိုင်အောင် နုပျိုလန်းဆန်းနေတာဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်ပါပဲ။

သူ ဟာ လတ်တလောမှာတော့ မိသားစုရှိရာ နယူးယောက်မြို့ကို ခေတ္တရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားသစ်တွေရိုက်ကူးရန် မြန်မာနိုင်ငံကိုပြန်ရတော့မှာပါ။ မပြန်ခင်လေးမှာ ဇနီးနဲ့ကလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မနေ့ညကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ချစ်ဇနီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေ ဝေမျှထားတာပါ။ ဒီနေ့လေးဟာလည်း အိမ်ထောင်သက်တမ်း(၁၂)နှစ်ပြည့်နဲ့ ချစ်ဇနီးလေးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပြီး နိုင်းနိုင်းကလည်း ” Happy birthday & Happy Anniversary…My wife.

၂၀၀၈ မှ ၂၀၂၀ တိုင်တိုင် ချစ်ခင်မှု၊ နားလည်မှု၊ သံယောဇဉ် ကြီးစွာနှင့် ၁၂နှစ်တိုင်တိုင် လက်တွဲပြီး ဘဝကို လက်တွေ့ကျကျဖြတ်သန်းလာခဲ့ကြတယ်။ လောကဓံ ဘာလဲဆိုတာ ငါတို့ ကောင်းကောင်းကြီး သိခဲ့ရပြီ… ၁၂နှစ်မှသည်…နောင် ၁၂၀ တိုင်အောင် ငါတို့ ဘဝလှေကြီးကို ဖြတ်သန်းမောင်းနှင်ကြပါစို့… (ငါတည်ဆောက်ထားသော ဘဝလှေမှာပဲ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍ ငါနေသွားမှာပါ) #Actor99″ ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Source and Photo Credit- Actor99’s Facebook Page