ဝါ ရင့်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ မေသန်းနုဟာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ်…အဲတာကြောင့် မေသန်းနုအတွက် ပရိသတ်တွေသာမက အနုပညာရှင်တွေ အဲဒီအသိုင်းအဝိုင်းနဲ့ ဆက်စပ်သူတွေကပါ စိတ်မကောင်းဖြစ်နေကြတာပါ…

ဒီလို မေသန်းနုအတွက် စိတ်မကောင်းဖြစ်နေတဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ စိန်လင်း(Aroma) ကလည်း မေသန်းနုနဲ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ အကြောင်းလေးကို အင်တာဗျူးတစ်ခုမှာ ဖြေဆိုရင်း မေသန်းနုက မှာလိုက်တဲ့ စကားလေးတွေကို ဖွင့်ဟပြောဆိုခဲ့ပါတယ်…

စိန် လင်းက ပြောပြရာမှာတော့ မေသန်းနုကို စိတ်ဓာတ်မကျဖို့ အားပေးစကားတွေပြောခဲ့ပေမယ့် မေသန်းနုဟာ ထင်ထားတာထက် စိတ်ဓာတ်မာပြီး တရားနဲ့ နေနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်… သူ့အနေနဲ့ စိတ်မကောင်းလို့ ငိုမိရာမှာတော့ မေသန်းနုက မငိုဖို့ ပြန်ချော့တဲ့အပြင် ဝဋ်ကြွေးပါရင်တော့ ဆပ်ရမှာပဲလို့ ဆိုပါတယ်…

ဒါ့အပြင် ပရိသတ်ကြီးကို ဘာပြောချင်သလဲလို့ စိန်လင်းက မေးခဲ့ရာမှာတော့ မေသန်းနုက ဝဋ်ကြွေးရှိလို့ သူ့အနေနဲ့ ပြန်ဆပ်ရတာဖြစ်ပြီး ဒီအမှုက တစ်ဖက်ကပြောသလို အကြွေး သိန်း ၁၂၀၀ မဟုတ်ဘဲ ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်…ဒါ့အပြင် နည်းနည်းပါးပါးဆပ်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်…စိတ်ပူပေးကြတဲ့ ဆုတောင်းပေးကြတဲ့ ချစ်ပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်…အချိန်တန်ရင် အဖြူအမည်း သဲသဲကွဲကွဲ သိရမှာပါလို့လည်း ဆိုပါတယ်…..ကြိုတင်မသိရဘဲခုလို ဖြစ်လာရတဲ့အတွက် ကံပါတယ်လို့ပဲ မှတ်ယူပါတယ်လို့ မေသန်းနုက ဆိုခဲ့တဲ့အကြောင်းကို စိန်လင်းကပြောပြခဲ့ပါတယ်…

ဒါ့အပြင် စိန်လင်းက သူတို့သွားတွေ့ချိန်မှာ မေသန်းနုအနေနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိတဲ့အကြောင်းလေးတွေကိုလည်း ပရိသတ်တွေ စိတ်မပူအောင်ပြောပြခဲ့ပါတယ်…

စိန်လင်းဖြေဆိုခဲ့တဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း ပရိသတ်ကြီးတို့ ကြည့်ရှုနိုင်အောင် အောက်မှာ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Myanmar Cele 7