လူ အများသတိမထားမိတတ်​တဲ့ ရိုးရှင်းလှပြီးအ​ခြေခံကျတဲ့ အဓိကအချက်​​တွေကို ​ရွေးနုတ်​တင်​ဆက်​​ပေးမှာပါ။ ဆိုင်​​တွေမှာ ​ရေ​မွှေး ပုလင်းကို ကိုယ်​တိုင်​ဝယ်​ယူသူတိုင်း စိတ်​ချလက်​ချဝယ်​ယူနိုင်​ဖို့၊ အတုမမိဖို့၊ ဝယ်ယူပြီးမှ စိတ်​မဆင်းရဲရဖို့ သိရှိထားရ​အောင်​ ​လေ့လာ ဖတ်​ရှုကြည့်​ထားသင့်​တာပါ။

ထုပ်​ပိုးမှု

တကယ့်​​ရေ​မွှေးပုလင်း​​အစစ်​​တွေရဲ့ ပလတ်​စတစ်​ထုပ်​ပိုးမှု​တွေက အပြစ်​အနာအဆာလုံးဝကင်းစင်​ပါတယ်​။ ထုပ်​ပိုးမှုမှာ ပလတ်​စတစ်​​တွေမညီမညာဖြစ်​​နေတာတို့၊ ပလတ်​စတစ်​ အသားပိုလျှံပြီး တစ်​​​ပြေးတည်းမဖြစ်​တာတို့၊ စူပါဂလူး​ကော်​ နဲ့ကပ်​ထားတို့​တွေ့ရင်​​တော့ အတုဖြစ်​ဖို့များပါပြီ၊

အတွင်းစက္ကူအ​​ရောင်

အတွင်းစက္ကူဒီဇိုင်းပုံစံက ​ရေ​မွှေးပုလင်းကိုမထိခိုက်​ရ​အောင်​ကာကွယ်​​ပေး​ထားတာပါ။ အရည်​အ​သွေး မြင့်​ပြီး ပုလင်းနဲ့​နေသားတကျအတူရှိ​နေရပါမယ်​။ ​နောက်​ပြီးအ​ရေးကြီးတာက အဖြူ​ရောင်​အသားစက္ကူကတ်​ဖြစ်​ရ​နေရမှာပါ။ မီးခိုး​ရောင်​သန်းရင်​​တော့ သံသယဖြစ်​စဖွယ်​ပါ။

ဒီဇိုင်းပုံစံ

ဖြစ်​နိုင်​မယ်​ဆိုရင်​​တော့ ​ရေ​မွှေးဆိုင်​​တွေတင်​​ရောင်းတဲ့​ရေ​မွှေးပူလင်း​တွေကို အနံ့အ​မွှေးသက်​သက်​နဲ့တင်​ ယုံကြည်​စိတ်​ချဖို့မသင့်​ဘဲ အပြင်​ပန်းတင်​မက ပုလင်းဒီဇိုင်းပုံစံကိုပါ ထုတ်​နုတ်​စစ်​​ဆေး​ပေးရပါမယ်။ အနံ့အ​ရောင်​က ဆင်​တူ​နေတတ်​​တော့ အတုမိပြီးခံလာရတတ်​ပါတယ်​။

ရေ​မွှေးအ​ရောင်

နာမည်​ကြီး​ရေ​မွှေးတံဆိပ်​​တွေက​​တော့ ဆိုး​ဆေးအ​ရောင်​​တွေသုံး​လေ့သုံးထနည်းပါတယ်​။ ဒါ​ကြောင့်​ တန်​ဖိုးရှိ တကယ့်​​ရေ​မွှေးအစစ်​​တွေဟာ အ​ရောင်​​သွေး​ခပ်​​ဖျော့​ဖျော့​လေး​တွေ ဖြစ်​​နေတတ်​ပါတယ်​။ ဓာတုအ​ရောင်​​တွေအရမ်းထွက်​​နေရင်​​တော့ သတိထာပးပြီးမှဝယ်​ပါ။

ပုလင်းအဖုံး

တကယ့်​​ရေ​မွှေးပုလင်းအစစ်​​တွေရဲ့ ပုလင်းအဖုံး​တွေက ​ခေါက်​ချိုးညီမျှ​နေတာဖြစ်​ပါတယ်​။ ဘယ်​ဖက်​နဲ့ညာဖက်​ညီ​မျှ​နေပါတယ်​။ တစ်​ဖက်​ကြီး တစ်​ဖက်​​သေး ပုံစံမျိုး ကို ကုမ္ပဏီ ကိုယ်​တိုင်​က ဒီဇိုင်းထုတ်​ထား​ပေးတာ မဟုတ်​ရင်​​တော့ အ​တုမမိရ​အောင်​ ​သေချာစစ်​​ဆေး​ပေးရမှာပါ။

Serial ကုတ်​ နံပါတ်

ဒီနံပါတ်​ဟာ ​ရေ​မွှေးပုလင်းရဲ့​အောက်​​ခြေမှာသာပါဝင်​​နေတတ်​တာ ထုံးစံပါ။ ​နောက်​ပြီး​ကော်​နဲ့ကပ်​ထားတာမျိုးမဟုတ်​ရ​အောင်​ စစ်​​ဆေးပါ။ ပုလင်း​အောက်​​ခြေက နံပါတ်​ဟာ ပုလင်းဘူးခွံ​အောက်​​ခြေက နံပါတ်​နဲ့ တူညီ​​နေရပါမယ်​။

ပုလင်းပုံစံ

ချော​မွေ့ညီညွ​တ်​​နေတဲ့ ပုလင်းအသားမျိုးဖြစ်​​နေရပါမယ်​။ ဒါ မှ အရည်​အ​သွေးမြင့်​ပြီးစစ်​မှန်​တဲ့ပုလင်းအမျိုးအစားပါ။ ပုလင်းကကြမ်းပြီး ​ကောက်​​ကြောင်းမညီညာတာမျိုး​တွေ ရှိသလားအ​သေးစိတ်​ ကြည့်​ရှုစစ်​​ဆေး​ပေးနိုင်​ပါတယ်​။

Source: namegyi