စ ကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မင်းသမီးချောေါလး ဆုအိမ့်စံကတော့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူလေးမို့ ပရိသတ်တွေ အရမ်းချစ်နေကြရတာပါ ။

လတ်တေ လာမှာတော့ ဆုအိမ့်စံက စိတ်ရောလူရော ပင်ပန်းနေတဲ့အချိန်မှာ သူမဘက်ငဲ့ကြည့်ပေးတဲ့သူမရှိလို့ ဝမ်းနည်းနေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဘေဘီဆုလေးကတော့ အခုလို ဝမ်းနည်းနေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာမို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါနော်။

ဆုအိမ့်စံကတော့ “စိတ်ရောလူရောပင်ပန်းနေပြီ…😔 စိတ်ညစ်စရာတွေအများကြီးရှိခဲ့ပေမယ့်လည်း… အတတ်နိုင်ဆုံးပျော်အောင်နေပြီး အရာအားလုံး တတ်နိုင်သမျှအကောင်းဆုံးကြိုးစားခဲ့သော်လည်း… ကိုယ့်ဘက်ငှဲ့ကြည့်သူတယောက်မှမရှိခဲ့ဖူးနောက်ဆုံးတော့သိလိုက်ပါပြီ… ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်အတွက်ကြည့်ပေး ငဲ့ညာပေးတာဆိုလို့ မေမေနဲ့ဖေဖေ ပဲရှိတယ်… ကိုယ်ချစ်တဲ့မိဘအတွက် အားတင်းထားပါတယ်… 😌” ဆိုပြီး သူမရဲ့ဝမ်းနည်းမှုတွေကို ရင်ဖွင့်လာတာပါ။

ဆုအိမ့်စံကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်ရင်း၊ ဘဝကို အားတင်းပြီး ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။

Myint Myat
Source;Hsu Eaint San’s Facebook