မျက် မမြင် နားမကြားပေမယ့် နာမည်ကျော်စာရေးဆရာမတစ်ဦးဖြစ်လာခဲ့တဲ့ ဟယ်လင်ကဲလားရဲ့အကြောင်းကို ပရိသတ်ကြီးကြားဖူးကြမှာပါ။

တ က္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ်မှာပါ ပြဌာန်းခြင်းခံရတဲ့ လေးစားဖို့ကောင်းတဲ့ အမျိုးသမီးရဲ့ပုံနဲ့ သူမပြောခဲ့တဲ့ စကားတွေကို အခုဗီဒီယိုလေးထဲမှာ တင်ဆက်ပေးထားပါတယ်။

သူမဟာ စာအုပ်တွေကိုဖတ်ရှုပြီး တေးဂီတတွေနားထောင်ရတာနှစ်သက်ပေမယ့် သူမနေထိုင်ရတာတော့ မှောင်မည်းတိတ်ဆိတ်တဲ့ ကမ္ဘာငယ်မှာပဲဖြစ်ပါတယ်။

သူမဟာ ထိတွေ့မှုကို အဓိကအားပြုရသူဖြစ်ပြီး အရာဝတ္တုတွေကို အနံ့ဖြင့်ရှူရှိုက်ကာ အရသာခံကြည့်တတ်ပါတယ်။

မျက်စိမမြင် နားမကြားတဲ့ ဟယ်လင်ကဲလားတစ်ယောက် စကားပြောနိုင်ဖို့ကို ဘယ်လိုလေ့ကျင့်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

သူဟာ သူမရဲ့စာဖတ်အကူနဲ့ သူငယ်ချင်းရဲ့အကူအညီယူကာ သူတို့နှုတ်ခမ်းတွေရဲ့လှုပ်ရှားပုံကိုထိတွေ့ကြည့်ရင်း သင်ယူခဲ့တာပဲဖြစ်ပါတယ်။

ဟယ်လင်ကဲလားရဲ့ အသံနဲ့ သူမစကားပြောလေ့ကျင့်ပုံကို ဒီဗီဒီယိုလေးထဲမှာ တင်ဆက်ပေးထားတာမို့ စိတ်ဝင်စားဖွယ်ဗီဒီယိုလေးကို ကြည့်ရှုကြဖို့ ညွှန်းဆိုချင်ပါတယ်နော်။

Writer -LLA ( Shwe Yaung Lan )
Source-AI