အို ဟိုင်းယိုးပြည်နယ် တိုလယ်ဒိုမြို့မှာ ဇန်နဝါရီ ၉ ရက် ပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်း သမ္မတ ထရမ့်က အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီအား သတ်ဖြတ်ခဲ့တာဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်ကို ကယ်တင်ခဲ့ပြီး တရားမျှတမှုကို ဆောင်ကြဉ်းပေးလိုက်တာလို့ ပြောကြားခဲ့ပြီး ပရိသတ်ထောင်ချီ အားပေးထောက်ခံခဲ့ကြပါတယ်။

ထရမ့် က ဆိုလန်မန်နီဟာ အမေရိကန်သံရုံး အကြမ်းဖက်ဆန္ဒပြသူတွေကို စီစဉ်ညွှန်ကြားခဲ့ တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

ထရမ့်က အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်ပြီး သံရုံးကို မကာကွယ်ရင် ဆန္ဒပြသူတွေက သံရုံးထဲ ချိုးဖျက်ဝင်ပြီး အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်တာ၊ ဓားစာခံခေါ်တာတွေ လုပ်လိမ့်မယ်လို့ မဲဆွယ်ပွဲအတွင်းပြောခဲ့ပါတယ်။

၂၀၁၁ တုန်းက လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ အမေရိကန်သံရုံးထဲကို ဆန္ဒပြသူတွေ ဝင်စီးခဲ့ တာကြောင့် အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့ဖူးပါတယ်။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတ ထရမ့်ဟာ တိုလယ်ဒိုမြို့မှာ ပထမဆုံးအကြိမ် မဲဆွယ်ပွဲလုပ်ခဲ့ပါတယ်။

ဒါဟာ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ဒုတိယသမ္မတ သက်တမ်းအနိုင်ရဖို့ အိုဟိုင်းယိုး ပြည်နယ်ဟာ အရေးပါတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲတုန်းက အိုဟိုင်းယိုးပြည်နယ်မှာ ထရမ့် အနိုင်ရခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

Credit – Blacker