Donald Trump က စီးပြားေရးသမားႀကီး… ဘြဲ႕ကလည္း ေဘာဂေဗဒ နဲ႔ ၿပီးထားတာ… အေမရိကန္မွာ အဆင့္ (၁၅၆) ကမာၻမွာဆိုရင္ အဆင့္ (၃၂၄) ရွိတဲ့ ခ်မ္းသာတဲ့ လူႀကီး…

သူ႔အသက္က (၇၃)ေက်ာ္ၿပီ… သူ ျဖတ္သန္းတဲ့ ဘဝ နဲ႔ အေတြ႕အႀကဳံေတြက ဘယ္လိုခ်မ္းသာေအာင္ လုပ္မလဲ ??? ဘယ္လို ေငြရေအာင္ လုပ္မလဲ ??? ဆိုတာေတြ မ်ားေနမွာက ေသခ်ာတယ္…

သူ အေမရိကန္ သမၼတ ျဖစ္လာေတာ့လဲ ဒီပုံစံပဲ လုပ္တာေတြ႕ရပါတယ္… စီးပြားေရး သမားကေန ႏိုင္ငံေရးသမား အခု အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာေတြပါ ထိေတြ႕ကိုင္တြယ္ရေတာ့ သူ႔အျမင္ေတြက ပိုက်ယ္ျပန္႔လာမွာ အမွန္ပါပဲ…

သူ သမၼတ ျဖစ္ၿပီးေတာ့ အစိုးရအဖြဲ႕ကို စိတ္ႀကိဳက္ဖြဲ႕တယ္… သူ လုပ္ခ်င္တဲ့ လွည့္ကြက္ေတြကို လိုက္မမီတဲ့ ဒါမွမဟုတ္ ကန္႔လန္႔တိုက္တဲ့ သူေတြကို သူကိုယ္တိုင္ပဲ ျပန္ျဖဳတ္တယ္…

အရင္တုန္းကေတာ့ သူအတြက္ ေငြရဖို႔ပဲ စဥ္းစားရာကေန… သမၼတ ျဖစ္လာေတာ့ သူေငြရဖို႔အျပင္ တိုင္းျပည္ရဲ႕ ဘဏၰာတိုးပြားလာဖို႔ တိုင္းျပည္ရဲ႕ စီးပြားေရးတက္လာဖို႔ ႏိုင္ငံေရးအရ အျမတ္ရဖို႔ စတာေတြပါ လုပ္လာေတာ့တာပါပဲ…

သူ႔ရဲ႕ သမၼတ သက္တမ္းကလည္း (၄)ႏွစ္ပဲ ဆိုေတာ့ အခ်ိန္က သိပ္မရဘူးေလ… သူ႔အစိုးရကို စုဖြဲ႕ရင္း ျပင္ရင္း သူကိုယ္တိုင္လဲ ဝမ္းစာစုရင္း ကမာၻ႔ေျမပုံခ်ၿပီး အခ်ီႀကီးေတြ ႀကံစည္ပါလိမ့္မယ္…

ေနာက္ပိုင္းေတာ့ သိၾကတဲ့ အတိုင္း သူ အခ်ဥ္ဖမ္းၿပီး ကစားမယ့္ သားေကာင္ေတြကို ေ႐ြးလိုက္ေတာ့ ေျမာက္ကိုရီးယား တ႐ုတ္ နဲ႔ ခုဆို အီရန္ တို႔ပါပဲ….

သူ ေပါက္ကရ ထေျပာလိုက္တာနဲ႔ စေတာ့ရွယ္ယာေစ်းေတြ ကေမာက္ကမျဖစ္ ေ႐ႊေစ်း ၊ ေဒၚလာေစ်း နဲ႔ ေရနံေစ်း ေတြပါ အတက္အက် ၾကမ္းကုန္ပါေလေရာ…

အမွန္က ႀကိဳတင္ႀကံစည္ၿပီး အစုအဖြဲ႕နဲ႔ကို ခ်ေနၾကတာ… ၿငိမ္ေနတဲ့ ကမာၻ႔စီးပြားေရး ကို လႈိင္းထေအာင္ ဖန္တီးၿပီး အတက္လႈိင္း နဲ႔ အဆင္းလႈိင္းကို ဟန္ခ်က္ညီစီးရင္း အက်ိဳးအျမတ္ရေအာင္ သူကစားေနတာ….

တ႐ုတ္ကို ဟိုဟာပိတ္လိုက္ ဒီဟာၾကပ္လိုက္ ေျမာက္ကိုရီးယား နဲ႔လည္း ေတြ႕ၿပီး ဟိုေျပာ ဒီေျပာ လုပ္လိုက္နဲ႔ သူ႔ရဲ႕ ႏိုင္ငံေရးပါဝါနဲ႔ စီးပြားေရးကို ကစားသြားတာ….

လူေတြက ေျပာၾကတယ္ သူ႔ကို အ႐ူးႀကီးတဲ့… ဘယ္ကသာ… အင္မတန္ေတာ္တဲ့ ေငြရွာစက္ႀကီး မာစတာဘရိန္းႀကီး… အခု အီရန္ ကိစၥကေတာ့ ဆြမ္းခံရင္း ငွက္သင့္တဲ့ ပုံစံပါပဲ… အခ်ိန္တိုအတြင္း ထက္ျမက္မႈေၾကာင့္ ေထာက္ခံမႈေၾကာင့္ အာဏာတက္လာတဲ့ အီရန္ဗိုလ္ခ်ဳပ္ႀကီး မွာလဲ အဆင့္ျမင့္တဲ့ သစၥာေဖာက္ အတြင္းရန္က ရွိေနပုံပါပဲ… သူသာ မသိလို႔ေနမွာ… ကိုယ္ေတြဆီမွာလဲ ႀကဳံခဲ့တာ သမိုင္းသက္ေသေတြနဲ႔ေလ… ဒါေၾကာင့္လဲ လြယ္လြယ္ကူကူနဲ႔ ၁၅ သန္းတန္ ဒုံးက်ည္ကို သုံးၿပီး အပိုင္ခ်လိုက္တာ… အီရန္ကလည္း ျပန္ပစ္ေတာ့ မထိေအာင္ ပစ္တယ္… လုပ္ပုံက… လူေတြ မထိပဲ ေလယာဥ္ ေတြေလာက္ပဲထိတယ္… သူကလဲ ည တစ္နာရီမွ ျပန္ေျပာမယ္ ဘာညာနဲ႔ အခ်ိန္ဆြဲလိုက္ေသးတယ္…

အဲဒိျဖစ္စဥ္ ႏွစ္ခုရဲ႕ ရက္ပိုင္းအတြင္း ထိုးတက္သြား ထိုးက်သြားတဲ့ စေတာ့ Volume ေတြ ေရာင္းဝယ္တဲ့ ေ႐ႊတန္ခ်ိန္ေတြ ေရနံစည္ေတြက ေၾကာက္ခမန္းလိလိပဲ…

Trump ႀကီး ခုခ်ိန္ဆို ဘယ္ေလာက္ေတာင္ ၿပဳံးေနလိုက္မလဲ မသိ…

AMT

Unicode

Donald Trump က စီးပွားရေးသမားကြီး… ဘွဲ့ကလည်း ဘောဂဗေဒ နဲ့ ပြီးထားတာ… အမေရိကန်မှာ အဆင့် (၁၅၆) ကမ္ဘာမှာဆိုရင် အဆင့် (၃၂၄) ရှိတဲ့ ချမ်းသာတဲ့ လူကြီး…

သူ့အသက်က (၇၃)ကျော်ပြီ… သူ ဖြတ်သန်းတဲ့ ဘဝ နဲ့ အတွေ့အကြုံတွေက ဘယ်လိုချမ်းသာအောင် လုပ်မလဲ ??? ဘယ်လို ငွေရအောင် လုပ်မလဲ ??? ဆိုတာတွေ များနေမှာက သေချာတယ်…

သူ အမေရိကန် သမ္မတ ဖြစ်လာတော့လဲ ဒီပုံစံပဲ လုပ်တာတွေ့ရပါတယ်… စီးပွားရေး သမားကနေ နိုင်ငံရေးသမား အခု အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေပါ ထိတွေ့ကိုင်တွယ်ရတော့ သူ့အမြင်တွေက ပိုကျယ်ပြန့်လာမှာ အမှန်ပါပဲ…

သူ သမ္မတ ဖြစ်ပြီးတော့ အစိုးရအဖွဲ့ကို စိတ်ကြိုက်ဖွဲ့တယ်… သူ လုပ်ချင်တဲ့ လှည့်ကွက်တွေကို လိုက်မမီတဲ့ ဒါမှမဟုတ် ကန့်လန့်တိုက်တဲ့ သူတွေကို သူကိုယ်တိုင်ပဲ ပြန်ဖြုတ်တယ်…

အရင်တုန်းကတော့ သူအတွက် ငွေရဖို့ပဲ စဉ်းစားရာကနေ… သမ္မတ ဖြစ်လာတော့ သူငွေရဖို့အပြင် တိုင်းပြည်ရဲ့ ဘဏ္ဏာတိုးပွားလာဖို့ တိုင်းပြည်ရဲ့ စီးပွားရေးတက်လာဖို့ နိုင်ငံရေးအရ အမြတ်ရဖို့ စတာတွေပါ လုပ်လာတော့တာပါပဲ…

သူ့ရဲ့ သမ္မတ သက်တမ်းကလည်း (၄)နှစ်ပဲ ဆိုတော့ အချိန်က သိပ်မရဘူးလေ… သူ့အစိုးရကို စုဖွဲ့ရင်း ပြင်ရင်း သူကိုယ်တိုင်လဲ ဝမ်းစာစုရင်း ကမ္ဘာ့မြေပုံချပြီး အချီကြီးတွေ ကြံစည်ပါလိမ့်မယ်…

နောက်ပိုင်းတော့ သိကြတဲ့ အတိုင်း သူ အချဉ်ဖမ်းပြီး ကစားမယ့် သားကောင်တွေကို ရွေးလိုက်တော့ မြောက်ကိုရီးယား တရုတ် နဲ့ ခုဆို အီရန် တို့ပါပဲ….

သူ ပေါက်ကရ ထပြောလိုက်တာနဲ့ စတော့ရှယ်ယာစျေးတွေ ကမောက်ကမဖြစ် ရွှေစျေး ၊ ဒေါ်လာစျေး နဲ့ ရေနံစျေး တွေပါ အတက်အကျ ကြမ်းကုန်ပါလေရော…

အမှန်က ကြိုတင်ကြံစည်ပြီး အစုအဖွဲ့နဲ့ကို ချနေကြတာ… ငြိမ်နေတဲ့ ကမ္ဘာ့စီးပွားရေး ကို လှိုင်းထအောင် ဖန်တီးပြီး အတက်လှိုင်း နဲ့ အဆင်းလှိုင်းကို ဟန်ချက်ညီစီးရင်း အကျိုးအမြတ်ရအောင် သူကစားနေတာ….

တရုတ်ကို ဟိုဟာပိတ်လိုက် ဒီဟာကြပ်လိုက် မြောက်ကိုရီးယား နဲ့လည်း တွေ့ပြီး ဟိုပြော ဒီပြော လုပ်လိုက်နဲ့ သူ့ရဲ့ နိုင်ငံရေးပါဝါနဲ့ စီးပွားရေးကို ကစားသွားတာ….

လူတွေက ပြောကြတယ် သူ့ကို အရူးကြီးတဲ့… ဘယ်ကသာ… အင်မတန်တော်တဲ့ ငွေရှာစက်ကြီး မာစတာဘရိန်းကြီး… အခု အီရန် ကိစ္စကတော့ ဆွမ်းခံရင်း ငှက်သင့်တဲ့ ပုံစံပါပဲ… အချိန်တိုအတွင်း ထက်မြက်မှုကြောင့် ထောက်ခံမှုကြောင့် အာဏာတက်လာတဲ့ အီရန်ဗိုလ်ချုပ်ကြီး မှာလဲ အဆင့်မြင့်တဲ့ သစ္စာဖောက် အတွင်းရန်က ရှိနေပုံပါပဲ… သူသာ မသိလို့နေမှာ… ကိုယ်တွေဆီမှာလဲ ကြုံခဲ့တာ သမိုင်းသက်သေတွေနဲ့လေ… ဒါကြောင့်လဲ လွယ်လွယ်ကူကူနဲ့ ၁၅ သန်းတန် ဒုံးကျည်ကို သုံးပြီး အပိုင်ချလိုက်တာ… အီရန်ကလည်း ပြန်ပစ်တော့ မထိအောင် ပစ်တယ်… လုပ်ပုံက… လူတွေ မထိပဲ လေယာဉ် တွေလောက်ပဲထိတယ်… သူကလဲ ည တစ်နာရီမှ ပြန်ပြောမယ် ဘာညာနဲ့ အချိန်ဆွဲလိုက်သေးတယ်…

အဲဒိဖြစ်စဉ် နှစ်ခုရဲ့ ရက်ပိုင်းအတွင်း ထိုးတက်သွား ထိုးကျသွားတဲ့ စတော့ Volume တွေ ရောင်းဝယ်တဲ့ ရွှေတန်ချိန်တွေ ရေနံစည်တွေက ကြောက်ခမန်းလိလိပဲ…

Trump ကြီး ခုချိန်ဆို ဘယ်လောက်တောင် ပြုံးနေလိုက်မလဲ မသိ…

AMT