ပရုုပ္္ လံုးသံုုးတတ္သူမ်ားအတြက္္ သတိျပဳဖြယ္္
ပရုပ္ လုံံံးရဲ႕ အာနိသင္ကိုက တေျဖးေျဖးလုံးပါးပါးၿပီး အေငြ႕ပ်ံတာ ပ်ံတဲ့အေငြ႕ေတြြက ဓာတုဓာတ္ နပ္ဖ္္သလင္းနဲ႔ပါရာဒိုင္ကလိုရိုိဘန္ဇင္း ဓာတ္ေတြပါ။
စူးစူးရွွရွ နဲ႔ သင္းပ်ံ႕တဲ့ ရနံ႔လုိ႔ သတ္မွတ္ထားၾကတဲ့ဲ အေငြ႕ေတြက ကေလးငယ္နဲ႔လူႀကီး လူငယ္ အားလုံးရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့ အဆိပ္္ေငြ႕ သေဘာပါ။
ျဖည္းျဖည္းခ်င္း သူလဲ လုံးပါး ပါးရင္း ကုိယ္လဲ ထိခုိက္ေနတာေပါ့ – အနည္းနဲ႔အမ်ားပဲကြာတယ္္
(သိေတာင္ မသိလိုက္ၾကဘူး)အဲဒီ့အေငြ႕ေတြက မ်က္စိ အသက္ရူလမ္းေၾကာင္း စတာေတြကို အေႏွာက္အယွက္ ျဖစ္ေစတယ္္။
ေခါင္္းကုိက္တာ / မူးတာ / အန္ခ်င္တာ ျဖစ္တတ္တယ္ – တခ်ဳိ႕ေလ့လာမူေတြအရ ကင္ဆာ အခ်ဳိ႕နဲဲ႔ေတာင္ ဆက္စပ္မူရွိတယ္ ဆိုတယ္။
နပ္ဖ္သလင္းဓာတ္က ပိုဆိုးတဲ့ အဆိပ္္ ဓာတ္ပါ – ေသြးနီဥ ေလးေတြကို အခ်ိန္မတိုင္ခင္
ပ်က္စီးေစတဲ့ အာနိသင္ရွိတယ္္ – ေသြးနီဥေတြ ပ်က္စီးရင္ျဖစ္တဲ့ ေသြးအားနည္းေရာဂါအက်ဳိးဆက္ေတြ ျဖစ္တတ္တယ္။
G6PDဆုိတဲ့ အင္ဇိုုင္း ခ်ဳိ႕တဲ့မူ ရွိသူေတြဆို ပိုၿပီးထိခိုက္တယ္ – လူႀကီးနဲ႔ကေလး ခံရ တာျခင္း ကြာျခားျခင္းက ..ကေလးေတြက ဒီအဆိပ္ေတြကို ကိုယ္ကေန ထုတ္ျပစ္ႏိုင္ဖို႔
အားအင္က လူႀကီးေတြထက္ နည္းတယ္ ပိုအႏၲရာယ္ရွိတယ္။
ပရုုပ္ အျဖဴေရာင္တင္ မကပါ – ေစ်းကြက္ထဲမွာ အေရာင္စုံ ဒီဇိုင္းစုံ ပုစံမ်ဳိးစုံ ေပၚေနတယ္
ကေလးမ်ား ပါးစပ္ထဲ ေကာက္ထည့္လိုိက္မွာသတိထားပါ – ေသခ်ာ သိမ္းပါ လူၿကီးေတြအတြက္လည္း မေကာင္းပါဘူး ။
အေငြ႕ ရႈမိလို႔႔ ေရရွည္မေကာင္းသလို ပရုုပ္လုံးနဲ႔ အၾကာၿပီး ထိေတြ႕ထားတဲ့ အဝတ္ကို ဝတ္ရင္ အေရျပားကေန ထိေတြ႕တာလည္း မေကာင္းပါဘူး –
ဓာတ္ေတြက အဝတ္ေတြထဲမွာ စိမ့္ဝင္ၿပီး ရွိေနတာ ျပန္ေလ်ာ္ၿပီး ေနလွန္း ေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။
ပရုုပ္လုံး မသုံးရင္ အနံ႔ေတြေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲ ? ပိုးေကာင္ေတြ ေျပးေအာင္ ဘယ္လို လုပ္ရမလဲ ?
ပရုုပ္လုံး ဝယ္ရင္္ ဒီလို Naphthalene – Paradichlorobenzene ဓာတုု အမည္ ပါရင္ မဝယ္ပဲဲ မသံုးဘဲ ေရွာင္ပါ။
ထင္းရူးသားနဲ႔ လုပ္တဲ့ ပရုပ္လုံးကို သုံးလို႔ရတယ္ ( ျမန္မာျပည္မွာရွိမယ္မထင္ပါ ) ထင္း ရူးသားေလး ထည့္ထားတာမ်ဳိး လုပ္ပါ။
တခ်ိ့က်ေတာ့ ေလညႇင္းပြြင့္ေလးေတြ ထင္းရူးသားသန္႔သန္႔ေလးေတြကို အဝတ္အိတ္္ ေလေတြနဲ႔ ခ်ဳပ္ထည့္ၿပီး ဘီဒိုေထာင့္ေလးေတြမွာ ထားၾကတယ္။
ဘာပဲဝယ္ဝယ္ ဘာပါဝင္သလဲဆိုတာ ဖတ္ပါ ထုပ္ပိုးတာလွတိုင္းအေကာင္းစားမဟုတ္ပါ
ခုေပၚေနတဲ့ အဝတ္ျဖန္္း အေမႊးရည္မွာ ဘာေတြပါဝင္ေနလဲ အထက္ကေဖာ္ျပထားတဲ့ ဓာတ္ေတြ ပါလားစစ္ပါ။
ကုုိယ့္ႏိုင္ငံကို အတုမ်ိးစံု ဝင္လာေနတဲ့ အခ်ိန္အခါမွာ ဆက္မသံုးေတာ့ရင္ အေကာင္းဆုံးပါ
ေရာဂါ လကၡဏာကုုိ ၾကည့္ၿပီး ပရုပ္လုံးေၾကာင့္ တထစ္ခ်ေျပာမရပါ သတိထား ၾကဖို႔ပါ။
နီနီေလး
ပရုပ်လုံးသုံးတတ်သူများအတွက် သတိပြုဖွယ်
ပရုပ်လုံံံးရဲ့ အာနိသင်ကိုက တဖြေးဖြေးလုံးပါးပါးပြီး အငွေ့ပျံတာ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ပါရာဒိုင်ကလိုရိုဘန်ဇင်း ဓာတ်တွေပါ။
စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ်ထားကြတဲ့ဲ အငွေ့တွေက ကလေးငယ်နဲ့လူကြီး လူငယ် အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါ။
ဖြည်းဖြည်းချင်း သူလဲ လုံးပါး ပါးရင်း ကိုယ်လဲ ထိခိုက်နေတာပေါ့ – အနည်းနဲ့အများပဲကွာတယ်
(သိတောင် မသိလိုက်ကြဘူး)အဲဒီ့အငွေ့တွေက မျက်စိ အသက်ရူလမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေတယ်။
ခေါင်းကိုက်တာ / မူးတာ / အန်ချင်တာ ဖြစ်တတ်တယ် – တချို့လေ့လာမူတွေအရ ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မူရှိတယ် ဆိုတယ်။
နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ် ဓာတ်ပါ – သွေးနီဥ လေးတွေကို အချိန်မတိုင်ခင်
ပျက်စီးစေတဲ့ အာနိသင်ရှိတယ် – သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ သွေးအားနည်းရောဂါအကျိုးဆက်တွေ ဖြစ်တတ်တယ်။
G6PDဆိုတဲ့ အင်ဇိုင်း ချို့တဲ့မူ ရှိသူတွေဆို ပိုပြီးထိခိုက်တယ် – လူကြီးနဲ့ကလေး ခံရ တာခြင်း ကွာခြားခြင်းက ..ကလေးတွေက ဒီအဆိပ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့
အားအင်က လူကြီးတွေထက် နည်းတယ် ပိုအန္တရာယ်ရှိတယ်။
ပရုပ် အဖြူရောင်တင် မကပါ – ဈေးကွက်ထဲမှာ အရောင်စုံ ဒီဇိုင်းစုံ ပုစံမျိုးစုံ ပေါ်နေတယ်
ကလေးများ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာသတိထားပါ – သေချာ သိမ်းပါ လူကြီးတွေအတွက်လည်း မကောင်းပါဘူး ။
အငွေ့ ရှုမိလို့ ရေရှည်မကောင်းသလို ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး –
ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေတာ ပြန်လျော်ပြီး နေလှန်း ခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။
ပရုပ်လုံး မသုံးရင် အနံ့တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ ? ပိုးကောင်တွေ ပြေးအောင် ဘယ်လို လုပ်ရမလဲ ?
ပရုပ်လုံး ဝယ်ရင် ဒီလို Naphthalene – Paradichlorobenzene ဓာတု အမည် ပါရင် မဝယ်ပဲ မသုံးဘဲ ရှောင်ပါ။
ထင်းရူးသားနဲ့ လုပ်တဲ့ ပရုပ်လုံးကို သုံးလို့ရတယ် ( မြန်မာပြည်မှာရှိမယ်မထင်ပါ ) ထင်း ရူးသားလေး ထည့်ထားတာမျိုး လုပ်ပါ။
တချိ့ကျတော့ လေညှင်းပွင့်လေးတွေ ထင်းရူးသားသန့်သန့်လေးတွေကို အဝတ်အိတ် လေတွေနဲ့ ချုပ်ထည့်ပြီး ဘီဒိုထောင့်လေးတွေမှာ ထားကြတယ်။
ဘာပဲဝယ်ဝယ် ဘာပါဝင်သလဲဆိုတာ ဖတ်ပါ ထုပ်ပိုးတာလှတိုင်းအကောင်းစားမဟုတ်ပါ
ခုပေါ်နေတဲ့ အဝတ်ဖြန်း အမွှေးရည်မှာ ဘာတွေပါဝင်နေလဲ အထက်ကဖော်ပြထားတဲ့ ဓာတ်တွေ ပါလားစစ်ပါ။
ကိုယ့်နိုင်ငံကို အတုမျိးစုံ ဝင်လာနေတဲ့ အချိန်အခါမှာ ဆက်မသုံးတော့ရင် အကောင်းဆုံးပါ
ရောဂါ လက္ခဏာကို ကြည့်ပြီး ပရုပ်လုံးကြောင့် တထစ်ချပြောမရပါ သတိထား ကြဖို့ပါ။
နီနီလေး