ကို ယ့် ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ် ပြောင်းလဲနေထိုင်လိုက်ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူဖြစ်စေတဲ့ ကိစ္စတခုပါပဲ ပျိုမေတို့ရေ။ ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်နော်….

(၁) တစ်ယောက်တည်းခရီးတွေ ထွက်ပါ

မိန်းကလေးတယောက်အနေနဲ့ တယောက်တည်းခရီးသွားဖို့ဆိုတာဟာ အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့် တယောက်တည်းခရီးသွားခြင်းကနေ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့် လုံခြုံဘေးကင်းမယ်လို့ ထင်ရတဲ့ နေရာဒေသတခုခုကို တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ် …။

(၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကို ဖြတ်သန်းကြည့်ပါ

စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဆိုရှယ်မီဒီယာတွေကို ဖြတ်ပြီး ဖုန်းအသုံးမပြုဘဲ နေကြည့်ဖို့ဆိုတာဟာ လွယ်တဲ့ကိစ္စတခုတော့ မဟုတ်ပေမယ့် အားလပ်ရက်တရက်မှာ ဖုန်းကိုလုံးဝမသုံးဘဲ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ရင်း တနေ့တာအချိန်ကို ဖြတ်သန်းကြည့်သင့်ပါတယ် …။

(၃) ဖက်ရှင်စတိုင်ပြောင်းတာမျိုး လုပ်ကြည့်ပါ

ဆံပင်စတိုင်ပြောင်းလိုက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝတ်နေကျ ပြင်ဆင်နေကျ နေ့စဉ် Makeup look ကို ပြောင်းလိုက်တာမျိုးလို လုပ်ကြည့်ခြင်းက စိတ်အပြောင်းအလဲလည်း ဖြစ်စေမှာဖြစ်သလို ကိုယ့်ကိုယ့်ကို ယုံကြည်မှုပိုရှိလာဖို့ကိုလည်း အထောက်အကူ ဖြစ်စေမှာပါ …။

(၄) ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေကို ငြင်းဆိုကြည့်ပါ

ဘယ်လိုကိစ္စမျိုးကိုမဆို အမြဲတမ်းခေါင်းညိတ်ပြီး လိုက်လျောညီထွေ ဆက်ဆံနေရတာဟာ စိတ်ပိုင်းဆိုင်ရာအတွက် ရေရှည်မှာ မကောင်းသလို ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားသလိုလည်း ဖြစ်တာကြောင့် တခါတရံလောက်ဖြစ်ဖြစ်တော့ ကိုယ်တကယ်ဆန္ဒမရှိတဲ့၊ မလုပ်ချင်တဲ့အရာတွေကို ငြင်းဆိုကြည့်ဖို့ သင့်ပါတယ် …။ ။

Calcifer