မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ်၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူ း။

မိသားစုက ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ ။

(၁) နှမြောတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုးဆိုရင် ကိုယ့်မှာရှိနေရင်တောင် မဝယ်ပါဘူး။

ဈေးကြီးတဲ့အဝတ်အစားတွေ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ်၊ စားတတ်တဲ့သူတွေပါ။

အစားအသောက်ကျန်နေရင် အရမ်းနှမြောတတ်သလို၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်းနှမြောတတ်ပါတယ်။

ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

(၂) ချွေတာတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်းချွေတာတတ်တဲ့ သူတွေပါ။ ဘယ်တော့မှ ဈေးမဆစ်ပဲဈေးဝယ်လေ့မရှိပါဘူး။

ငွေကုန်ကြေးကျ သက်သာမယ့် နည်းလမ်းလေးတွေကို အမြဲတမ်း စဉ်းစားတတ်သလို၊ ပိုက်ဆံကို ချွေချွေတာတာ သုံးတတ်တဲ့ သူတွေပါ။

ပိုက်ဆံရှာရတာ ဘယ်လောက် ခက်ခဲမှန်းကောင်းကောင်း နားလည်တဲ့ သူတွေပါ။

(၃) ချုပ်ခြယ်တာတွေမကြိုက်ဘူး

ဒီလိုမိန်းကလေးတွေဟာ ချုပ်ခြယ်တာတွေ၊ အမိန့်ပေးတာတွေ၊ တမင်သက်သက် အနိုင်ကျင့် စော်ကားတာမျိုးတွေကို လုံးဝမကြိုက်ပါဘူး။ မဟုတ်ရင်မခံတဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ်မှားနေရင် ဒူးထောက်တောင်းပန်ဖို့ ဝန်မလေးသလို၊ ကိုယ်မှန်နေရင်လည်း အဆုံးထိ ရင်ဆိုင်ရဲတဲ့ သူတွေပါ ။

ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

(၄) ကြိုးစားတယ်

ဒီလိုမိန်းကလေးတွေဟာ ကြိုးစားချင်စိတ် အပြည့်ရှိတဲ့ သူတွေပါ ။ သူများတွေရဲ့အမြင်မှာ ဘာမှ မဟုတ်တာလည်း ဖြစ်ရင်ဖြစ်မယ်

ဒါပေမယ့် လည်း ကြီးမားတဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ပိုင်ဆိုင်ထားပြီး တကယ်လည်း ကြိုးစားတဲ့ သူတွေပါ ။

(၅) မခံချင်စိတ်ရှိတယ်

ဒီလို မိန်းကလေးတွေဟာ မနာလို စိတ်တော့ မရှိပေမယ့် မခံချင် စိတ်ရှိတဲ့ သူတွေပါ ။ ကိုယ့်ရဲ့ရွယ်တူ တန်းတူတွေနဲ့ယှဉ်လာရင် ဘယ်တော့မှ အောက်ကျနောက်ကျ မဖြစ်ချင်တဲ့သူတွေပါ။

ဒါကြောင့် အမြဲလိုလို ကြိုးစားပြီး ဝီရိယကြီးတဲ့ သူတွေပါ ။