မိန်း ကလေးတွေသဘာဝအရ ကလေးရကာမိခင်တစ်ယောက်ဖြစ်လာချိန်မှာတော့ ဝိတ်တွေတက်လာခြင်းဆိုတဲ့ ကိစ္စကိုရှောင်လွဲလို့မရတာ အသေအချာပါပဲ။ သို့ပေမယ့် ကလေး(၂)ယောက်မိခင်ဖြစ်တဲ့အထိကို လှပနုပျိုမှုတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မြန်မာ့ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့ကတော့ ပရိသတ်တွေရဲ့ အားကျလေးစားချစ်ခင်မှုကိုရရှိထားပါတယ်။

(၁) အိန္ဒြာကျော်ဇင်

နိုင် ငံကျော်မင်းသမီးချော ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အလှမယ်တစ်ယောက်ဘဝမှ အနုပညာလောကထဲကိုလျှောက်လှမ်းလာခဲ့ကာ (၂၀၀၄)ခုနှစ်နဲ့(၂၀၁၇)ခုနှစ်တို့မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(၂)ဆုကို သိမ်ပိုက်နိုင်ခဲ့ပါတယ်။ နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီများရှင် ပြေတီဦးနဲ့ (၂၀၁၁) ဇန်နဝါရိလ (၁)ရက်နေ့မှာ လက်ထပ်ထိမ်းမြှားခဲ့ပြီး ပြေသုဒြာရယ် ပြေဒီရ ဆိုတဲ့ ချစ်စရာ သားသမီး(၂)ဦးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကိုထူထောင်ထားပါတယ်။ မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်တဲ့ ဇနီးကောင်း၊မိခင်ကောင်းတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ “ဒေါင်းတွေလိုကြီးလာလေလှလာတဲ့ သူလို့” တင်စားရတဲ့အထိ နုပျိုလှပမှုကိုထိန်ထားနိုင်သူပဲဖြစ်ပါတယ်။ မကြာမီကျင်ပတော့မည် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာလည်း ပရိသတ်တွေရဲ့ ထင်ကြေးပေးမှုအများဆုံးရရှိထားတဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။

(၂) သက်မွန်မြင့်

ပရိသတ်တွေရဲ့အသည်းကျော် နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသမီး သက်မွန်မြင့်ကတော့ မော်ဒယ်တစ်လက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး VCD သီချင်းများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိကာ (၂၀၁၀)ခုနှစ်နဲ့(၂၀၁၆)ခုနှစ်တွေမှာ အေကာင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ချစ်သက်တစ်ယောက်ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် စစ်နိုင်နှင့် လက်ထပ်ခဲ့ကာ အားချစ်နဲ့လဝန်းလေးဆိုတဲ့ ချစ်စရာသားသမီးရတနာလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးနဲ့ ဘဝကိုအေးဆေးစွာဖြတ်သန်းနေပါတယ်။ သူဟာ သားသမီးတွေနဲ့ ချစ်ခင်ပွန်းအပေါ်မှာ တာဝန်ကျေပွန်တဲ့ မိခင်ကောင်း၊ဇနီကောင်းဖြစ်သလို အနုပညာလောကမှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ချစ်သက်ဟာ ကလေး(၂)ဦးနဲ့ သာယာတဲ့မိသားစုကတစ်ဖက် အနုပညာအလုပ်ကတစ်ဖက် လုပ်နေရင်ကို သူ့ရဲ့လှပနေပျိုနေမှုကို ပရိသတ်တွေရဲ့ အားကျခြင်းခံနေရတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ကလေး(၂)ယောက်မိခင်ဖြစ်တဲ့အထိကို လှပနုပျိုမှုတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မြန်မာ့ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့အပြင် ပရိသတ်သဘောကျလေးစားရတဲ့ မြန်မာ့ထိပ်တန်းမင်းသမီးတွေရှိရင် အလင်းပြခဲ့ဦးနော်။

DarDar-CeleGabar