ဧျငိမ္းျဖဴ ဟာ Laurel Art Academy ရဲ႕ အေမြဆက္ခံသူတစ္ဦး ျဖစ္ျပီး ျဖဴဥနုဖတ္ေနတဲ့ အသားေရာင္ေၾကာင့္ နို္င္ငံျခားမင္းသမီးအလား ထင္မွတ္မွားရသူေလးျဖစ္ပါတယ္။ ဧေလးလို႔ ခ်စ္စနိုးနဲ႔ ေခၚခံရတဲ့ ဧျငိမ္းျဖဴက သူမရဲ႕ Dance video ေလးေတြနဲ႔ ပရိသတ္ေတြရင္ထဲကုိ ထိုးေဖာက္ဝင္ေရာက္လာသူတစ္ဦးျဖစ္ျပီး အခုဆိုရင္ “A”ဆိုတဲ့ဇာတ္ကားၾကီးကုိ ရိုက္ကူးလ်က္ရွိိေနပါျပီ။ ဧျငိမ္းျဖဴက အရင္ေခတ္က အသံဇာတ္လမ္းေတြကုိလည္း ျပန္လည္ရိုက္ကူးသရုပ္ေဆာင္ထားျပီး ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကုိရရွိထားသူျဖစ္ပါတယ္။

ဘဝမွာ လိုခ်င္သမွ်အရာအားလံုး ျပည့္စံုေနတဲ့ ဧျငိမ္းျဖဴမွာ သိပ္ခ်စ္ရတဲ့ ခ်စ္သူေကာင္ေလးကလည္း ရွိျပန္ပါတယ္။ အားလံုးသိၾကတဲ့အတိုင္း ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴတို႔စံုတြဲေလးဟာ သူငယ္ခ်င္းအျဖစ္ကေန ခ်စ္သူအျဖစ္ကို ကူးေျပာင္းလာသူေတြျဖစ္ျပီး ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္နဲ႔ တစ္ဦးနဲ႔တစ္ဦး မ်က္စိေအာက္က အေပ်ာက္မခံနုိင္ေအာင္ ခ်စ္ၾကသူေတြပါ။ သူတို႔စံုတြဲေလးက ျပတ္စဲလမ္းခြဲျပီဆိုတဲ့ အသံေတြမၾကာခဏ ထြက္လာခဲ့ေပမယ့္ အခုထိ လက္တြဲေတြခိုင္ျမဲေနဆဲျဖစ္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြနဲ႔ ခ်စ္ၾကသလုိ မထင္မွတ္ထားတဲ့ surprise ေလးေတြလည္း အျပန္အလွန္လုပ္ေပးျပီး သာယာတဲ့အခ်စ္ေရးေလးကုိပုိင္ဆုိင္ထားသူေတြလည္းျဖစ္ပါတယ္။

ဧျငိမ္းျဖဴ
မၾကာေသးမီက ဧျငိမ္းျဖဴက သူမရဲ႕ လူမႈကြန္ယက္မွာ ရဲရင့္ေအာင္ ေၾကြသြားေလာက္တဲ့ စာေလးေရးတင္လိုက္ျပန္ပါတယ္။ အဲဒီစာေလးကေတာ့ သူမ်ားအတြဲေတြကုိ အားက်ျပီး ကုိယ့္ခ်စ္သူကုိ နားပူနားဆာမလုပ္ပါနဲ႔လို႔ေျပာထားတာပါ။ တကယ္ခ်စ္တဲ့သူဆိုရင္ ကုိယ့္ခ်စ္သူအတြက္ မလုပ္ေပးခ်င္တာ ဘာရွိမွာလဲလို႔လည္း ေျပာထားပါေသးတယ္။ ဧျငိမ္းျဖဴက ရုပ္ဝတၱဳလက္ေဆာင္ပစၥည္းေတြထက္ အခ်စ္ကသာ အေရးအၾကီးဆံုးဆိုတာ သိနားလည္ပံုပါပဲ။ ဧေလးက သူမရဲ႕ လူမႈကြန္ယက္မွာ “သူမ်ားအတြဲေတြကို ၾကည့္ၿပီး အားက်လိုက္တာဆိုၿပီး ကိုယ့္ခ်စ္သူကို နားပူနာဆာသိပ္မလုပ္ပါနဲ႔ တကယ္ခ်စ္တဲ့သူဆိုရင္ ကိုယ္ခ်စ္တဲ့သူအတြက္မလုပ္ေပးခ်င္တာ ဘာရွိမွာလဲေနာ္ တစ္ခ်ိဳ႕အေျခအေနေလးေတြေၾကာင့္ သူတို႔မျပည့္စံုတဲ့အခါ.. သူတို႔ရင္ထဲပိုၿပီးစိတ္မေကာင္းျဖစ္ရပါလိမ့္မယ္..” လို႔ေရးထားတာပါ။ ဒီစာေလးကုိ ရဲရင့္ေအာင္သာဖတ္မိရင္ေတာ့ လိမ္မာတဲ့ ခ်စ္သူေလးကုိ ပုိခ်စ္သြားမွာအေသအခ်ာပါပဲ။

ရဲရင့္ေအာင္နွင့္ ဧျငိမ္းျဖဴတို႔ ခ်စ္သူစံုတြဲ
ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဧျငိမ္းျဖဴကုိ ခ်စ္ၾကလား။ ဧျငိမ္းျဖဴရဲ႕ “A” ဇာတ္ကားၾကီးကို ေစာင့္ေမွ်ာ္ေနၾကျပီလား။ ဧရဲ႕ ေနာက္ထပ္အနုပညာအလုပ္ေတြကုိေရာ အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Unicode

ဧငြိမ်းဖြူဟာ Laurel Art Academy ရဲ့ အမွေဆက်ခံသူတစ်ဦး ဖြစ်ပြီး ဖြူဥနုဖတ်နေတဲ့ အသားရောင်ကြောင့် နိုင်ငံခြားမင်းသမီးအလား ထင်မှတ်မှားရသူလေးဖြစ်ပါတယ်။ ဧလေးလို့ ချစ်စနိုးနဲ့ ခေါ်ခံရတဲ့ ဧငြိမ်းဖြူက သူမရဲ့ Dance video လေးတွေနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး အခုဆိုရင် “A”ဆိုတဲ့ဇာတ်ကားကြီးကို ရိုက်ကူးလျက်ရှိနေပါပြီ။ ဧငြိမ်းဖြူက အရင်ခေတ်က အသံဇာတ်လမ်းတွေကိုလည်း ပြန်လည်ရိုက်ကူးသရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။

ဘဝမှာ လိုချင်သမျှအရာအားလုံး ပြည့်စုံနေတဲ့ ဧငြိမ်းဖြူမှာ သိပ်ချစ်ရတဲ့ ချစ်သူကောင်လေးကလည်း ရှိပြန်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးဟာ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်ကို ကူးပြောင်းလာသူတွေဖြစ်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ကြသူတွေပါ။ သူတို့စုံတွဲလေးက ပြတ်စဲလမ်းခွဲပြီဆိုတဲ့ အသံတွေမကြာခဏ ထွက်လာခဲ့ပေမယ့် အခုထိ လက်တွဲတွေခိုင်မြဲနေဆဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ချစ်ကြသလို မထင်မှတ်ထားတဲ့ surprise လေးတွေလည်း အပြန်အလှန်လုပ်ပေးပြီး သာယာတဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားသူတွေလည်းဖြစ်ပါတယ်။

မကြာသေးမီက ဧငြိမ်းဖြူက သူမရဲ့ လူမှုကွန်ယက်မှာ ရဲရင့်အောင် ကြွေသွားလောက်တဲ့ စာလေးရေးတင်လိုက်ပြန်ပါတယ်။ အဲဒီစာလေးကတော့ သူများအတွဲတွေကို အားကျပြီး ကိုယ့်ချစ်သူကို နားပူနားဆာမလုပ်ပါနဲ့လို့ပြောထားတာပါ။ တကယ်ချစ်တဲ့သူဆိုရင် ကိုယ့်ချစ်သူအတွက် မလုပ်ပေးချင်တာ ဘာရှိမှာလဲလို့လည်း ပြောထားပါသေးတယ်။ ဧငြိမ်းဖြူက ရုပ်ဝတ္တုလက်ဆောင်ပစ္စည်းတွေထက် အချစ်ကသာ အရေးအကြီးဆုံးဆိုတာ သိနားလည်ပုံပါပဲ။ ဧလေးက သူမရဲ့ လူမှုကွန်ယက်မှာ “သူများအတွဲတွေကို ကြည့်ပြီး အားကျလိုက်တာဆိုပြီး ကိုယ့်ချစ်သူကို နားပူနာဆာသိပ်မလုပ်ပါနဲ့ တကယ်ချစ်တဲ့သူဆိုရင် ကိုယ်ချစ်တဲ့သူအတွက်
မလုပ်ပေးချင်တာ ဘာရှိမှာလဲနော် တစ်ချို့အခြေအနေလေးတွေကြောင့် သူတို့မပြည့်စုံတဲ့အခါ.. သူတို့ရင်ထဲပိုပြီးစိတ်မကောင်းဖြစ်ရပါလိမ့်မယ်..” လို့ရေးထားတာပါ။ ဒီစာလေးကို ရဲရင့်အောင်သာဖတ်မိရင်တော့ လိမ်မာတဲ့ ချစ်သူလေးကို ပိုချစ်သွားမှာအသေအချာပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဧငြိမ်းဖြူကို ချစ်ကြလား။ ဧငြိမ်းဖြူရဲ့ “A” ဇာတ်ကားကြီးကို စောင့်မျှော်နေကြပြီလား။ ဧရဲ့ နောက်ထပ်အနုပညာအလုပ်တွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။