မိတ် ကပ် အနုပညာရှင်တစ်ယောက် အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုခံယူခဲ့ပြီး ကျားကျားကြိုက်ကြိုက်ဆိုတဲ့ ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင်စွမ်းရည်တွေကိုပါ ပြသထားပြီး ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံ သိမ်းပိုက်သွားနိုင်တဲ့ မိတ်ကပ် လင်းလင်း ကိုတော့ အားလုံး ချစ်ကြပြီးသားဖြစ်မှာပါ။

သူ က အင်တာဗျူုးတစ်ခုမှာ အစ္စဏီရဲ့ အမှုနဲ့ ပတ်သက်ပြီး သူရဲ့ အမြင်လေးတွေကိုပြောပြသွားတာ ရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။ မိတ်ကပ်လင်းလင်းက အစ္စဏီ အမှုနဲ့ ပတ်သက်ပြီး “ အဲ့ဒါတော့ ကိုယ်လည်း မသိဘူးလေ ဘယ်လိုပြောမလဲ အနုပညာသမားအချင်းချင်း ဒီလိုမျိုးဖြစ်တဲ့အခါကျတော့လည်း စိတ်မကောင်းဘူးပေါ့နော် ။

နော က်ပိုင်းတော့လည်း ပြောချင်ပါတယ်လို့ မိန်းကလေးတွေမကြိုက်နဲ့ပေါ့နော် သမီးတို့လို မိန်းမရှာတွေကိုပဲ လာကြိုက်ပါလို့ (ရယ်လျက်)”ပြောပြသွားပါတယ်။ ပြစ်ဒဏ်စီရင်ပုံနဲ့ ပတ်သက်ပြီးမေးတဲ့ မေးခွန်းတွေကိုတော့ လည်း “ ကျမက Law နဲ့ မပြီးထားတော့ မသိဘူးရှင့် Law နဲ့ပြီးထားတဲ့ သူတွေကို သွားမေးကြည့်ပါ့လား ။ မသိဘူး အစ်မ သမီးကိုလေ အကျပ် ချောင်ပိတ်ပြီးမေးနေသလိုပဲနော် ဘယ်မှ ပြေးလို့မရဘူးကွယ် ။ နည်းနည်းတော့ အပြစ်ပေးပြီးသွားရင် ။

ဘာပုဒ်မတွေနဲ့ စွဲလည်း မသိဘူးပေါ့နော် အပြစ်အရမ်းကြီး မကြီးရင်လည်းထိုက်သင့်တဲ့ဟာလေးပဲပေးပြီးတော့ ပြန်လွှတ်စေချင်ပါတယ်။ မိန်းကလေးဘက်က ကိုယ်ချင်းမစာတာတော့ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီလောက်ဆိုရင်တော့ သူလည်းနောင်တ တော်တော်ရနေပြီလို့ ထင်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လေ ကိုယ်ချင်းလည်းစာပါတယ်။ အဓိက လင်းကကျတော့ အမေမရှိဘူးလေ အခုဆိုလည်း အမေများနေ့က နီးလာပြီဆိုတော့ အမေတစ်ယောက်နေရာမှာ ကိုယ်က ဝင်ပြီးတော့ ခံစားကြည့်လိုက်ရင် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

ဆက်လက်ပြီးတော့အစ္စဏီအပေါ်မှာထားတဲ့ သူရဲ့ သဘောထားကိုလည်း “ သူကောင်းတာလုပ်ထားတယ်ဆိုတော့လည်း သူ့ရဲ့ အပြစ်ကို ပြန်ပြီးတော့ သူခံရတယ်လို့ပဲ ပြောရမှာပေါ့ ဆုံးဖြတ်ချက်မှန်လား မှားလားဆိုတာက လင်းတို့ထက် တော်တဲ့ တတ်တဲ့ ပညာတတ်တဲ့သူတွေ ဥပဒေအကြောင်းကို နားလည်းတဲ့သူတွေက ပြစ်မှုချထားတာဆိုတော့ လင်းတို့က ဘာမှပြောပိုင်ခွင့်လည်းမရှိဘူး ဝေဖန်ပိုင်ခွင့်လည်း မရှိဘူးလေ ဒါကတော့ သူရဲ့ အထုံပါလာလို့ လို့ထင်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပါစေ လို့ဆုတောင်းပါတယ်” ဆိုပြီးပြောပြသွားပါတယ်။