ပီး ခဲ့တဲ့နှစ်အနည်းငယ်အတွင်းဆီးရီးယားနဲ့ခရိုင်းမီးယားက ရုရှစစ်စခန်းတွေအနီးမှာအမေရေိက​ထောက်လှမ်းရေးလေယဉ်တွေ အကြိမ်များစွာပျံဝဲနေခဲ့တာ​ထောက်လှမ်းတွေ့ရှိထားပါတယ် ဆီးရီးယားက Hmeymi​လေတပ်စခန်းမှာတပ်ဖြန့်ထားတဲ့ရုရှ S-400 စနစ်အသုံးပြုတဲ့လည်ပတ်မှုကြိမ်န န်းoperating frequencies တွေကို ဆီးရီယားပိုင်နက်အနီးပျံဝဲနေတဲ့အမေရိကန် US P-8သူလျှိုလေယာဉ်တွေကကြားဖြတ်နိုင်အောင်စီမံကိုင်တွယ်နိုင်ခဲ့တယ်လို့ရုရှ NGO အရာရှိနဲ့အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးဟောင်းဖြစ်သူယူရီဆိုင်ယက်နစ်ကိုကိုးကားပြီး ရုရှ Free News​ဖော်ပြပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့သူလျှိုလေယာဉ်တွေကနေရရထားတဲ့အချက်အလက်တွေကိုဝှက်စာဖော်ဖို့ပဲလိုအပ်နေပြီးကြိုးစားနေမှာမလွဲဘူးလို့လည်း၎င်း​ပြောပါတယ်ခုဆိုရင်အမေရိကန်တွေဟာ ဆီးရီးယားမှာတပ်ဖြန့်ထားတဲ့ S-400 စနစ်ရဲ့ကုဒ်တွေ​ဖော်ထုတ်ဖို့ပဲ လိုနေတယ် ဒါကြောင့်ပိုင်နက်နားရစ်ဝဲနေတဲ့ကန်လေယာဉ်တွေကို မောင်းထုတ်ရတာပဲဒါဟာပြုမြဲလည်းဖြစ်တယ်ကန်လေယာဉ်တွေအနေနဲ့ကျုပ်တို့ရဲ့ S-400 စနစ်ကိုစမ်းသပ်နေတာ ဖြစ်တ​ထောက်လှမ်းနေတာ ဖြစ်တယ်လို့၎င်း​ပြောပါတယ်။

ရုရှ S-400 မှာ အသုံးပြုတဲ့ကုဒ်ကိုသာအမေရိက​ဖော်နိုင်ခဲ့ရင်ဒီ စနစ်ရဲ့စစ်ဆင်ရေးစွမ်းရည်ကအရှုပ်အထွေးတွေဖြစ်တော့မှာ ဖြစ်ကြောင်းဆိုင်ယက်နစ်​ပြောပါတ​ရေဒါဖမ်းယူမှုတွေကိုနှောင့်ယှက်နိုင်မှာဖြစ်ပြီ​လေယာဉ်တွေ​ထောက်လှမ်းနိုင်စွမ်းမဲ့သွားအောင် လုပ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် S-400 စနစ်အားလုံးဟာတူညီတဲ့လည်ပတ်မှုကြိမ်နှုန်း သုံးထားတာလားဆိုတာကတေ​သေချာရှင်းလင်းမသိရပါ ဆီးရီးယားမှာ S-400 စနစ်ကို ၂၀၁၅ က စတင်တပ်ဖြန့်ချထားတာပါအကြမ်းဖက်သမားတွေအသုံးပြုတိုက်ခိုက်တတ်တဲ့ ဒရုန်းအုပ်စုလို့နာမည်ပေးထား​ဝေဟင်ခြိမ်းခြောက်မှုတွေကိုဆီးရီးယားနိုင်ငံအတွင်းရုရှရဲ့Hmeymim လေတပ်စခန်းကနေထိန်းချုပ်တန်ပြန်နေတာ ဖြစ်ပါတယ်

တစ်ချိန်တည်းမှာပဲ X band frequencies ကို အခြေခံတဲ့ S-400 နဲ့ ရေဒါအမျိုးအစား ကွဲပြားတဲ့ S-500 လေရန်ကာစနစ်ကို ရုရှနိုင်ငံကတည်ဆောက်ထားပါတယ် S-500 စနစ်ကိုရုရှစစ်တပ်မှာ ၂၀၂၀ အတွင်း တပ်တော်သွင်းဖို့ရှိနေပါတယ်။

Rf; Sputnik
Crd;xyznews