
မအော်ပါနဲ့


လက်မပါနဲ့




စိတ်ကောက်ပါစေ


ရစ်ပါစေ


မငိုစေနဲ့


ပူဆာပါစေ



Unicode

ချစ် သူကောင်မလေးကို တကယ်ချစ်မှအောက်ကစာတွေ ဆက်ဖတ်ပါ

မအော်ပါနဲ့

ခံစားလွယ်တာမိန်းကလေးတွေပါ ချစ်သူတွေဆိုရင်ပိုတောင်ခံစားလွယ်တယ် ဘာအကြောင်းရှိရှိ မအော်ပါနဲ့ စကားနဲ့ပဲပြောပါ သူတို့ပဲအော်ပါစေ

လက်မပါနဲ့

မိဘတွေကတောင် မရိုက်ရက်တဲ့နုနယ်တဲ့မိန်းကလေးပါ ရိုက်ဖို့နေနေသာသာ အော်တာတောင်လွန်လှပီ သူ့မိဘထက် မင်းကပိုကောင်းအောင်ထားနိုင်ရင်တောင် လက်ပါဖို့အခွင့်အရေးမရှိဖူး ( ခုတလောမိန်းကလေးတွေကပဲလက်ပါနေသလိုပဲ )

အလိုလိုက်ပါ. အလျှော့ပေးပါ. သည်းခံပါ

သူမကိုအလျှော့ပေးတာက ဘယ်လောက်ချစ်လဲဆိုတာ အလုပ်နဲ့သက်သေပြတဲ့သဘောပါပဲ ချစ်သူဘဝမှာတောင်အလျှော့မပေးနိုင်ရင် လက်ထပ်ပီးရင်ဘယ်လိုလုပ်မလဲ? ငါ့ချစ်သူက ငါ့ကိုဘယ်လောက်အလျှော့ပေးတယ် ဘယ်လောက်ချစ်တယ်ဆိုပီး သူငယ်ချင်းတွေကိုကြွားချင်တာလည်းမိန်းကလေးတွေပါပဲ သူမကိုကြွားခွင့်ရအောင် လုပ်ပေးလိုက်ပါ

စိတ်ကောက်ပါစေ

သူမစိတ်ကောက်တယ်ဆိုတာ မင်းသူမအပေါ် ချစ်တာသိလို့ပါ အပြင်ပန်းကစိတ်ဆိုးချင်ယောင်ဆောင်နေပေမယ့် စိတ်ထဲက မင်းချော့တာလေးတွေကိုကြည်နူးနေတာပါ။

ရစ်ပါစေ

သူမရစ်တာ မင်းကို စိတ်ပူလို့တစ်ဝက်ပါတယ်ဆိုတာ သိထားပါ သူမရစ်တာလေးတောင်သည်းမခံနိုင်ရင်ဘယ်လိုအာမခံချက်နဲ့မင်းကိုလက်ထပ်နိုင်မှာလဲ ချစ်လို့ရစ်တယ် တွေးပေးလိုက်ပါ ( မိန်းကလေးကလည်းသိပ်မရစ်နဲ့ပေါ့ စိတ်ညစ်ပင်ပန်းနေတုန်းသွားရစ်ရင် လူသတ်မှုတွေဖြစ်ကုန်မယ် )

မငိုစေနဲ့

ချစ်သူထားတာ တစ်ဘဝလုံးပျော်ရွှင်ရဖို့ပါ သူမကို ပျော်အောင်မထားနိုင်သေးရင်တောင် ဘာအကြောင်းကြောင်းနဲ့မှ မငိုပါစေနဲ့

ပူဆာပါစေ

သူမ ပူဆာတယ်ဆိုတာ သူမအပေါ် မင်းအလိုလိုက်မှန်းသိလို့ နွဲ့ဆိုးဆိုးတာပါ တတ်နိုင်သလောက်လိုက်လုပ်ပေးပါ မိန်းကလေးကလည်း ကိုယ့်ကောင်လေးမတတ်နိုင်တာတွေသိပ်မပူဆာနဲ့ပေါ့ ချစ်တာနဲ့ ရယူတာတခြားစီပါ.မတော်တဆမင်းနဲ့ကွဲသွားခဲ့ရင် သူမရဲ့အိမ်ထောင်ရေးမှာ မင်းရယူခဲ့တာကအမည်းစက်ဖြစ်သွားမှာပဲ..မြတ်နိုးတန်ဖိုးထားပါ။

အဲ့ဒါလေးတွေ လိုက်လုပ်နိုင်ရင်ကို တော်တော်ပြည့်စုံနေပါပီ