ဟို တေလာက ညီတေယာက္လို ခင္မင္ရတဲ့ သူငယ္ခ်င္းတေယာက္ဆီ ကိစၥေလးရွိလို႔ သြားျဖစ္တယ္။ခ်ိန္းထားတဲ့ အခ်ိန္နည္းနည္း ကပ္သြားလို႔နဲ႔ တူပါရဲ႕။သူတို႔အိမ္မွာ ေရာက္ႏွင့္ေနတဲ့ ဧည့္သည္ေတြလည္း မျပန္ၾကေသးဘူး။ကိုယ္နဲ႔လည္း မ်က္မွန္းတန္းၿပီးသားေတြမလို႔ သူတို႔ကလည္း ေခၚတာနဲ႔ ေထြရာေလးပါး ေျပာျဖစ္ၾကတယ္။ အဲဒီမွာ ဧည့္သည္အတြက္ ခ်ေပးထားတဲ့ ပန္းကိတ္ကို က်ေနာ့္ သူငယ္ခ်င္းရဲ႕သား လမ္းေလွ်ာက္တတ္ခါစ အရြယ္ေကာင္က မ်က္စိက်ေနတာကို က်ေနာ္ သတိထားမိတယ္

အဲဒါနဲ႔ က်ေနာ္က ေဟ့ေကာင္ လာလာ လို႔ ေခၚၿပီး ေပါင္ေပၚထိုင္ခိုင္း၊ မင္းနာမည္ ဘယ္သူ ဘယ္ႏွႏွစ္ ေလွ်ာက္ေမးရင္း မုန္႔ေခၚေကြ်းေတာ့ ဒီေကာင္ အေတာ္ေပ်ာ္ေနပုံရတယ္။ ေနာက္တခု စားမလား ဆိုေတာ့ ေခါင္းညိတ္တယ္။အဲဒါနဲ႔ တခုထပ္ေပးၿပီး ေနာက္ထပ္ စားခ်င္ရင္ ထပ္လာယူ သိလား ဆိုေတာ့ ဒီေကာင့္ မ်က္ႏွာ ဝင္းကနဲ ျဖစ္သြားတယ္။

သူ႔အေဖနဲ႔အေမလုပ္သူက ရွက္တယ္နဲ႔ တူပါရဲ႕။ဒီေကာင္ကြာ ဒီေလာက္ ေကြ်းထားၿပီးသားကို လူေရွ႕သူေရွ႕ လုပ္ျပန္ၿပီ ဘာညာနဲ႔ ညည္းတြားေနတာၾကားရတယ္။က်ေနာ္ ဘာမွ မေျပာပါဘူး။ ၿပံဳးေနလိုက္တယ္။တျခားဧည့္သည္ေတြ ျပန္သြားေတာ့မွ ညီလိုညီမလို ျဖစ္ေနတဲ့ သူတို႔ႏွစ္ေယာက္လံုးကို လွမ္းေခၚလိုက္ၿပီး ေျပာစရာ ရွိတာ ေျပာတယ္။

ၿပီးေတာ့ မင္းတို႔ကြာ အေတာ္အတၱႀကီးတဲ့ ေကာင္ေတြ ဆိုေတာ့ လင္မယား ႏွစ္ေယာက္စလံုး နည္းနည္း မ်က္ႏွာပ်က္သြားတယ္။ဒီမယ္ ကေလးေတြကို လူရာသြင္းရတယ္ကြ။လူရာမသြင္းရင္ ေခြးရာဝင္သြားတတ္တယ္။ဆရာေအာင္သင္းစကား မၾကားဖူးေရာ႔ သလား။

ငါေမးမယ္။ မင္းသား ဗိုက္ဆာတယ္ ေျပာရင္ ခုနကပဲ ေကြ်းထားထား အိမ္မွာ ဘယ္သူမွ မရွိရင္ သူစားခ်င္တာ ခ်င့္ခ်ိန္ေကြ်းတယ္မလား ဆိုေတာ့ သူက ေခါင္းညိတ္တယ္။ေအး မွတ္ထား ။ ကေလး ဆိုတာ သူမ်ားစားရင္ စားခ်င္တာကြ။ အဲဒါ သူတို႔ သဘာဝ။လူ႔သဘာဝလို႔လည္း ေျပာလို႔ရတယ္။ မင္းတို႔ လူႀကီးေတြေတာင္ လက္ဆုံစားရင္ ထမင္းၿမိန္တယ္ ဘာညာ လုပ္ၾကေသးတယ္မလား။ ဒါပဲေပါ့ကြာ။

အဲဒီလို သူစားခ်င္တာ ေကြ်းေနက်ျဖစ္ေပမယ့္ ခုနက်ေတာ့ မင္းတို႔ မေကြ်းခ်င္ဘူး။ ရွက္သလို ျဖစ္တယ္။ ကေလးကို မာန္မဲတယ္။အဲဒါ ဘာလို႔လဲ ဆိုေတာ့ ငါတို႔ သားသမီးကို ဝေအာင္ မေကြ်းႏိုင္ဘူးလို႔ သူမ်ားေတြ ထင္ျမင္သြားေတာ့မယ္။တကယ္ မေကြ်းႏိုင္ရိုး မွန္ရင္အရွက္ရစရာလို႔ ယူဆတယ္။ ေကြ်းႏိုင္ရက္နဲ႔ အထင္ခံရရင္ စီးပြားေရး မေျပလည္ဘူးလို႔ သူမ်ားေတြ အထင္မွားေတာ့မယ္

အဲဒီလို သူမ်ားေတြ ကိုယ့္အေပၚ ဘယ္လိုထင္သြားမယ္ ဆိုၿပီး ေတြးေၾကာက္တဲ့စိတ္က ကေလးရဲ႕ သူမ်ားစားရင္ စားခ်င္တဲ့ သဘာဝနဲ႔ သြားၿပီး ပဋိပကၡျဖစ္တာေဟ့။ မင္းတို႔ မာန၊ အတၱ၊ ပုံရိပ္ကို ဒီေကာင္က သြားထိခုိက္သလိုျဖစ္တာ၊အဲဒီမွာ မင္းတို႔ မခံမရပ္ႏိုင္ျဖစ္ၾကတာ။ ျပႆနာက ကေလး မဟုတ္ဘူး။ လူႀကီးေတြကြ။ငါတို႔လည္း ငယ္ရာက ျကီးတာေလကြာ ငါက လူကဲခတ္နပ္လို ့ သိပ္မခံရေပမယ့္ ငါ့ဝမ္းကဲြေတြ ခဏခဏ အရိုက္ခံထိျကတယ္။

အဲဒီအေၾကာင္း ငါ့ကိုယ္ေတြ႔ေလး ျပန္ေျပာျပမယ္ နားေထာင္။ ငါ ငယ္ငယ္က အေမ့ရဲ႕ အစ္မဝမ္းကြဲ အႀကီးဆံုးက တပ္ထဲက အရာခံဗိုလ္နဲ႔ အေၾကာင္းပါၿပီး တပ္ထဲ လိုက္ေနရတယ္။အေမနဲ႔က အသက္ခ်င္း သားအမိေလာက္ ကြာတယ္။သူ႔ေယာက္်ား အရာခံဗုိလ္ကလည္း ငါနဲ႔ငါ့အေမ အလည္လာရင္ သူ႔ဆိုင္ကယ္ႀကီးနဲ႔ အိမ္ျပန္ျပန္လိုက္ပို႔တာ။ငါတို႔ကို အေတာ္ခ်စ္ရွာတယ္။

အဲဒီမွာ သူတို႔အိမ္ေဘးက လိုင္းခန္းမွာ အၾကပ္၊ တပ္သားေတြလည္း ေနတာေပါ့ကြာ။ အဲဒီထဲမယ္ ကပ္ရက္ႏွစ္အိမ္ေထာင္က တအိမ္နဲ႔တအိမ္ သိပ္မတည့္ၾကဘူး။ ေစာင္းလားေျမာင္းလာလုပ္လို႔ တပ္ရင္းမွဴးကေတာင္ ေခၚသတိေပးရသတဲ့။တအိမ္က ကေလးမ်ားတယ္။ တအိမ္က ကေလးနည္းတယ္။ ကေလးနည္းတဲ့ အိမ္မွာ သားတေယာက္၊ သမီးတေယာက္ပဲ ရွိတယ္။အဲဒီ သမီးေလး နာမည္က ဝိုင္းစိန္ ထင္ပါရဲ႕။ မ်က္ႏွာဝိုင္းဝိုင္း ပါးေဖာင္းေဖာင္းနဲ႔ ငါ့ထက္ ၅ ႏွစ္ ၆ ႏွစ္ႀကီးမွာေပါ့။

ကေလးမ်ားတဲ့ အိမ္ကေတာ့ သားသမီး ၆ ေယာက္ ၇ ေယာက္ရွိေတာ့ လစာကို ၿခိဳးၿခံေခြ်တာ သံုးရတယ္။တခုခု စားခ်င္ရင္ ဝယ္မစားပဲ အိမ္မွာ လုပ္စားၿပီး အကုန္အက်နည္းနည္းနဲ႔ လူမ်ားမ်ား စားရေအာင္ လုပ္ေလ့ရွိတယ္။တေန႔သားမယ္ ဟိုဘက္အိမ္က မုန္႔ဟင္းခါး လုပ္စားတာကို အနံ႔ကလည္းမႊးေနေတာ့ ကေလးသဘာဝ ဝိုင္းစိန္ေလးက သူမ်ားစားတာ သြားေငးမိတယ္ ထင္ပါရဲ႕။အဲဒါ အေမလုပ္သူက ရွက္လွခ်ည္ရဲ႕ ဆိုၿပီး ကေလးကို ဆံပင္ဆြဲ ပါးေတြ နားေတြ ဖိနပ္နဲ႔ ရိုက္တာ။ဘယ္သူကမွလည္း ဝင္မဆြဲၾကဘူး။တပ္သားေတြ၊ အၾကပ္ေတြ၊ အရာရွိေတြကလည္း ပီတီလုပ္ေနတယ္နဲ႔ တူပါရဲ႕။

ကေလးမကုိ သူ႔အေမက ပယ္ပယ္နယ္နယ္ တြယ္ၿပီး ေဈးကို ထြက္သြားတယ္။ ၿပီးေတာ့ မုန္႔ဖတ္ ၃ ပိႆာေလာက္ ဝယ္လာၿပီး ဟင္းရည္နဲ႔ ခ်ေကြ်းတယ္။ညည္း ဒီေလာက္ ငတ္တာ။ ငါ့ကို အရွက္ခြဲတာ မကုန္မခ်င္း စားစမ္း။ မကုန္ရင္ အေသပဲ ဆိုၿပီး ရိုက္ႏွက္ေကြ်းတာ။

ကေလးမက ငိုရင္းနဲ႔ စားရွာတယ္။ မစားႏိုင္ရင္ ရိုက္တယ္။ ဘယ္လိုမွ ဆက္မစားႏိုင္ေတာ့တဲ့အခါ အေမရိုက္တာကို ေပေတၿပီး က်ိတ္မွိတ္ခံေနရတာေပါ့။အဲဒီတုန္း အေဖလုပ္သူက ေမာေမာပန္းပန္းနဲ႔ ျပန္လာပါေလေရာ။ အဲဒါ အေမက အက်ိဳးအေၾကာင္းေျပာၿပီး ငိုတိုင္တယ္။ အဲဒီေတာ့ အေဖလုပ္သူက ဘာမွ မစဥ္းစား မဆင္ျခင္းပဲ သမီးကို စစ္ဖိနပ္နဲ႔ လွိမ့္ကန္တယ္။

မုန္႔ဖတ္ပိႆာနဲ႔ခ်ီၿပီး ရိုက္ေကြ်းထားတဲ့ ကေလးမဟာ အဲဒီေနရာမွာပဲ အစာအိမ္ကြဲၿပီး ေသရွာတယ္ေလ။မရႈႏိုင္ မကယ္ႏိုင္ျဖစ္ၿပီး ေသြးေတြ အန္ေတာ့မွ အမေလး အဘေလး ေအာ္ၿပီး သမီးေလးနဲ႔ ေခၚေတာ့ ဆံုးခါနီး ေနာက္ဆုံးအခ်ိန္မွာ အေမနဲ႔ အေဖအေပၚ အင္မတန္ စိတ္ကုန္၊ စက္ဆုပ္သြားတဲ့ အၾကည့္နဲ႔ ၾကည့္ရင္း သူတို႔မရွိတဲ့ဘက္ကို မ်က္ႏွာမူၿပီး ဆံုးသြားသတဲ့။

ကဲ စဥ္းစားၾကည့္စမ္း။ လူမႈဆက္ဆံေရးထဲက အမုန္းတရားေတြ၊မနာလိုဝန္တိုျခင္းေတြ၊ မလိုမုန္းထားျခင္းေတြ၊ အတၱမာန္မာနေတြ ဆင္ျခင္တုံတရားကင္းမဲ့ျခင္း ငါတေကာေကာျခင္းေတြဟာ ဘယ္ေလာက္ေတာင္ ေၾကာက္စရာ ေကာင္းလိုက္သလဲ။

အဲဒီလို ေျပာေတာ့သေကာင့္သား လင္မယားႏွစ္ေယာက္ မ်က္ရည္စမ္းစမ္းနဲ႔ သား ဆုိၿပီး ကေလးကို ေျပးဖက္ရွာတယ္။ ဟုိေကာင္က ဘာသိမွာတုန္းခုနပဲ မ်က္ေစာင္းထိုးခံထားရၿပီး အခု အဖက္ခံရေတာ့ ေၾကာင္စီစီေလး ၾကည့္လို႔ေပါ့။လုပ္ငန္းကိစၥၿပီးလို႔ အိမ္ျပန္လာရင္း တေယာက္တည္း ေျပာမိတယ္။ ခြင့္လႊတ္ပါ မဝိုင္းစိန္။ က်ေနာ္တို႔ လူ႔အဖြဲ႔အစည္းအေနနဲ႔ လူႀကီးေတြရဲ႕ အတၱအတြက္ ကေလးေတြ စေတးရတာကို မသိက်ိဳးကြ်ံျပဳခဲ့ၾကတယ္။

အိမ္တြင္းအၾကမ္းဖက္မႈေတြမွာ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြ ငယ္သံပါေအာင္ ငိုယို ေအာ္ဟစ္ေနေပမယ့္ ငါနဲ႔မဆိုင္ဘူးဆိုၿပီး မ်က္ႏွာလႊဲထားခဲ့ၾကတယ္။အတၱေတြကို အေရာင္တင္ရာမွာ ကေလးငယ္ေတြရဲ႕ ျဖဴစင္ျခင္းေတြ ခ်နင္းခံခဲ့ရတယ္။ဒီလိုအျဖစ္ဆိုးေတြ နည္းနိုင္သမွ်နည္းေစဖို ့ခင္ဗ်ားေလးအေျကာင္း ျပန္ေျပာျပမိတယ္ စိတ္မရွိနဲ ့ေနာ္။ အဲဒီမတရားမႈေတြအတြက္ အားလံုး ကိုယ္စားက်ေနာ္ ေတာင္းပန္ပါရေစ။ေက်ပါေနာ္ မဝိုင္းစိန္။

ကိုယ္ေတြ႔အမွတ္တရမ်ား ၂ (မူရင္းေရးသားသူသို႔ ေလးစားမွုျဖင့္ ခရက္ဒစ္)

Unicode

ဟို တလောက ညီတယောက်လို ခင်မင်ရတဲ့ သူငယ်ချင်းတယောက်ဆီ ကိစ္စလေးရှိလို့ သွားဖြစ်တယ်။ချိန်းထားတဲ့ အချိန်နည်းနည်း ကပ်သွားလို့နဲ့ တူပါရဲ့။သူတို့အိမ်မှာ ရောက်နှင့်နေတဲ့ ဧည့်သည်တွေလည်း မပြန်ကြသေးဘူး။ကိုယ်နဲ့လည်း မျက်မှန်းတန်းပြီးသားတွေမလို့ သူတို့ကလည်း ခေါ်တာနဲ့ ထွေရာလေးပါး ပြောဖြစ်ကြတယ်။ အဲဒီမှာ ဧည့်သည်အတွက် ချပေးထားတဲ့ ပန်းကိတ်ကို ကျနော့် သူငယ်ချင်းရဲ့သား လမ်းလျှောက်တတ်ခါစ အရွယ်ကောင်က မျက်စိကျနေတာကို ကျနော် သတိထားမိတယ်

အဲဒါနဲ့ ကျနော်က ဟေ့ကောင် လာလာ လို့ ခေါ်ပြီး ပေါင်ပေါ်ထိုင်ခိုင်း၊ မင်းနာမည် ဘယ်သူ ဘယ်နှနှစ် လျှောက်မေးရင်း မုန့်ခေါ်ကျွေးတော့ ဒီကောင် အတော်ပျော်နေပုံရတယ်။ နောက်တခု စားမလား ဆိုတော့ ခေါင်းညိတ်တယ်။အဲဒါနဲ့ တခုထပ်ပေးပြီး နောက်ထပ် စားချင်ရင် ထပ်လာယူ သိလား ဆိုတော့ ဒီကောင့် မျက်နှာ ဝင်းကနဲ ဖြစ်သွားတယ်။

သူ့အဖေနဲ့အမေလုပ်သူက ရှက်တယ်နဲ့ တူပါရဲ့။ဒီကောင်ကွာ ဒီလောက် ကျွေးထားပြီးသားကို လူရှေ့သူရှေ့ လုပ်ပြန်ပြီ ဘာညာနဲ့ ညည်းတွားနေတာကြားရတယ်။ကျနော် ဘာမှ မပြောပါဘူး။ ပြုံးနေလိုက်တယ်။တခြားဧည့်သည်တွေ ပြန်သွားတော့မှ ညီလိုညီမလို ဖြစ်နေတဲ့ သူတို့နှစ်ယောက်လုံးကို လှမ်းခေါ်လိုက်ပြီး ပြောစရာ ရှိတာ ပြောတယ်။

ပြီးတော့ မင်းတို့ကွာ အတော်အတ္တကြီးတဲ့ ကောင်တွေ ဆိုတော့ လင်မယား နှစ်ယောက်စလုံး နည်းနည်း မျက်နှာပျက်သွားတယ်။ဒီမယ် ကလေးတွေကို လူရာသွင်းရတယ်ကွ။လူရာမသွင်းရင် ခွေးရာဝင်သွားတတ်တယ်။ဆရာအောင်သင်းစကား မကြားဖူးရော့ သလား။

ငါမေးမယ်။ မင်းသား ဗိုက်ဆာတယ် ပြောရင် ခုနကပဲ ကျွေးထားထား အိမ်မှာ ဘယ်သူမှ မရှိရင် သူစားချင်တာ ချင့်ချိန်ကျွေးတယ်မလား ဆိုတော့ သူက ခေါင်းညိတ်တယ်။အေး မှတ်ထား ။ ကလေး ဆိုတာ သူများစားရင် စားချင်တာကွ။ အဲဒါ သူတို့ သဘာဝ။လူ့သဘာဝလို့လည်း ပြောလို့ရတယ်။ မင်းတို့ လူကြီးတွေတောင် လက်ဆုံစားရင် ထမင်းမြိန်တယ် ဘာညာ လုပ်ကြသေးတယ်မလား။ ဒါပဲပေါ့ကွာ။

အဲဒီလို သူစားချင်တာ ကျွေးနေကျဖြစ်ပေမယ့် ခုနကျတော့ မင်းတို့ မကျွေးချင်ဘူး။ ရှက်သလို ဖြစ်တယ်။ ကလေးကို မာန်မဲတယ်။အဲဒါ ဘာလို့လဲ ဆိုတော့ ငါတို့ သားသမီးကို ဝအောင် မကျွေးနိုင်ဘူးလို့ သူများတွေ ထင်မြင်သွားတော့မယ်။တကယ် မကျွေးနိုင်ရိုး မှန်ရင်အရှက်ရစရာလို့ ယူဆတယ်။ ကျွေးနိုင်ရက်နဲ့ အထင်ခံရရင် စီးပွားရေး မပြေလည်ဘူးလို့ သူများတွေ အထင်မှားတော့မယ်

အဲဒီလို သူများတွေ ကိုယ့်အပေါ် ဘယ်လိုထင်သွားမယ် ဆိုပြီး တွေးကြောက်တဲ့စိတ်က ကလေးရဲ့ သူများစားရင် စားချင်တဲ့ သဘာဝနဲ့ သွားပြီး ပဋိပက္ခဖြစ်တာဟေ့။ မင်းတို့ မာန၊ အတ္တ၊ ပုံရိပ်ကို ဒီကောင်က သွားထိခိုက်သလိုဖြစ်တာ၊အဲဒီမှာ မင်းတို့ မခံမရပ်နိုင်ဖြစ်ကြတာ။ ပြဿနာက ကလေး မဟုတ်ဘူး။ လူကြီးတွေကွ။ငါတို့လည်း ငယ်ရာက ကြီးတာလေကွာ ငါက လူကဲခတ်နပ်လို ့ သိပ်မခံရပေမယ့် ငါ့ဝမ်းကွဲတွေ ခဏခဏ အရိုက်ခံထိကြတယ်။

အဲဒီအကြောင်း ငါ့ကိုယ်တွေ့လေး ပြန်ပြောပြမယ် နားထောင်။ ငါ ငယ်ငယ်က အမေ့ရဲ့ အစ်မဝမ်းကွဲ အကြီးဆုံးက တပ်ထဲက အရာခံဗိုလ်နဲ့ အကြောင်းပါပြီး တပ်ထဲ လိုက်နေရတယ်။အမေနဲ့က အသက်ချင်း သားအမိလောက် ကွာတယ်။သူ့ယောက်ျား အရာခံဗိုလ်ကလည်း ငါနဲ့ငါ့အမေ အလည်လာရင် သူ့ဆိုင်ကယ်ကြီးနဲ့ အိမ်ပြန်ပြန်လိုက်ပို့တာ။ငါတို့ကို အတော်ချစ်ရှာတယ်။

အဲဒီမှာ သူတို့အိမ်ဘေးက လိုင်းခန်းမှာ အကြပ်၊ တပ်သားတွေလည်း နေတာပေါ့ကွာ။ အဲဒီထဲမယ် ကပ်ရက်နှစ်အိမ်ထောင်က တအိမ်နဲ့တအိမ် သိပ်မတည့်ကြဘူး။ စောင်းလားမြောင်းလာလုပ်လို့ တပ်ရင်းမှူးကတောင် ခေါ်သတိပေးရသတဲ့။တအိမ်က ကလေးများတယ်။ တအိမ်က ကလေးနည်းတယ်။ ကလေးနည်းတဲ့ အိမ်မှာ သားတယောက်၊ သမီးတယောက်ပဲ ရှိတယ်။အဲဒီ သမီးလေး နာမည်က ဝိုင်းစိန် ထင်ပါရဲ့။ မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်းနဲ့ ငါ့ထက် ၅ နှစ် ၆ နှစ်ကြီးမှာပေါ့။

ကလေးများတဲ့ အိမ်ကတော့ သားသမီး ၆ ယောက် ၇ ယောက်ရှိတော့ လစာကို ခြိုးခြံချွေတာ သုံးရတယ်။တခုခု စားချင်ရင် ဝယ်မစားပဲ အိမ်မှာ လုပ်စားပြီး အကုန်အကျနည်းနည်းနဲ့ လူများများ စားရအောင် လုပ်လေ့ရှိတယ်။တနေ့သားမယ် ဟိုဘက်အိမ်က မုန့်ဟင်းခါး လုပ်စားတာကို အနံ့ကလည်းမွှးနေတော့ ကလေးသဘာဝ ဝိုင်းစိန်လေးက သူများစားတာ သွားငေးမိတယ် ထင်ပါရဲ့။အဲဒါ အမေလုပ်သူက ရှက်လှချည်ရဲ့ ဆိုပြီး ကလေးကို ဆံပင်ဆွဲ ပါးတွေ နားတွေ ဖိနပ်နဲ့ ရိုက်တာ။ဘယ်သူကမှလည်း ဝင်မဆွဲကြဘူး။တပ်သားတွေ၊ အကြပ်တွေ၊ အရာရှိတွေကလည်း ပီတီလုပ်နေတယ်နဲ့ တူပါရဲ့။

ကလေးမကို သူ့အမေက ပယ်ပယ်နယ်နယ် တွယ်ပြီး ဈေးကို ထွက်သွားတယ်။ ပြီးတော့ မုန့်ဖတ် ၃ ပိဿာလောက် ဝယ်လာပြီး ဟင်းရည်နဲ့ ချကျွေးတယ်။ညည်း ဒီလောက် ငတ်တာ။ ငါ့ကို အရှက်ခွဲတာ မကုန်မချင်း စားစမ်း။ မကုန်ရင် အသေပဲ ဆိုပြီး ရိုက်နှက်ကျွေးတာ။

ကလေးမက ငိုရင်းနဲ့ စားရှာတယ်။ မစားနိုင်ရင် ရိုက်တယ်။ ဘယ်လိုမှ ဆက်မစားနိုင်တော့တဲ့အခါ အမေရိုက်တာကို ပေတေပြီး ကျိတ်မှိတ်ခံနေရတာပေါ့။အဲဒီတုန်း အဖေလုပ်သူက မောမောပန်းပန်းနဲ့ ပြန်လာပါလေရော။ အဲဒါ အမေက အကျိုးအကြောင်းပြောပြီး ငိုတိုင်တယ်။ အဲဒီတော့ အဖေလုပ်သူက ဘာမှ မစဉ်းစား မဆင်ခြင်းပဲ သမီးကို စစ်ဖိနပ်နဲ့ လှိမ့်ကန်တယ်။

မုန့်ဖတ်ပိဿာနဲ့ချီပြီး ရိုက်ကျွေးထားတဲ့ ကလေးမဟာ အဲဒီနေရာမှာပဲ အစာအိမ်ကွဲပြီး သေရှာတယ်လေ။မရှုနိုင် မကယ်နိုင်ဖြစ်ပြီး သွေးတွေ အန်တော့မှ အမလေး အဘလေး အော်ပြီး သမီးလေးနဲ့ ခေါ်တော့ ဆုံးခါနီး နောက်ဆုံးအချိန်မှာ အမေနဲ့ အဖေအပေါ် အင်မတန် စိတ်ကုန်၊ စက်ဆုပ်သွားတဲ့ အကြည့်နဲ့ ကြည့်ရင်း သူတို့မရှိတဲ့ဘက်ကို မျက်နှာမူပြီး ဆုံးသွားသတဲ့။

ကဲ စဉ်းစားကြည့်စမ်း။ လူမှုဆက်ဆံရေးထဲက အမုန်းတရားတွေ၊မနာလိုဝန်တိုခြင်းတွေ၊ မလိုမုန်းထားခြင်းတွေ၊ အတ္တမာန်မာနတွေ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ငါတကောကောခြင်းတွေဟာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

အဲဒီလို ပြောတော့သကောင့်သား လင်မယားနှစ်ယောက် မျက်ရည်စမ်းစမ်းနဲ့ သား ဆိုပြီး ကလေးကို ပြေးဖက်ရှာတယ်။ ဟိုကောင်က ဘာသိမှာတုန်းခုနပဲ မျက်စောင်းထိုးခံထားရပြီး အခု အဖက်ခံရတော့ ကြောင်စီစီလေး ကြည့်လို့ပေါ့။လုပ်ငန်းကိစ္စပြီးလို့ အိမ်ပြန်လာရင်း တယောက်တည်း ပြောမိတယ်။ ခွင့်လွှတ်ပါ မဝိုင်းစိန်။ ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လူကြီးတွေရဲ့ အတ္တအတွက် ကလေးတွေ စတေးရတာကို မသိကျိုးကျွံပြုခဲ့ကြတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ ငယ်သံပါအောင် ငိုယို အော်ဟစ်နေပေမယ့် ငါနဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲထားခဲ့ကြတယ်။အတ္တတွေကို အရောင်တင်ရာမှာ ကလေးငယ်တွေရဲ့ ဖြူစင်ခြင်းတွေ ချနင်းခံခဲ့ရတယ်။ဒီလိုအဖြစ်ဆိုးတွေ နည်းနိုင်သမျှနည်းစေဖို ့ခင်ဗျားလေးအကြောင်း ပြန်ပြောပြမိတယ် စိတ်မရှိနဲ ့နော်။ အဲဒီမတရားမှုတွေအတွက် အားလုံး ကိုယ်စားကျနော် တောင်းပန်ပါရစေ။ကျေပါနော် မဝိုင်းစိန်။

ကိုယ်တွေ့အမှတ်တရများ ၂ (မူရင်းရေးသားသူသို့ လေးစားမှုဖြင့် ခရက်ဒစ်)