၁။ တိရစၧာန္ေလးေတြ အေၾကာင္းမဲ့ မာန္ဖီျခင္း

သင့္ေခြးက အခန္းတစ္ခန္းကိုပဲ အေၾကာင္းမဲ့ ထိုးေဟာင္းေနသလား ။ အိမ္ေမြး တိရစၧာန္ေလးေတြက အေၾကာင္းမဲ့ မာန္ဖီျခင္းေတြနဲ႔ ထူးျခားတဲ့ အျပဳအမူေတြ ျပဳလုပ္လာၿပီဆိုရင္ သူတို႔က သင္မျမင္နိုင္တဲ့ အရာ တစ္ခုခုကို ျမင္ေနၿပီဆိုတဲ့ အဓိပၸာယ္ပါပဲ ။

၂။ ေနရာ တစ္ေနရာတည္းမွာပဲ ကြက္ၿပီး ေအးစိမ့္ေနျခင္း

႐ုတ္တရက္ႀကီး ခ်မ္းစိမ့္သြားတာမ်ိဳး ဆိုရင္ အနီးအနားမွာ သရဲတေစၧ ရွိေနလို႔ ျဖစ္နိုင္ပါတယ္ ။

၃။ ဆူညံသံမ်ား

တံခါးေခါက္သံ ၊ ကုတ္ျခစ္သံ ၊ တဒုန္းဒုန္း ထုသံေတြ ၾကားေနရၿပီး လုပ္တဲ့သူကို ရွာမေတြ႕ဘူး ၊ ဒါမွမဟုတ္ အိမ္ထဲမွာ တျခားသူမရွိဘဲ ဒီလိုအသံေတြ ၾကားရရင္လည္းသရဲတေစၧျဖစ္နိုင္ပါတယ္။

၄။ ပစၥည္းေတြ ေပ်ာက္သြားၿပီး မေမၽွာ္လင့္ဘဲ ျပန္ျပန္ေပၚလာျခင္း

ပစၥည္းေတြကို ကိုယ္ထားတဲ့ေနရာမွာ ျပန္ရွာမေတြ႕ဘဲ ေနာက္မွ တျခား တစ္ေနရာရာမွာ ျပန္ရွာေတြ႕ၿပီဆိုရင္ေတာ့ တစ္ဦးတစ္ေယာက္က ယူသြားတာျဖစ္နိုင္ပါတယ္ ။ သင့္အိမ္မွာ အဲဒီလို ယူမယ့္သူ မရွိဘူး ဆိုရင္ေတာ့ အေျဖက ရွင္းေနပါၿပီ ။

၅။ တစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ ခံစားရျခင္း

အထူးသျဖင့္ အိမ္ရဲ့ ေနရာတစ္ေနရာကို ေရာက္တိုင္း တစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ ခံစားရရင္ေပါ့ ။

၆။ လူမရွိဘဲ တံခါးေတြ ပိတ္သြားျခင္း

ဒီလိုအျဖစ္မ်ိဳးကို ကိုယ္တိုင္ျမင္ေတြ႕ရတာ ရွားပါတယ္ ။ ဒါေပမဲ့ တံခါးပိတ္သံၾကားရၿပီး သြားၾကည့္လိုက္ေတာ့ ဖြင့္ထားခဲ့တဲ့တံခါးက သူ႔အလိုလို ပိတ္သြားတာမ်ိဳးကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား ၾကဳံေတြ႕ဖူးတယ္ လို႔ ဆိုပါတယ္ ။

၇။ မီးေတြ အလိုလို ဖြင့္ပိတ္ျခင္း

တံခါးေတြျဖစ္သလိုမ်ိဳးပါပဲ ။ သင့္ေရွ႕မွာ ဖြင့္ပိတ္သြားတာမ်ိဳးေတာ့ မျဖစ္ပါဘူး ။ ဒါေပမဲ့ မီးကို ဖြင့္ထားခဲ့ေပမဲ့ ျပန္ဝင္လာေတာ့ မီးကပိတ္ေနတာမ်ိဳး ျဖစ္တာပါ ။ အဲဒီလိုပဲ တီဗြီတို႔ ၊ ေရဒီယိုတို႔လည္း ျဖစ္တတ္ပါတယ္ ။

၈။ ၾကမ္းျပင္ ၊ နံရံနဲ႔ ပရိေဘာဂပစၥည္းေတြမွာ အစြန္းအထင္းေတြ ေတြ႕ျခင္း

ဘယ္ကဘယ္လို ေရာက္လာမွန္းမသိဘဲ ေတြ႕ရတဲ့ အမွတ္အသား ၊ ေျခရာ ၊ လက္ရာနဲ႔ လက္ေရးလို ေဆးကြက္ေတြကို သရဲေျခာက္တဲ့ အိမ္ေတြမွာ ျမင္ေတြ႕ရတတ္ပါတယ္ ။

၉။ ထူးဆန္းတဲ့ အရိပ္ေတြ

သရဲရွိတဲ့အိမ္ေတြမွာ သင့္ရဲ့မ်က္လုံးေထာင္ကေန အမည္းေရာင္အရိပ္ကို ရိပ္ခနဲေတြ႕တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္ ။

၁၀။ ကေလးငယ္ေတြက လူမရွိဘဲ စကားေျပာျခင္း

ကေလးေေတြက လူမရွိဘဲနဲ႔ တစ္ေယာက္ေယာက္ ရွိေနသေယာင္ စကားေျပာေနၿပီဆိုရင္ သူတို႔ဟာ ဝိဉာဥ္ေတြနဲ႔ စကားေျပာတာ ျဖစ္နိုင္ပါတယ္ ။

၁၁။ တီးတိုးသံ

မသဲမကြဲအသံေတြ ဒါမွမဟုတ္ ဂီတသံေတြ ၾကားရတယ္ဆိုရင္ သင့္အိမ္ထဲကို ဝိဉာဥ္ေတြဝင္လာၿပီး သင္နဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားတာ ျဖစ္နိုင္ပါတယ္ ။

၁၂။ ကိုယ့္အသားကို ထိကိုင္တယ္လို႔ ခံစားရျခင္းတခ်ိဳ႕ဆိုရင္ ဆြဲစိတ္သလိုေတာင္ ခံစားရတယ္လို႔ ဆိုပါတယ္ ။ ဒါေပမဲ့ ဒီလိုျဖစ္ရပ္မ်ိဳးျဖစ္တာ ရွားပါးပါတယ္ ။

Unicode

၁။ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း

သင့်ခွေးက အခန်းတစ်ခန်းကိုပဲ အကြောင်းမဲ့ ထိုးဟောင်းနေသလား ။ အိမ်မွေး တိရစ္ဆာန်လေးတွေက အကြောင်းမဲ့ မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အရာ တစ်ခုခုကို မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ ။

၂။ နေရာ တစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း

ရုတ်တရက်ကြီး ချမ်းစိမ့်သွားတာမျိုး ဆိုရင် အနီးအနားမှာ သရဲတစ္ဆေ ရှိနေလို့ ဖြစ်နိုင်ပါတယ် ။

၃။ ဆူညံသံများ

တံခါးခေါက်သံ ၊ ကုတ်ခြစ်သံ ၊ တဒုန်းဒုန်း ထုသံတွေ ကြားနေရပြီး လုပ်တဲ့သူကို ရှာမတွေ့ဘူး ၊ ဒါမှမဟုတ် အိမ်ထဲမှာ တခြားသူမရှိဘဲ ဒီလိုအသံတွေ ကြားရရင်လည်းသရဲတစ္ဆေဖြစ်နိုင်ပါတယ်။

၄။ ပစ္စည်းတွေ ပျောက်သွားပြီး မမျှော်လင့်ဘဲ ပြန်ပြန်ပေါ်လာခြင်း

ပစ္စည်းတွေကို ကိုယ်ထားတဲ့နေရာမှာ ပြန်ရှာမတွေ့ဘဲ နောက်မှ တခြား တစ်နေရာရာမှာ ပြန်ရှာတွေ့ပြီဆိုရင်တော့ တစ်ဦးတစ်ယောက်က ယူသွားတာဖြစ်နိုင်ပါတယ် ။ သင့်အိမ်မှာ အဲဒီလို ယူမယ့်သူ မရှိဘူး ဆိုရင်တော့ အဖြေက ရှင်းနေပါပြီ ။

၅။ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရခြင်း

အထူးသဖြင့် အိမ်ရဲ့ နေရာတစ်နေရာကို ရောက်တိုင်း တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရရင်ပေါ့ ။

၆။ လူမရှိဘဲ တံခါးတွေ ပိတ်သွားခြင်း

ဒီလိုအဖြစ်မျိုးကို ကိုယ်တိုင်မြင်တွေ့ရတာ ရှားပါတယ် ။ ဒါပေမဲ့ တံခါးပိတ်သံကြားရပြီး သွားကြည့်လိုက်တော့ ဖွင့်ထားခဲ့တဲ့တံခါးက သူ့အလိုလို ပိတ်သွားတာမျိုးကိုတော့ လူတော်တော်များများ ကြုံတွေ့ဖူးတယ် လို့ ဆိုပါတယ် ။

၇။ မီးတွေ အလိုလို ဖွင့်ပိတ်ခြင်း

တံခါးတွေဖြစ်သလိုမျိုးပါပဲ ။ သင့်ရှေ့မှာ ဖွင့်ပိတ်သွားတာမျိုးတော့ မဖြစ်ပါဘူး ။ ဒါပေမဲ့ မီးကို ဖွင့်ထားခဲ့ပေမဲ့ ပြန်ဝင်လာတော့ မီးကပိတ်နေတာမျိုး ဖြစ်တာပါ ။ အဲဒီလိုပဲ တီဗွီတို့ ၊ ရေဒီယိုတို့လည်း ဖြစ်တတ်ပါတယ် ။

၈။ ကြမ်းပြင် ၊ နံရံနဲ့ ပရိဘောဂပစ္စည်းတွေမှာ အစွန်းအထင်းတွေ တွေ့ခြင်း

ဘယ်ကဘယ်လို ရောက်လာမှန်းမသိဘဲ တွေ့ရတဲ့ အမှတ်အသား ၊ ခြေရာ ၊ လက်ရာနဲ့ လက်ရေးလို ဆေးကွက်တွေကို သရဲခြောက်တဲ့ အိမ်တွေမှာ မြင်တွေ့ရတတ်ပါတယ် ။

၉။ ထူးဆန်းတဲ့ အရိပ်တွေ

သရဲရှိတဲ့အိမ်တွေမှာ သင့်ရဲ့မျက်လုံးထောင်ကနေ အမည်းရောင်အရိပ်ကို ရိပ်ခနဲတွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ် ။

၁၀။ ကလေးငယ်တွေက လူမရှိဘဲ စကားပြောခြင်း

ကလေးေတွေက လူမရှိဘဲနဲ့ တစ်ယောက်ယောက် ရှိနေသယောင် စကားပြောနေပြီဆိုရင် သူတို့ဟာ ဝိဉာဉ်တွေနဲ့ စကားပြောတာ ဖြစ်နိုင်ပါတယ် ။

၁၁။ တီးတိုးသံ

မသဲမကွဲအသံတွေ ဒါမှမဟုတ် ဂီတသံတွေ ကြားရတယ်ဆိုရင် သင့်အိမ်ထဲကို ဝိဉာဉ်တွေဝင်လာပြီး သင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ် ။

၁၂။ ကိုယ့်အသားကို ထိကိုင်တယ်လို့ ခံစားရခြင်းတချို့ဆိုရင် ဆွဲစိတ်သလိုတောင် ခံစားရတယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ရှားပါးပါတယ် ။