မင်း သားကြီးကျော်သူကအနုပညာလောကမှာလျှမ်းလျှမ်းတောက် အောင်မြင်ရုံသာမကသူ့ရဲ့ပရဟိတစိတ်ဓာတ်ကြောင့်လည်း လူချစ်လူခ​ပေါများသူတစ်ဦး ဖြစ်ပါတ​ကျော်သူကနာရေးကူညီမှုအသင်း (ရန်ကုန်) ကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကိုစွမ်းစွမ်းတမံလုပ်ကိုင်နေတာ ဖြစ်ပါတယ်​ကျော်သူက ဒီနေ့အမေများနေ့မှာသားအမိသုံးယောက်ရဲ့ရုပ်အလောင်းကို ဂူသွင်းပေးခဲ့ရကြောင်း အခုလို ပြောပြလာပါတယ်။

မလေးရှားနိုင်ငံတွင် ၁-၁-၂၀၂၀ ရက်နေ့ကဘုရားကျောင်းသို့လာရန်အတွက် ဘတ်စ် ကားစောင့်နေသည့်ချင်းတိုင်းရင်းသူ မိခင်ဖြစ်သူ မကျိန်ရှမ်းဟွှဲ(၃၂)နှစ်နှင့်သားဖြစ်​မောင်ထန်ရှမ်းစံ(၄)နှစ်သားငယ်လေး မောင်သောင်ထန်းလျှံ(၂)နှစ်တို့(၃)ဦးအား ကားကြီးတစ်စီးမှဝင်တိုက်ခဲ့ရာ”

သုံးဦးစလုံးကွယ်လွန်သွားသောကြောင့်ကာယကံရှင်မိသားစုဝင်များဆွေမျိုးများမှ ရန်ကုန်သို့သယ်ဆောင်ကာခရစ်ယန်သုသန်တွင်ဂူသွင်းရန်ဆန္ဒရှိသောကြောင့်ယမန်နေ့​လေယာဉ်ဖြင့်သယ်ဆောင်လာကာ မြောက်ဥက္ကလာဆေးရုံသို့ ကျော်သူ|ထွန်းကိုကို|ထူးအောင်တို့သုံးဦးမှ နိဗ္ဗာန်ယာဉ်သုံးစီးဖြင့်ပို့ဆောင်ခဲ့ပြီး”

ယနေ့(အမေများနေ့)နေ့လည်(၁:၀၀) နာရီအချိန်တွင်​မြောက်ဥက္ကလာဆေးရုံမှ ရေဝေးသုသ၁န်ရှိခရစ်ယန်သုသ၁န်သို့ပို့ဆောင် ဂူသွင်းမှုကိုပြုလုပ်ခဲ့ပါသည်။

အမေများနေ့အမှတ်တရအဖြစ်မိခင်နှင့်သားငယ်နှစ်ဦး၏နာရေးကိစ္စကို ကုသိုလ်ပြုဖြစ်သကဲ့သို့ကျန်ရစ်သူခင်ပွန်း ဆွေမျိုးသားချင်းများနှင့်ထပ်တူထပ်မျှကျွန်တော်တို့နာကူ(ရန်ကုန်)မှခံစားမိပါတော့သည်ဆိုပြီး ဝမ်းနည်းစွ​ပြောပြထားပါတယ်။

ကွယ်လွန်သွားတဲ့သားအမိသုံးယောက်အတွက်ကတော့စိတ်မကောင်းစရာပါပဲသားအမိသုံးယောက်စလုံးခရစ်တော်မှ​အေးချမ်းစွာအနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

မိုမိုလေး