အခုရက္ပိုင္းမွာ ပရိသတ္ေတြ ခ်စ္ရတဲ့ ျပည္သူခ်စ္အႏုပညာရွင္ နွစ္ေယာက္ရဲ႕ သတင္းကေတာ့ တကယ့္ကို စိတ္မခ်မ္းေျမ႕စရာပါပဲ ။ ေမသန္းႏုရဲ႕ ျပစ္ဒဏ္က်ၿပီးတဲ့ သတင္းေတြ သိရိွရၿပီးတဲ့ ရက္ပိုင္းအတြင္းမွာပဲ ကာလရွည္ၾကာစြာ တရားရင္ဆိုင္ေနရတဲ့ အဆိုေတာ္ အစၥဏီရဲ႕ အမႈကလည္း အၿပီးသတ္အမိန္႔ခ်မွတ္ လိုက္ပါတယ္။ အဲ့ဒီလို အမိန္႔ခ်မွတ္လိုက္ ျခင္းအေပၚမွာေတာ့ ပရိသတ္ေတြ ၾကားထဲမွာ အျမင္ေတြ အမ်ိဳးမ်ိဳးကြဲျပား ေနၾကပါတယ္။

ဘာျဖစ္လို႔ လဲဆိုေတာ့ ဒီအမႈဟာ အစၥဏီဘက္ကေန တရားဝင္ေတာင္းပန္ရ ေက်ေအးေပးမယ္လို႔ စူးရွထက္က ေျပာၾကားခဲ့တာကိုလည္း ပရိသတ္ေတြ သိၾကၿပီးသားျဖစ္မွာပါ ။ ဒါေပမယ့္ အခုလို ျပစ္ဒဏ္ခ်မွတ္ လိုက္ရခ်င္းကလည္း စူးရွထက္ရဲ႕ အမႈေက်ေအးလႊာက မျပည့္စံုလို႔ ျဖစ္တယ္ဆိုတာကိုလည္း သတင္းဌာနတခ်ိဳ႕ရဲ႕ သတင္းေတြေတြမွာ မိတ္ေဆြတို႔ ေတြ႔ျမင္ၿပီးသားျဖစ္မွာပါ ။ ဒါေပမယ့္ စူးရွထက္ကေတာ့ သူ႔ကို ဆက္သြယ္ေမးျမန္းလာမယ့္ သတင္းဌာနေတြကို ေတာင္းပန္ထားတဲ့ စာေလးကို သူ႔ရဲ႕ Facebook အေကာင့္မွာ တင္ထားခဲ့ပါတယ္။

အဲ့ဒီစာေလးကေတာ့ “စူးရွကိုခ်စ္တဲ့သတင္းသမားမ်ားရွင္ စူးရွအမႈ႕ကိစၥနဲ႔ ပတ္သက္ၿပီး လူသိရွင္ၾကားတရား႐ုံးမွာ က်ေအးေပးခဲ့တာ ၾကာပါၿပီ ေနာက္ပိုင္းျဖစ္ပ်က္သမွ်ကို တစ္စုံတစ္ခုမွ မသိပါ စူးရွကို အမႈ႕ကိစၥေမးျမန္းစုံစမ္းျခင္းမျပဳရန္ႏွင့္ စူးရွဓါတ္ပုံမ်ား သတင္း၌ ယူငင္မသုံးဆြဲက်ရန္ အႏူးၫြတ္ေတာင္းပန္အပ္ပါတယ္”ဆိုၿပီး ေျပာျပထားတာကို ေတြ႔ရပါတယ္။ အစၥဏီရဲ႕ ပရိသတ္အခ်ိဳ႕ကေတာ့ စိတ္မေကာင္းျဖစ္ေနၾကမွာ ေသခ်ာပါတယ္။ စူးရွထက္ကေတာ့ ေလာေလာဆယ္မွာ မီဒီယာေတြန့ဲ အမႈကိစၥအေၾကာင္း မေျပာခ်င္သလို အမႈရဲ႕ ေနာက္ပိုင္းကိစၥေတြကိုလည္း သူလံုးဝ မသိေၾကာင္း ေျပာဆိုထားတဲ့အေၾကာင္းေလး ကို သူ ရဲ႕ Facebook ကေနၿပီၤး ဖြင့္ဟခဲ့ပါတယ္။ အဆိုပါ ကိစၥေပၚမွာ ထားတဲ့ အျမင္ေလးေတြကိုလည္း ျပန္လည္ ေဝမွ်ေပးသြားၾကပါဦးေနာ္ ။

အမႈကိစၥနဲ႔ ပတ္သက္လာၿပီး ေျပာျပလာတဲ့ စူးရွထက္

Unicode

အခုရက်ပိုင်းမှာ ပရိသတ်တွေ ချစ်ရတဲ့ ပြည်သူချစ်အနုပညာရှင် နှစ်ယောက်ရဲ့ သတင်းကတော့ တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ ။ မေသန်းနုရဲ့ ပြစ်ဒဏ်ကျပြီးတဲ့ သတင်းတွေ သိရှိရပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ ကာလရှည်ကြာစွာ တရားရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကလည်း အပြီးသတ်အမိန့်ချမှတ် လိုက်ပါတယ်။ အဲ့ဒီလို အမိန့်ချမှတ်လိုက် ခြင်းအပေါ်မှာတော့ ပရိသတ်တွေ ကြားထဲမှာ အမြင်တွေ အမျိုးမျိုးကွဲပြား နေကြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ အစ္စဏီဘက်ကနေ တရားဝင်တောင်းပန်ရ ကျေအေးပေးမယ်လို့ စူးရှထက်က ပြောကြားခဲ့တာကိုလည်း ပရိသတ်တွေ သိကြပြီးသားဖြစ်မှာပါ ။ ဒါပေမယ့် အခုလို ပြစ်ဒဏ်ချမှတ် လိုက်ရချင်းကလည်း စူးရှထက်ရဲ့ အမှုကျေအေးလွှာက မပြည့်စုံလို့ ဖြစ်တယ်ဆိုတာကိုလည်း သတင်းဌာနတချို့ရဲ့ သတင်းတွေတွေမှာ မိတ်ဆွေတို့ တွေ့မြင်ပြီးသားဖြစ်မှာပါ ။ ဒါပေမယ့် စူးရှထက်ကတော့ သူ့ကို ဆက်သွယ်မေးမြန်းလာမယ့် သတင်းဌာနတွေကို တောင်းပန်ထားတဲ့ စာလေးကို သူ့ရဲ့ Facebook အကောင့်မှာ တင်ထားခဲ့ပါတယ်။

အဲ့ဒီစာလေးကတော့ “စူးရှကိုချစ်တဲ့သတင်းသမားများရှင် စူးရှအမှု့ကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြားတရားရုံးမှာ ကျအေးပေးခဲ့တာ ကြာပါပြီ နောက်ပိုင်းဖြစ်ပျက်သမျှကို တစ်စုံတစ်ခုမှ မသိပါ စူးရှကို အမှု့ကိစ္စမေးမြန်းစုံစမ်းခြင်းမပြုရန်နှင့် စူးရှဓါတ်ပုံများ သတင်း၌ ယူငင်မသုံးဆွဲကျရန် အနူးညွတ်တောင်းပန်အပ်ပါတယ်”ဆိုပြီး ပြောပြထားတာကို တွေ့ရပါတယ်။ အစ္စဏီရဲ့ ပရိသတ်အချို့ကတော့ စိတ်မကောင်းဖြစ်နေကြမှာ သေချာပါတယ်။ စူးရှထက်ကတော့ လောလောဆယ်မှာ မီဒီယာတွေနဲ့ အမှုကိစ္စအကြောင်း မပြောချင်သလို အမှုရဲ့ နောက်ပိုင်းကိစ္စတွေကိုလည်း သူလုံးဝ မသိကြောင်း ပြောဆိုထားတဲ့အကြောင်းလေး ကို သူ ရဲ့ Facebook ကနေပြီၤး ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ ကိစ္စပေါ်မှာ ထားတဲ့ အမြင်လေးတွေကိုလည်း ပြန်လည် ဝေမျှပေးသွားကြပါဦးနော် ။