ပ ရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ၁၀၀၀ တန်ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပိုက်ဆံတွေ ပရိသတ်ကြီးတို့လက်ထဲအရောက် စတင်ထုတ်ဝေခဲ့ပါပြီနော်…ဗိုလ်ချုပ်ပုံပါ ပိုက်ဆံကို လိုချင်လွန်းလို့ တန်းစီငွေလဲခဲ့ကြသူတွေလည်း မနည်းမနောပါပဲ….တန်ဖိုးထားကြတယ်လို့ ဆိုကြမှာပါ….

ခု လို ဗိုလ်ချုပ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို နောက်ထပ် သက်သေပြနေတဲ့ ဆိုင်လေးတစ်ဆိုင်ရဲ့ လုပ်ရပ်ကလည်း တကယ့်ကို အံ့သြချီးကျူးစရာပါ….အဲတာကတော့ မန္တလေးက စားသောက်ဆိုင်တစ်ဆိုင်က ဗိုလ်ချုပ်ပိုက်ဆံတစ်ရွက်ပါတာနဲ့ ကြိုက်သလောက်စား တစ်ဝက်ပဲ ရှင်းရမယ်ဆိုပြီး ဈေးချပေးတာပါ….

Sky Bar & Restaurant ဆိုတဲ့ စားသောက်ဆိုင်က တကယ့်ကို ချီးကျူးဖွယ်လုပ်ရပ်တစ်ခုကို ခုလိုပြုလုပ်ပေးခဲ့တာပါ….. ဗိုလ်ချုပ်ပိုက်ဆံတစ်ရွက်ပါလာရင် ကြိုက်သလောက်စားခွင့်ရှိပြီး တစ်ဝက်ခပဲ ပေးရှင်းရမှာဖြစ်ပါတယ်…ခုလို Promotion ကာလကတော့ January 8,9,10 (3)ရက်မှာ နေ့လယ် 1 နာရီကနေ ည ၉ နာရီအထိ သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်…

အဲတာကြောင့် ပရိသတ်ကြီးတို့လည်း သွားရောက်သုံးဆောင်မယ်ဆိုရင် ဗိုလ်ချုပ်ပုံပါ ပိုက်ဆံတစ်ရွက်သာ ယူသွားလိုက်ပါ….ကျသင့်ငွေရဲ့ တစ်ဝက်ခကိုပဲ ရှင်းရပါလိမ့်မယ်…ဆိုင်လိပ်စာကတော့ ကမ်းနားလမ်း၊ 22လမ်း နဲ့ 23လမ်းကြား၊ မန္တလေးမြို့ ၊ ဖုန်းနံပါတ် 024064945,4064946 ပဲဖြစ်ပါတယ်…ဒီလိုဆိုင်ပိုင်ရှင်ရဲ့ ဗိုလ်ချုပ်အပေါ်တန်ဖိုးထားလေးစားတဲ့ ပုံလေးကို ပရိသတ်ကြီးတို့ သိရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : လောကပါလခရီးသည်