တီ ဟီရန္၊ ဇန္န၀ါရီ ၉ – လူ ၁၇၆ ဦးေသဆံုးသည့္ ယူကရိန္းေလယာဥ္သည္ ပ်က္က်ခ်ိန္တြင္ ေလဆိပ္သို႔ျပန္လည္ဆင္းသက္ရန္ ႀကိဳးပမ္းခဲ့ၿပီ မီးေလာင္ေနခဲ့သည္ဟု အီရန္နုိင္ငံမွ စံုစမ္းစစ္ေဆးေရးသမားမ်ားက ေျပာသည္။

ဘိုးရင္း 737 အမ်ိဳးအစား ယူကရိန္းခရီးသည္တင္ေလယာဥ္သည္ ေဒသစံေတာ္ခ်ိန္ အဂၤါေန႔ညပိုင္းက အီရန္နုိင္ငံ တီဟီရန္ၿမိဳ႕ နုိင္ငံတကာေလဆိပ္မွ ပ်ံတက္ၿပီး မိနစ္ပိုင္းအတြင္း ပ်က္က်ခဲ့ျခင္းျဖစ္သည္။ ယင္းျဖစ္စဥ္တြင္ ေလယာဥ္အမႈထမ္း ႏွင့္ ခရီးသည္ အားလံုး စုစုေပါင္း ၁၇၆ ဦး စလံုးေသဆံုးခဲ့သည္။ အသက္ရွင္သူ မရွိခဲ့ေပ။

ေလယာဥ္ပ်က္က်ရာတြင္ အီရန္ႏိုင္ငံသား ၈၂ ဦး၊ကေနဒါႏိုင္ငံသား ၆၃ဦး၊ ၿဗိတိန္ႏိုင္ငံသားသုံးဦး၊ ယူကရိန္းႏိုင္ငံသား ၁၁ ဦး၊ဆြီဒင္ႏိုင္ငံသား ၁၀ ဦး၊ အာဖဂနစၥတန္ႏိုင္ငံသားေလးဦးႏွင့္ဂ်ာမန္ႏိုင္ငံသား (၄) ဦးပါဝင္ေၾကာင္းယူကရိန္းသံ႐ုံးကသတင္းထုတ္ျပန္သည္။

ကနဦးစံုစမ္းစစ္ေဆးေတြ႕ရွိခ်က္အရ ေလယာဥ္သည္ ေလဆိပ္ဧရိယာအတြင္းက ထြက္ခြာေနစဥ္ မီးေလာင္ကၽြမ္းေနၿပီး ျပႆနာတစ္စံုတစ္ခုကိုလည္း ႀကံဳေတြ႕ခဲ့ရေၾကာင္း ဆိုထားသည္။

အီရန္ျပည္တြင္းေလေၾကာင္း ဌာန CAOI မွ ေခါင္းေဆာင္ Ali Abedzadeh က ပ်က္က်ေလယာဥ္တြင္ ပထမတြင္ ေလဆိပ္မွ ထြက္ၿပီး အေနာက္ဘက္သို႔ ဦးလွည့္ထားေၾကာင္း၊ ယင္းေနာက္ ျပႆနာႀကံဳခ်ိန္ ေလယာဥ္ဦးေခါင္းကို ညာဘက္သို႔လွည့္ကာ ပ်က္က်ခ်ိန္တြင္ ေလဆိပ္သို႔ ျပန္လာရန္ အေနာက္ဘက္သို႔ ေခါင္းျပန္လွည့္ခဲ့ေၾကာင္း ေျပာသည္။

အစပထမတြင္ အီရန္ဘက္က ေလယာဥ္ပ်ံသန္းမႈမွတ္တမ္းပါ ဘလက္ေဘာက္စ္ (Black Box) ကို ေလယာဥ္ကုမၸဏီ (သို႔) အေမရိကန္ဘက္သို႔ လႊဲေျပာင္းေပးမည္မဟုတ္ေၾကာင္း ေျပာၾကားထားသည္။

ႏိုင္ငံတကာေလေၾကာင္းဥပေဒအရ ယခုေလယာဥ္ပ်က္က်မႈႏွင့္ပတ္သက္၍ အီရန္နို္င္ငံက စံုစမ္းစစ္ေဆးမႈကို ဦးေဆာင္ရမည္ျဖစ္သည္။ သို႔ေသာ္ ထံုးစံအတိုင္းေလယာဥ္ထုတ္လုပ္သည့္ဘက္မွ လူမ်ား စံုစမ္းစစ္ေဆးမႈတြင္ပါ၀င္ခဲ့သည္ဟု သတင္းတြင္ ေဖာ္ျပထားသည္။

ယခုရရွိထားသည့္ ကနဦးစံုစမ္းစစ္ေဆးမႈ ေတြ႕ရွိခ်က္ရလာဒ္မ်ားကို ယူကရိန္းႏွင့္ အေမရိကန္ရွိ ဘုိးရင္းရံုးဌာနခ်ဳပ္မ်ားသို႔ ေပးပို႔ထားေၾကာင္း သိရသည္။

ယခုေလယာဥ္ပ်က္မႈသည္ အေမရိကန္ႏွင့္ အီရန္အၾကား တင္းမာမႈျမွင့္တက္ေနခ်ိန္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ေလယာဥ္ပ်က္မႈႏွင့္ပတ္သက္၍ ယူကရိန္းက ဇန္န၀ါရီ ၉ ရက္ေန႔တြင္ နုိင္ငံအဆင့္ ၀မ္းနည္းဖြယ္ေန႔ျဖစ္ေၾကာင္း ေၾကညာခဲ့သည္

Unicode

တီ ဟီရန်၊ ဇန်နဝါရီ ၉ – လူ ၁၇၆ ဦးသေဆုံးသည့် ယူကရိန်းလေယာဉ်သည် ပျက်ကျချိန်တွင် လေဆိပ်သို့ပြန်လည်ဆင်းသက်ရန် ကြိုးပမ်းခဲ့ပြီ မီးလောင်နေခဲ့သည်ဟု အီရန်နိုင်ငံမှ စုံစမ်းစစ်ဆေးရေးသမားများက ပြောသည်။

ဘိုးရင်း 737 အမျိုးအစား ယူကရိန်းခရီးသည်တင်လေယာဉ်သည် ဒေသစံတော်ချိန် အင်္ဂါနေ့ညပိုင်းက အီရန်နိုင်ငံ တီဟီရန်မြို့ နိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် လေယာဉ်အမှုထမ်း နှင့် ခရီးသည် အားလုံး စုစုပေါင်း ၁၇၆ ဦး စလုံးသေဆုံးခဲ့သည်။ အသက်ရှင်သူ မရှိခဲ့ပေ။

လေယာဉ်ပျက်ကျရာတွင် အီရန်နိုင်ငံသား ၈၂ ဦး၊ကနေဒါနိုင်ငံသား ၆၃ဦး၊ ဗြိတိန်နိုင်ငံသားသုံးဦး၊ ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂနစ္စတန်နိုင်ငံသားလေးဦးနှင့်ဂျာမန်နိုင်ငံသား (၄) ဦးပါဝင်ကြောင်းယူကရိန်းသံရုံးကသတင်းထုတ်ပြန်သည်။

ကနဦးစုံစမ်းစစ်ဆေးတွေ့ရှိချက်အရ လေယာဉ်သည် လေဆိပ်ဧရိယာအတွင်းက ထွက်ခွာနေစဉ် မီးလောင်ကျွမ်းနေပြီး ပြဿနာတစ်စုံတစ်ခုကိုလည်း ကြုံတွေ့ခဲ့ရကြောင်း ဆိုထားသည်။

အီရန်ပြည်တွင်းလေကြောင်း ဌာန CAOI မှ ခေါင်းဆောင် Ali Abedzadeh က ပျက်ကျလေယာဉ်တွင် ပထမတွင် လေဆိပ်မှ ထွက်ပြီး အနောက်ဘက်သို့ ဦးလှည့်ထားကြောင်း၊ ယင်းနောက် ပြဿနာကြုံချိန် လေယာဉ်ဦးခေါင်းကို ညာဘက်သို့လှည့်ကာ ပျက်ကျချိန်တွင် လေဆိပ်သို့ ပြန်လာရန် အနောက်ဘက်သို့ ခေါင်းပြန်လှည့်ခဲ့ကြောင်း ပြောသည်။

အစပထမတွင် အီရန်ဘက်က လေယာဉ်ပျံသန်းမှုမှတ်တမ်းပါ ဘလက်ဘောက်စ် (Black Box) ကို လေယာဉ်ကုမ္ပဏီ (သို့) အမေရိကန်ဘက်သို့ လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတကာလေကြောင်းဥပဒေအရ ယခုလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အီရန်နို်င်ငံက စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရမည်ဖြစ်သည်။ သို့သော် ထုံးစံအတိုင်းလေယာဉ်ထုတ်လုပ်သည့်ဘက်မှ လူများ စုံစမ်းစစ်ဆေးမှုတွင်ပါဝင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုရရှိထားသည့် ကနဦးစုံစမ်းစစ်ဆေးမှု တွေ့ရှိချက်ရလာဒ်များကို ယူကရိန်းနှင့် အမေရိကန်ရှိ ဘိုးရင်းရုံးဌာနချုပ်များသို့ ပေးပို့ထားကြောင်း သိရသည်။

ယခုလေယာဉ်ပျက်မှုသည် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုမြှင့်တက်နေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်မှုနှင့်ပတ်သက်၍ ယူကရိန်းက ဇန်နဝါရီ ၉ ရက်နေ့တွင် နိုင်ငံအဆင့် ဝမ်းနည်းဖွယ်နေ့ဖြစ်ကြောင်း ကြေညာခဲ့သည်