အေ မရိကန္ဘက္က ရန္စမႈမရွိရင္ စစ္ေရးေဆာင္႐ြက္ခ်က္ေတြ ထပ္မံလုပ္ေဆာင္ေတာ့မွာမဟုတ္ဘူးလို႔ ကုလသမဂၢဆိုင္ရာ အီရန္အၿမဲတမ္းကိုယ္စားလွယ္ မာဂ်စ္တက္ ရာဗင္ခ်ီက ၿငိမ္းခ်မ္းေရးစကား ေျပာဆိုလိုက္ပါတယ္။

အေမရိကန္ သမၼတ ေဒၚနယ္ထရန္႔က ယမန္ေန႔ညပိုင္းမွာ သတင္းစာရွင္းလင္းခဲ့ၿပီး ဒီကေန႔မွာ ကုလသမဂၢဆိုင္ရာ အီရန္ အၿမဲတမ္းကိုယ္စားလွယ္က အခုလိုမ်ိဳးတုံ႔ျပန္ခဲ့တာပါ။

“အေမရိကန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ လုပ္ႀကံခံရတဲ့ ဗိုလ္ခ်ဳပ္ဆိုေလမာနီအတြက္ ေဆာင္႐ြက္မႈၿပီးဆုံးသြားပါၿပီ။ အေမရိကန္ႏိုင္ငံအေနနဲ႔ အီရန္ႏိုင္ငံကို စစ္ေရးအရ တိုက္ခိုက္မႈ မရွိဘူးဆိုရင္ အီရန္ႏိုင္ငံကလည္း စစ္ေရး နည္းလမ္းအတိုင္း ျပန္လည္တုံ႔ျပန္မွာမဟုတ္ပါဘူး” ဟု ရာဗင္ခ်ီက ဆိုပါတယ္။

ဘဂၢဒက္ၿမိဳ႕မွာ အေမရိကန္ရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ အီရန္ ဗိုလ္ခ်ဳပ္ဆိုေလမာနီ ေသဆုံးၿပီး အီရန္နဲ႔ အေမရိကန္ၾကား စစ္ေရးတင္းမာမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

Ref – TASS

Unicode

အေ မရိကန်ဘက်က ရန်စမှုမရှိရင် စစ်ရေးဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် မာဂျစ်တက် ရာဗင်ချီက ငြိမ်းချမ်းရေးစကား ပြောဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့ညပိုင်းမှာ သတင်းစာရှင်းလင်းခဲ့ပြီး ဒီကနေ့မှာ ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းကိုယ်စားလှယ်က အခုလိုမျိုးတုံ့ပြန်ခဲ့တာပါ။

“အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လုပ်ကြံခံရတဲ့ ဗိုလ်ချုပ်ဆိုလေမာနီအတွက် ဆောင်ရွက်မှုပြီးဆုံးသွားပါပြီ။ အမေရိကန်နိုင်ငံအနေနဲ့ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်မှု မရှိဘူးဆိုရင် အီရန်နိုင်ငံကလည်း စစ်ရေး နည်းလမ်းအတိုင်း ပြန်လည်တုံ့ပြန်မှာမဟုတ်ပါဘူး” ဟု ရာဗင်ချီက ဆိုပါတယ်။

ဘဂ္ဂဒက်မြို့မှာ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန် ဗိုလ်ချုပ်ဆိုလေမာနီ သေဆုံးပြီး အီရန်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref – TASS